ထိုင်းတွင်သေဆုံး၊ ဒဏ်ရာရသူ ရှိသော်လည်း မြန်မာနိုင်ငံတွင် ထိခိုက်မှုမရှိ
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ကို ဗဟို ပြု၍ လှုပ်ခတ်ခဲ့သော ငလျင်၏ နောက်ဆက်တွဲငလျင်ငယ်များ
ငါးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနိုင်ငံတွင် သေဆုံးဒဏ်ရာရ
မှုများရှိသော်လည်း မြန်မာနိုင်ငံ တွင် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း
သတင်းရရှိသည်။
ဥရောပ-မက်ဒီတေးနီးယန်း မြေငလျင်တိုင်းတာရေးစင်တာ
(EMSC) ၏ ထုတ်ပြန်ချက်များအ ရ မေလ ၅ ရက် ညနေ ၅ နာရီခွဲ တွင်လှုပ်ခတ်ခဲ့သော
ချင်းရိုင်ခရိုင် မြေငလျင်အပြီး၌ အဆိုပါနေရာ ကို ဗဟိုပြု၍ မေလ ၆ ရက် ညနေ ၆
နာရီအချိန်ထိ အင်အား ရစ်ခ်ျ တာစကေး ၄ ဒသမ ၂ နှင့်အ ထက် မြေငလျင်
ငါးခုဆက်တိုက် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။ မိုးလေ၀သနှင့် ဇလဗေဒ ဦး
စီးဌာန၊ ငလျင်ဌာနကလည်း မေ လ ၆ ရက် နံနက် ၅ နာရီကျော် နှင့် ၇ နာရီခန့်တွင်
အင်အားသေး ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ သည်ဟု အတည်ပြုပြောကြား သည်။
‘‘ငလျင်ကြီး လှုပ်ပြီးရင် ငလျင်လေးတွေက ဆက်တိုက် လှုပ်တတ်တယ်။ ဘယ်အတိုင်း
အတာထိ၊ ဘယ်လောက်ထိ လှုပ် မယ်ဆိုတာကြိုပြောလို့ မရဘူး။ ဒါပေမဲ့ ကိုယ်နေတဲ့
အိမ်၊ ဒါမှမ ဟုတ် တိုက်ကကြံ့ခိုင်မှု အားနည်း နေတယ်ဆိုရင်တော့သတိထားရ မယ်’’
ဟု ငလျင်ဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါက် တာယဉ်မျိုးမင်းထွန်းက ပြော
ကြားသည်။
မေလ ၅ ရက်က လှုပ်ခတ်ခဲ့ သော ငလျင်အပြီးတွင် မြေငလျင်
ငယ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ သောကြောင့် တာချီလိတ်မြို့နယ် ရှိ ဒေသခံများမှ
ယခင် ၂၀၁၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော တာလေ ငလျင်ကဲ့သို့ ဖြစ်မည်ကို စိုးရိမ်မှု
များရှိနေသည်။
‘‘ဟိုဘက် (ထိုင်း) ကို အဓိ ကထားပြီး
လှုပ်တယ်ဆိုပေမယ့် ဒီဘက်မှာ ပြင်းပြင်းထန်ထန် ဖြစ် လာမှာကိုတော့ ကြောက်တယ်။
ဒီနေ့ မနက် ၅ နာရီနဲ့ ၈ နာရီအ တွင်း သုံးခါလှုပ်သွားတယ်။ အ ပျက်အစီးတော့
ဒီဘက်မှာမရှိ သေးဘူး’’ ဟု တာချီလိတ်မြို့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဒေါ်သီ
တာက ပြောသည်။
ထိုင်းနိုင်ငံအတွင်း ပြင်းထန်စွာ လှုပ်ခတ်ခဲ့သော
ငလျင်နှင့် ယင်း၏ နောက်ဆက်တွဲငလျင်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သော်လည်း
ယခုအချိန်ထိ ရှမ်းပြည်နယ်၊ မန္တ လေး၊ နေပြည်တော်၊ ပဲခူးနှင့် ရန်
ကုန်တိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှု များမရှိသေးကြောင်း၊ ငလျင်ဒဏ်
ကြိုတင်ကာကွယ်ရေးနည်းလမ်း များကို လိုက်နာကျင့်သုံးရန် လို အပ်ကြောင်း
လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ၀န်ကြီးဌာန ကယ်ဆယ်
ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။
အဆိုပါငလျင်ကြောင့် မြန်
မာနိုင်ငံအတွင်း ပျက်စီးဆုံးရှုံးမှု သ တင်းများ မရှိခဲ့သော်လည်း ထိုင်း
နိုင်ငံတွင် လူတစ်ဦးသေဆုံး၍ ၂၃ ဦး ဒဏ်ရာရရှိကာ အဆောက်အ အုံအချို့
ပျက်စီးခြင်း၊ အဝေးပြေး ကားလမ်းမများ အက်ကွဲခြင်းနှင့် ဗုဒ္ဓဘာသာ စေတီ၊
ပုထိုးအချို့ ပြိုလဲမှုဖြစ်ပေါ်ခဲ့ပြီး နောက်ဆက် တွဲငလျင်လှုပ်ခတ်မှုများ
ရှိခဲ့သည် ဟု CHANNEL NEWSASIA မီဒီယာက မေ ၆ ရက်တွင် ဖော်ပြခဲ့သည်။
ချင်ရိုင်းခရိုင်အတွင်း ရစ်ခ်ျ တာစကေး ၆ အဆင့် အင်အား ပြင်း ငလျင်သည်
မြေအောက်အ နက် ၄ ဒသမ ၆ မိုင်မှ လှုပ်ခတ်ခဲ့ ရာ မြန်မာနှင့်
ထိုင်းနိုင်ငံတို့ အနေ ဖြင့် နောက်ဆက်တွဲငလျင်များ သတိထားရန် လိုအပ်သည်ဟု
ဖော်ပြခဲ့ပြီး မိုးလေ၀သပညာရှင် များနှင့် ဘူမိဗေဒပညာရှင်များက လည်း သတိပေး
ပြောကြားခဲ့ သည်။
နောက်ဆက်တွဲငလျင်များ ၏ ရိုက်ခတ်မှုအဖြစ်
ရှမ်းပြည် နယ်အရှေ့ပိုင်း မြို့နယ်အချို့ ခံစားကြရသော်လည်း မြန်မာနိုင်ငံ
တွင်း အခြားနေရာများ၌ မေလ ၆ ရက်ညနေထိ မေးမြန်းချက်များ အရ ငလျင်လှုပ်ခတ်မှု
မရှိခဲ့ပေ။
Author: ရဲနောင်
7DAY DAILY
ငလျင်ကြောင့်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ ဘုရားဆင်းတုတော်၏
ဦးခေါင်းတော်မြေခခဲ့ပြီး ဘာသာရေးအဆောက်အအုံများ ပြိုကျနေသည်ကို တွေ့ရစဉ်
(ဓာတ်ပုံ − ရိုက်တာ)
No comments:
Post a Comment