Friday, May 2, 2014

အပူချိန်မြင့်တက်မှုကြောင့် ချောက်မြို့တွင် ၄ ရက်အတွင်း လူ ၁၀ ဦး သေဆုံး


မန်မာပြည်အလယ်ပိုင်းက ချောက်မြို့မှာ အပူချိန်မြင့်တက်တဲ့အတွက် ၄ ရက်အတွင်းမှာ လူ ၁၀ ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံဦးစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။ “အပြင်ချိန်မြင့်တော့ နဂိုမကျန်းမာတဲ့သူတွေ၊ အရက်သောက်တဲ့သူတွေ အဲဒါတွေ သေကြပါတယ်။ အသက် ၄၀ ကျော်တွေနဲ့ ကျန်တာတွေတော့ ၆၀ ကျော်တွေပါ။”ချောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာ ဦးမောင်မောင်ကျော်ကတော့ အပူ ချိန်ကြောင့် ဖြစ်တတ်တာတွေနဲ့ သူကြုံတွေ့တာကို အခုလို ပြောပါတယ်။ “အပူရှပ်တာတော့ ရောက် မလာဘူး။ အပူကြောင့်ဖြစ်တာ ၃ မျိုးတွေရှိတယ်။ အပူကြောင့် ဗိုက်နာတာ၊ ကြွက်သားတွေနာတာ အဲဒါ လည်းသိပ်မတွေ့ဘူး။ အပူကြောင့် နှုံးတာ နည်းနည်းပါးပါးတွေ့တယ်။ နောက် အပူကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာတော့ မတွေ့သေးဘူး။ အများကြီး မတွေ့သေးဘူး။” ချောက်မြို့နယ် ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာစန်းလွင်ကတော့ ဒီတပတ်အတွင်းမှာ အပူချိန်ကြောင့် အဖျားကြီးပြီး သတိလစ်တဲ့ လူနာ ၃ ဦး ရောက်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ချောက်မြို့ ဆေးရုံမှာ အပူ ချိန်ကြောင့် လူနာတွေထားလို့မဆန့်အောင်အထိ ဖြစ်ခဲ့ပြီး အသေအပျောက်လည်း များခဲ့တယ်လို့ သိရပါတယ်။ မိုးလေ၀သပညာရှင်တွေကတော့ မြန်မာနိုင်ငံတ၀န်းမှာ ခရမ်းလွန်ရောင်ခြည် လွန်ကဲမှု အဆင့်ကို ရောက်ရှိနေတာကြောင့် နေပူထဲကို မသွားကြဖို့၊ သွားရင်လည်း နေရောင်ခြည် မထိအောင် လုံလုံခြုံခြုံဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။
DVB TV News

No comments:

Post a Comment