Monday, May 12, 2014

ငြိမ်းချမ်းရေးဆွေးနွေးပွဲပါ အချက်အလက် ၁၂၂ ချက်ကို ချပြရန်လိုဟုဆို

ငြိမ်းချမ်းရေးစားပွဲဝိုင်းတွင်ဆွေး နွေးခဲ့သည့်တစ်နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေးမူကြမ်းပါ၁၂၂ချက် ကိုလူထုအားချပြရန်လိုအပ်ကြောင်း၊ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရှိသူကိုဂျင်မီက ပြော သည်။ 

ဧပြီလကအစိုးရနှင့် NCCT ကိုယ် စားလှယ်များ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအတွက်မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC တွင် အဆိုပါ ၁၂၂ချက်ကို လေးရက် ကြာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

''၁၂၂ချက်ကို ပြည်သူလူထု တွေသိသင့်တယ်။ ကျွန်တော်တို့က တော့ အမြဲတမ်းပွင့်လင်းမြင်သာမှု နဲ့သွားတာဆိုတော့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအရ၊ သို့သော်ငြားလဲ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့သဘော ထားကဘယ်လိုလဲဆိုတာကျွန်တော် မသိဘူး။ ကျွန်တော်တို့က ဒိုင်ယာ လော့ခ်ကိုကျယ်အောင် လုပ်ချင်တာ ပေါ့''ဟု ကိုဂျင်မီကပြောသည်။
ယခုလ ၆ရက်က၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ၏ ဒုတိယ ဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးအောင် မင်းတို့တွေ့ဆုံ ပြီး နောက်ပြောပြ ခြင်းဖြစ်သည်။
၁၂၂ချက်ကို ပြည်သူလူထုကို ချပြမှုနှင့်ပတ်သက်၍ မြန်မာငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော်မတီ မှ ဦးအောင်နိုင်ဦးက ''အားလုံး သဘောတူပြီးသွားရင်တော့အများ ပြည်သူ သိမယ့်အကြောင်း အရာ ဖြစ်လာမှာပါ။ 

အခုအချိန်မှာတော့ ဆွေးနွေးနေဆဲဖြစ်တဲ့အတွက်ဒီဟာ တွေကိုတော့ချပြဖို့၊အသေးစိတ်ရှင်းပြ ဖို့တော့မလွယ်သေးဘူး''ဟု ပြော သည်။
အပစ်အခတ်ရပ်စဲရေးစာချုပ် သည် အစိုးရနှင့်တိုင်းရင်းသားများ အကြားလျှို့ဝှက်ချုပ်ဆိုသောစာချုပ် မဟုတ်ကြောင်၊းဆွေးနွေးဆဲဖြစ်သော ကြောင့်တရားဝင်ဖော်ထုတ် ရန်မည် သူမှအခွင့်မရှိသော်လည်း နှစ်ဖက် သဘောတူလျှင် အများပြည်သူကို အင်္ဂလိပ်လို၊မြန်မာလို နှစ်ဘာသာ ဖြင့် ချပြသွားမည်ဖြစ်ကြောင်း ¤င်းက ဆက်ပြောသည်။ 

ပြည်သူလူထုကိုယ်တိုင်မှာလည်း စားဝတ်နေရေးအတွက် ဦးစားပေး ရုန်းကန်နေရသောကြောင့်ငြိမ်းချမ်း ရေးဆွေးနွေးပွဲများနှင့် မသက်ဆိုင် ဟုထင်မြင်ကာ စိတ်ဝင်စားမှုလျော့ နည်းခြင်းဖြစ်သော်လည်းငြိမ်းချမ်း
ရေးသည်တစ်နိုင်ငံလုံးနှင့်သက်ဆိုင် သောကြောင့် ပြည်သူလူထုသိရန် လိုအပ်သည်ဟုလည်း ကိုစစ်ငြိမ်း အေးက ပြောသည်။
''လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ရင် အဓိကခံရတာက ပြည်သူ လူထုပဲဆိုတော့ ဒီသတင်းအချက် အလက်တွေကို အသိသင့်ဆုံးက ပြည်သူလုထုပါပဲ။ ပြည်သူ့လူထု အသက်အိုးအိမ်ကာကွယ်တဲ့ အချက် တွေမပါရင်ဆုံးဖြတ်ချက်ချတဲ့နေရာ မှာပြည်သူလုထုသိသင့်ပါတယ်'' ဟု Equally Myanmar မှဦးဆောင် ညွှန်ကြားရေးမှူးဦးအောင်မျိုးမင်းက ပြောသည်။ အဆိုပါအချက် ၁၂၂ ချက်တွင် ၄၅ချက်ဆွေးနွေးရန် ကျန်ရှိပြီး အစိုးရဘက်မှ ၂၅ချက် လိုက်လျောရန် အသင့်ရှိကြောင်း ဝန်ကြီးဦးအောင်မင်းကပြောသည်။

The Union Daily

No comments:

Post a Comment