၁။ ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ
၂။ နှစ်ဖက်လိုက်နာရန်အချက်များ-
အပိုဒ်(င)တွင်-
ပြည်သူလူထုထံမှ တရားမ၀င် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေးပစ္စည်းများရယူခြင်း မပြုလုပ်ရ၊
အပိုဒ်(စ)တွင်-
ကာယကံရှင်၏ ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန်၊
အပိုဒ်(ဆ)တွင်-
အများပြည်သူ အသုံးပြုသောလမ်းများအား တားဆီးပိတ်ဆို့ခြင်း၊ ပြည်သူလူထု သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအား ဟန့်တားပိတ်ဆို့ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်း မပြုလုပ်ရန်၊
အပိုဒ်(ဇ)တွင်-
နိုင်ငံတော်မှ တရားဝင်ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပေါ် လူမျိုးရေးအရ ဖိအားပေးဖဲ့ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ရေးအရဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်နှင့် ပြည်သူ့စစ်အဖွဲ့များ၏ လုပ်ဆောင်ချက်တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ခံရန်၊
အပိုဒ်(ဈ)တွင်-
နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူများကို လူသားချင်းစာနာ ထောက်ထားသော အကူအညီများ ပေးအပ်သွားရန်နှင့် အခြားအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား နှောင့်ယှက်ဟန်းတား ပိတ်ပင်ခြင်းမပြုလုပ်ရန်နှင့် ဒေသခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်-ဟု ပါရှိသဖြင့် ငြိမ်းချမ်းရေးအရာသာကို ခံစားရတော့မည်ဟု မျှော်လင့်ခဲ့ပါသည်။
၃။ သို့ပါသော်လည်း သဘောတရားနှင့်လက်တွေ့ မကိုက်ညီသည့် ဖြစ်ရပ်တို့သည် မမျှော်လင့်ဘဲ မိုးပြိုဆင့်သကဲ့သို့ ဒေသခံ ပြည်သူများမှာ ခံစားနေကြရပါသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး
လယ်ယာလုပ်ငန်းခွင်၌ ဖမ်းဆီးခံကြရသော လူငယ်လူရွယ်များအား KIO/
၎။ မတရားဖမ်းဆီးခံ လူငယ်များ၏ မိဘများကိုယ်တိုင် တောင်းဆိုချက်အရ ဖမ်းဆီးခံလူငယ်များ ပြန်လွတ်မြှောက်ရေးအတွက် KIOနှင့်တွေ့ဆုံဆွေးနွေးလိုကြော
၅။ ဗန်းမော်ခရိုင်အတွင်း သစ်မှောင်ခိုရှင်းလင်းရေးစစ်ကြေ
၂၀၁၄-ခု၊ မတ်လကုန်ပိုင်း သန်းခေါင်စာရင်း ကောက်ယူရေးအတွက် လုံခြုံရေးဆောင်ရွက်သော စစ်ကြောင်းကို KIAတို့မှ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ရ
၆။ (က) ၃-၅-၂၀၁၄ ရက်နေ့တွင် KIA တပ်မဟာ(၁)၊ တပ်ရင်း(၄)မှ ကေအိုင်အေအဖွဲ့သည် မြစ်ကြီးနားမြို့နှင့် ဧရာဝတီမြစ်ဆုံသို့ သွားရာလမ်းမကြီးပေါ်တွင် မြစ်ကြီးနားမှ (၁၅)မိုင်ခန့်အကွာ ဒွန်ဂမ်နှင့် လုံဂါဇွပ်ကျေးရွာအကြားတွင် လမ်းမပေါ်၌ ၀ါးလုံးဖြင့်တားကာ ခရီးသွားများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းပြုလုပ်ခဲ့
၁- မောင်ဖြိုးဖြိုး၊ အသက်(၂၃)နှစ်၊ (ဘ)ဦးမြင့်လွင်၊ အမှတ်(၃၆၇/ခ)၊ မြေမြင့်ရပ်ကွက်၊ မြစ်ကြီးနား
၂- မောင်မုန်ခန်နော်၊ အသက်(၂၄)နှစ်၊ (ဘ) ဦးနော်အောင်၊ ဒူကထောင်ရပ်ကွက်၊ မြစ်ကြီးနား
(ခ) အူဗျစ်ကျေးရွာမှ
၁- မောင်တူးရိန် အသက်(၂၀)နှစ်၊ (ဘ) ဦးဇော်မိုင်
၂- မောင်ခွပ်ဂျာ(ကျောင်းသား) အသက်(၁၅)နှစ်၊ (ဘ) ဦးလဒွန်း
၃- မောင်တူးတူးခေါန် (ကျောင်းသား)၊ အသက်(၁၆)နှစ်၊ (ဘ) ဦးထိန်နန်
၎- မောင်လဆိုင်း အသက်(၂၀)နှစ်၊ (ဘ) ဦးဇော်နန်
၅- မမေရီရွယ်ဘူ အသက်(၂၄)နှစ်၊ (ဘ) ဦးဇော်ခေါင်
၆- မဆိုင်းနူး အသက်(၂၁)နှစ်၊ (ဘ) ဦးဂွန်ဂျပ်
၇- မဂျာခေါန် (မူ/ပြ ဆရာမ) အသက်(၂၂)နှစ်၊ (ဘ) ဦးနော်ဂျပ်
(ဂ) မြစ်ကြီးနားမြို့ပေါ်နေ-
၁- မောင်ညီချစ်၊ အသက်(၁၇)နှစ်၊ (ဘ) ဦးမိုးချစ်၊ ရမ်ပူရပ်ကွက်၊ မြစ်ကြီးနား
၂- မောင်နေ၀င်းအောင်၊ အသက်(၁၆)နှစ်၊ (ဘ) ဦးအောင်ဇော်နိုင်၊ အောင်နန်းရပ်ကွက်၊ မြစ်ကြီးနား
၃- မောင်ဂတ်သီး၊ အသက်(၁၈)နှစ်၊ (ဘ) ဦးခင်မောင်ဌေး၊ အောင်နန်းရပ်ကွက်၊ မြစ်ကြီးနား
၎- မောင်ရဲဇာမောင်၊ အသက်(၁၆)နှစ်၊ (ဘ) ဦးခင်မောင်ဌေး၊ အောင်နန်းရပ်ကွက်၊ မြစ်ကြီးနား
၅- မောင်မျိုးချစ်ကို၊ အသက်(၁၄)နှစ်၊ (ဘ) ဦးမောင်ကို၊ အေးစေတီ၊ မြစ်ကြီးနား
၆- ဖိုးဘွား (အသက်၊ မိဘ၊ နေရပ်-စုံစမ်းဆဲ)
၇- မိုးဒီ (အသက်၊မိဘ၊ နေရပ်-စုံစမ်းဆဲ)
၈- အောင်ဝေလင်း (အသက်၊ မိဘ၊ နေရပ်-စုံစမ်းဆဲ)
၉- မောင်ဖြိုးကို (အသက်၊ မိဘ၊ နေရပ်-စုံစမ်းဆဲ) တို့ဖြစ်သည်။ ဖမ်းဆီးခံလူငယ်များ၏ မိဘများ အဘယ်ကဲ့သို့ ခံစားကြရမည်နည်း။
ထိုသို့ KIAတို့မှ လူငယ်လူရွယ်များအား အတင်းအဓမ္မဖမ်းဆီးနေခြင်းသည် ငြိမ်းချမ်းရေးသဘောတူ စာချုပ်ပါအချက်များကို ချိုးဖောက်နေရုံသာမက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမျာ
အထက်ပါဖြစ်စဉ်များကို ဆန်းစစ်ကြည့်မည်ဆိုပါက KIAတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများေ
၇။ ဤသည်ကို KIO/
၈။ နိုင်ငံတော်အစိုးရသည် ပြည်သူလူထုအသံကို နားထောင်ပေးရန် သင့်လှပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များ KIAတို့၏ အလိုကျ လိုက်လျောခြင်းသည် လွန်ကဲပါက ရှမ်းနှင့်ကချင် ရင်တွင်း အကြိတ်ဖြစ်ပွားနိုင်ပါသည်။ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင် ဦးစားပေး ပြတ်ပြတ်သားသား ဆောင်ရွက်သင့်လှပါသည်။ ဒေသခံပြည်သူလူထုအကျိုး ထည့်သွင်းစဉ်းစားပေးကြပါရန် ရင်ဖွင့်လိုက်ရပါသည်။
ဒေသခံ ရှမ်းပြည်သူတို့၏ ရင်ဖွင့်သံ-
ဦးစိုင်းသာဇုံ
မြန်ပြည်မြောက်ပိုင်း
မြစ်ကြီးနား
ဧရာဝတီမြစ်ဖျားဆီက
No comments:
Post a Comment