Tuesday, May 27, 2014

နေပြည်တော်အမြန်လမ်း ပြည်ပကုမ္ပဏီများဖြင့် အဆင့်မြှင့်မည်

လမ်းဖွင့်လှစ်ခဲ့သည့် ၂၀၀၉ ခုနှစ် မတ်လမှ ယနေ့အထိ လူပေါင်း ၃၆၀ကျော် သေဆုံးခဲ့သော ရန်ကုန်-မန္တလေး အမြန်လမ်းမှ ရန်ကုန်-နေပြည်တော်လမ်းပိုင်းကို အဆင့်မြှင့်ရန် ပြည်ပကုမ္ပဏီများကို တင်ဒါခေါ်ယူသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ အမြန်လမ်းအင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့်က မဇ္ဈိမကို ပြောသည်။
“လမ်းအသုံးပြုသူတွေ ယုံကြည်လာအောင် အမြန်လမ်းကို နိုင်ငံတကာအဆင့်မီ အဆင့်မြှင့်တင်သွားမယ်။ အခုလောလောဆယ်တော့ လေ့လာမှုတွေလုပ်နေတယ်။ အဆင့်တစ်ခုပြီးတိုင်းအားလုံးကို ချပြသွားမှာပါ ” ဟု ၎င်းက ပြောသည်။
မေလ ၁၃ရက်က ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအပါအ၀င် အစိုးရ၀န်ကြီးဌာန များ စုံညီစွာတက်ရောက်သော ရန်ကုန်-နေပြည်တော် အမြန်လမ်းမတော်တဆမှု လျော့နည်းရေး စီမံချက် အရ အမြန်လမ်း အဆင့်မြှင့်တင်ရေး အစည်းအဝေးအရ ဆုံးဖြတ်ခြင်းဖြစ်သည်။
ထိုအစည်းအဝေးအရ ရန်ကုန်-နေပြည်တော် အမြန်လမ်းဧရိယာကို တိုးချဲ့ရန်၊ မိုင် ၂၀၀ ရှည်လျားသော ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးကို နိုင်ငံတကာအဆင့်မီ ခြောက်လမ်းသွား သို့မဟုတ် ရှစ်လမ်းသွားလမ်းမကြီးအဖြစ်အဆင့် မြှင့်တင်သွားမည် ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်ကလည်း မေလ၁၉ရက်တွင် ရန်ကုန်-နေပြည်တော် အမြန်လမ်းကြံ့ခိုင်မှုကို စစ်ဆေးခဲ့သည်။

Mizzima

1 comment:

  1. အစ်ကိုကြီး၊ ညီလေးအုပ်စုတွေ မရတော့ဘူးပေါ့။ ၀မ်းသာလိုက်တာ။ အစကတည်းက မပေးသင့်တာ။ အခုတော့ ပိုကုန်ပြီ။ လူတွေလဲ အသေသင့်ဘဲ သေရတယ်။ လမ်းကန်ထ၇ိုက် ယူခဲ့သူတွေ တူသောအကျိုးခံစားကြပါစေ။

    ReplyDelete