Tuesday, May 27, 2014

အူရီးဒူးက ကျောင်းများအပါအ၀င် နေရာတစ်ရာခန့် အင်တာနက်အခမဲ့သုံးနိုင်အောင် ဆောင်ရွက်မည်

ဆက်သွယ်ရေးလိုင်စင်ရ အူရီးဒူးအော်ပရေတာက စာသင်ကျောင်းနှင့် အများပြည်သူ အသုံးပြုနိုင်သောနေရာ တစ်ရာခန့်တွင် တစ်နှစ်အတွင်း အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောသည်။

အူရီးဒူးသည် ဆက်သွယ်ရေးလိုင် စင် စတင်လျှောက်ထားစဉ်က မြန်မာနိုင်ငံရှိ စာသင်ကျောင်းများနှင့် နေရာပေါင်း ၅,၀၀၀ ခန့်တွင် အင်တာနက်ရရှိ အသုံးပြု နိုင်ရန် စီစဉ်ပေးသွားမည်ဟု ပြောကြားထား ပြီးနောက် မေ ၂၅ ရက်က ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်း ပွဲတွင် ယင်းသို့ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။
Ross Cormack က“ကျွန်တော်တို့ တင်ဒါလျှောက်စဉ်ကတော့ စာသင်ကျောင်းလို နေရာပေါင်း ၅,၀၀၀ လောက်မှာ အင် တာနက်ရရှိအသုံးပြုနိုင်အောင် အခမဲ့လုပ် ပေးမယ်လို့ ပြောထားပါတယ်။ အခု ၀န် ဆောင်မှုပေးမယ့် တစ်နှစ်အတွင်းမှာတော့ နေရာပေါင်း ၁၀၀ လောက်အထိကို
အင်တာနက်ရရှိအောင်ပြု လုပ် ပေးသွားဖို့ ရည် ရွယ်ထားပါတယ်”ဟု ပြောသည်။
အူရီးဒူးသည် ၂၀၁၄ ခုနှစ် တတိယ သုံးလပတ် (ဇူလိုင်၊ သြဂုတ် ၊ စက်တင်ဘာ) လများအတွင်း မိုဘိုင်း ဆင်းမ်ကတ်များ စတင်ချထားပေးနိုင်မည်ဖြစ်ပြီး ၃ွ မိုဘိုင်း ဆက်သွယ်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ် သည်။ လက်ရှိတွင်လည်း မိုဘိုင်းတာဝါတိုင် ပေါင်း တစ်ရာကျော် တည်ဆောက်ထားပြီး ဖိုက်ဘာကေဘယ် အရှည် ၁၂၀၀ ကီလိုမီ တာကို ဆက်သွယ်ချိတ်ဆက်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် အင်တာနက်ကို ဈေး နှုန်းချိုသာစွာနှင့် လိုင်းအင်အား ပိုမို ကောင်းမွန်လာစေရန် ၀န် ဆောင်မှုပေးပါ က အသုံးပြုသူများအတွက် အဆင်ပြေစေ မည်ဟု ပြည်တွင်းရှိ အိုင်တီပညာရှင်တစ် ဦးဖြစ်သည့် ကိုညီညီက ပြောသည်။

၎င်းက“ကျောင်းနဲ့ လူအများစု နေတဲ့ နေရာတွေမှာ အင်တာနက် အခမဲ့ပေးသုံး တယ်ဆိုပေမယ့် အင်တာ နက်လိုင်းက ကောင်းမွန်အောင်တော့ လုပ်ပေးသင့် တယ်။ နောက်ပြီး ဆက်သွယ်ရေးဝန်ဆောင် မှုပေးတဲ့ ကုမ်္ပဏီတွေအနေနဲ့ အများပြည် သူအသုံးပြုနိုင်အောင် ဈေးနှုန်းသက်သာစွာ နဲ့ အင်တာနက်လိုင်ကောင်း ကောင်း အသုံး ပြုနိုင်အောင် လုပ်ပေးဖို့လိုတယ်”ဟု ၎င်းင်း၏ အမြင်ကို ပြောသည်။

အူရီးဒူး အမှုဆောင်အရာရှိချုပ် Ross Cormack က“၀န်ဆောင်မှုပေးတဲ့အခါ အရင်အင်တာနက်လိုင်း သုံးလို့ မရဘူးဆို တဲ့ နေရာတွေမှာလည်း မိုဘိုင်းအင်တာနက် အသုံးပြုနိုင်တဲ့ 3G ဆက်သွယ်ရေးကွန် ရက်ကို တည်ဆောက်ပေးသွားမှာပါ။ ဆင်းမ်ကတ်ဝယ်ယူတဲ့အခါ 3G ကွန်ရက်ကို အသုံးပြုနိုင်မယ့် ဟန်း ဆက်အမျိုးအစား ကို အသုံးပြုဖို့အတွက်လည်း အကြံဉဏ် ပေးပြီး ရောင်းချတာမျိုးလုပ်ပေးသွားမယ်”ဟု ပြောသည်။
အူရီးဒူးသည် ဆက်သွယ်ရေးဝန်ဆောင်မှုများအပြင် အာရှဒေသအတွင်း အွန်လိုင်း ၀န်ဆောင်မှုများ၊ e-commerce နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကို လုပ်ကိုင်နိုင်ရေး Rocket Internet နှင့် ပူးပေါင်းသွား မည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment