ကျွဲရိုင်းတစ်ကောင်နဲ့ မော်တော်ဆိုင်ကယ်အပါအ၀င် မိန်းကလေးရှင်ဘက်မှ မင်္ဂလာပစ္စည်းအဖြစ် ပေးရန် ကျန်သည့်အရာများမပေးနိုင်တဲ့အတွက် ခုနှစ်လအရွယ် ကိုယ်ဝန်ဆောင်သည် Nepalese (အမေရိ ကန်ရောက် နီပေါ) မိခင်တစ်ဦးကို သူမရဲ့ ခင်ပွန်းက မီးရှို့ခဲ့ပါတယ်။သူမရဲ့ ထိခိုက်ဒဏ်ရာများကို သိသိခြင်း ဖခင်ဖြစ်သူ Mohammad Samim Shekh Dhapali ဟာ အိန္ဒိယကို လိုက်လာခဲ့ပြီး သမီးဖြစ်သူကို သူတို့နေထိုင်ရာ နီပေါကို ပြန်ခေါ်ခဲ့ပါတယ်။ နီပေါရောက်တဲ့ အခါ မှာတော့ သမီးဖြစ်သူက သူမရဲ့ ကြောက်စရာကောင်းလှတဲ့ အဖြစ်ဆိုးကို အမှန်အတိုင်း ပြောပြခဲ့ခြင်း ဖြစ် ပါတယ်။ ဖခင်ဖြစ်သူကလူ့အခွင့်အရေး အဖွဲ့အစည်းများကို သမီးဖြစ်သူရဲ့ အကြောင်းအရာများကို တိုင်ကြား ထားပါတယ်။ သူမကိုခင်ပွန်းရဲ့မိသားစုက လက်တွေကို နောက်ပြန်ကြိုးနဲ့ ချည်ထားပြီး ခန္ဓာကိုယ်ပေါ် ကို လောင်စာဆီတွေ လောင်းချခဲ့ပြီး မီးရှို့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။သူမရဲ့ ခင်ပွန်းဟာ သူမကို မင်္ဂလာ ပစ္စည်းအဖြစ် ကျွဲရိုင်းနဲ့ ဆိုင်ကယ် ယူမလာတဲ့အတွက် အမြဲ အပြစ်တင် ပြောဆိုကြောင်း ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ သူမဟာ ဆေးကုသနေဆဲ ဖြစ်ပြီး အဆိုပါ မီးရှို့ခံရမှုဟာ လွန်ခဲတဲ့ တစ်လလောက် က ဖြစ်ပျက်ခဲ့တယ် လို့ဆိုပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး သူမရဲ့ ခင်ပွန်းနဲ့ သူ့အသိုင်း အ၀ိုင်းကတော့ ခြေရာပျောက်နေတဲ့အတွက် ရှာဖွေနေတယ်လို့ သိရပါတယ်။
World-Myanmar News
No comments:
Post a Comment