Thursday, May 8, 2014

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကြောင့် သေဆုံးခဲ့သူများအတွက် ရည်စူး၍ သဲပုံစေတီ တည်ဆောက်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုများကြောင့် သေဆုံးခဲ့သူများအတွက် ရည်စူး၍ သဲပုံစေတီ တည်ဆောက်
Thursday, May 8, 2014

 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသွားခဲ့သည့်သူများအတွက် ရည်စူး၍ သဲပုံစေတီတည်ဆောက်ခြင်းကို မေ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင် ၁၁၆ ၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သဲပုံစေတီတည်ဆောက်မှုကို ဖြူး မြို့နယ်၊ နတ်ရေကန် ဆရာတော်ဦးကေဘဏက ကြီးမှူး၍ ဖြူးမြို့နယ်ရှိ နာရေးကူညီမှုအသင်းများ ပူးပေါင်းကာ မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘုန်းကြီးတော့ ခုလိုလုပ်တာ နှစ်ကြိမ်ရှိပြီ။ အရင်တုန်းကတော့ ဖြူးမြို့နယ်ထဲမှာရှိတဲ့ အရှေ့သုဿာန်မှာပဲ ကျွတ်လွတ်ပွဲပြုလုပ်ခဲ့တာ။ ဒီနှစ်တော့ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေများနေတဲ့ အမြန်လမ်းမပေါ်မှာ အမျှပေးဝေချင်တဲ့ စိတ်တွေဖြစ်ပေါ်လာလို့ ခုလိုလုပ်ဖြစ်တာ။ ၁၀ ရက် ညကျရင်တော့ မကျွတ်မလွှတ်သေးသူတွေအတွက် ဒါနပြုပွဲ ပြုလုပ်သွားမယ်”ဟု နတ်ရေကန် ဆရာတော်ဦးကေဘဏက မိန့်ကြားသည်။

ထိုသို့ သဲပုံစေတီတည်ဆောက်ပြီးနောက် မေ ၈ ရက်နှင့် ၉ ရက်တို့တွင် အမြန်လမ်းမကြီးတစ်လျှောက်  အသံချဲ့စက်ယာဉ်ဖြင့် မကျွတ်မလွတ်သေးသူများအားလုံးကို မေ  ၁၀ ရက် ညတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲသို့ လာရောက်ကြရန် လိုက်လံဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“၁၀ ရက် ည ၁၀ နာရီမှာ အမြန်လမ်းမကြီးတစ်လျှောက် မကျွတ်မလွတ်သေးသူတွေအတွက် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲ ပြုလုပ်သွားမယ်။ နောက်နေ့ မနက်ပိုင်းမှာတော့ အမျှဝေမှုတွေ ပြုလုပ်သွားမယ်”ဟု သဲပုံစေတီ တည်ဆောက်ရာ၌ လာရောက်ကူညီသည့် အမျိုးသားတစ်ဦးက ဆိုသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်တိုက်မှု ၂၃ မှုဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၄၀ ဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လတွင် ၄၄ မှု ဖြစ်ပွားခဲ့ပြီး ကိုးဦးသေဆုံးခဲ့ကာ ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ လ(၁ ရက်မှ ၂၂ ရက်အထိ) ယာဉ်တိုက်မှု ၄၈ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦးသေဆုံးခဲ့ကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။   

အမြန်လမ်းမကြီးပေါ်တွင် သဲပုံစေတီ တည်ဆောက်ပြီးနောက် ထီးတင်နေသည်ကို မေ ၇ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)

Eleven Media Group
အမြန်လမ်းမကြီးပေါ်တွင် သဲပုံစေတီ တည်ဆောက်ပြီးနောက် ထီးတင်နေသည်ကို မေ ၇ ရက် ည ၉ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ - အောင်ကျော်ထက်)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်ယာဉ်တိုက်မှုဖြစ်စဉ်များကြောင့် သေဆုံးသွားခဲ့သည့်သူများအ တွက် ရည်စူး၍ သဲပုံစေတီတည်ဆောက်ခြင်းကို မေ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မိုင်တိုင် ၁၁၆ ၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ သဲပုံစေတီတည်ဆောက်မှုကို ဖြူး မြို့နယ်၊ နတ်ရေကန် ဆရာတော်ဦးကေဘဏက ကြီးမှူး၍ ဖြူးမြို့နယ်ရှိ နာရေးကူညီမှုအသင်းများ ပူးပေါင်းကာ မကျွတ်မလွတ်သေးသူများအတွက် ရည်စူးကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဘုန်းကြီးတော့ ခုလိုလုပ်တာ နှစ်ကြိမ်ရှိပြီ။ အရင်တုန်းကတော့ ဖြူးမြို့နယ်ထဲမှာရှိတဲ့ အရှေ့သုဿာန်မှာပဲ ကျွတ်လွတ်ပွဲပြုလုပ်ခဲ့တာ။ ဒီနှစ်တော့ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုတွေများနေတဲ့ အမြန်လမ်းမပေါ်မှာ အမျှပေးဝေချင်တဲ့ စိတ်တွေဖြစ်ပေါ်လာလို့ ခုလိုလုပ်ဖြစ်တာ။ ၁၀ ရက် ညကျရင်တော့ မကျွတ်မလွှတ်သေး သူတွေအတွက် ဒါနပြုပွဲ ပြုလုပ်သွားမယ်”ဟု နတ်ရေကန် ဆရာတော်ဦးကေဘဏက မိန့်ကြားသည်။ ထိုသို့ သဲပုံစေတီတည်ဆောက်ပြီးနောက် မေ ၈ ရက်နှင့် ၉ ရက်တို့တွင် အမြန်လမ်းမကြီးတစ်လျှောက် အသံချဲ့ စက်ယာဉ်ဖြင့် မကျွတ်မလွတ်သေးသူများအားလုံးကို မေ ၁၀ ရက် ညတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပြုအမျှဝေပွဲသို့ လာရောက်ကြရန် လိုက်လံဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ “၁၀ ရက် ည ၁၀ နာရီမှာ အမြန်လမ်းမကြီးတစ်လျှောက် မကျွတ်မလွတ်သေးသူတွေအတွက် အကျွတ်အလွတ် ဒါနပြုအမျှဝေ ပွဲ ပြုလုပ်သွားမယ်။ နောက်နေ့မနက်ပိုင်းမှာတော့ အမျှဝေမှုတွေ ပြုလုပ်သွားမယ်”ဟု သဲပုံစေတီ တည်ဆောက် ရာ၌ လာရောက်ကူညီသည့် အမျိုးသားတစ်ဦးက ဆိုသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် ယာဉ်တိုက်မှု ၂၃ မှုဖြစ်ပွားခဲ့ပြီး ၁၁ ဦးသေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ယာဉ်တိုက်မှု ၄၀ ဖြစ်ပွားခဲ့ပြီး ၁၃ ဦး သေဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မတ်လတွင် ၄၄ မှု ဖြစ်ပွားခဲ့ပြီး ကိုးဦးသေဆုံးခဲ့ကာ ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီ လ(၁ ရက်မှ ၂၂ ရက်အထိ) ယာဉ်တိုက်မှု ၄၈ မှု ဖြစ်ပွားခဲ့ပြီး ၂၉ ဦးသေဆုံး ခဲ့ကာ ၁၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
Eleven Media Group

No comments:

Post a Comment