Thursday, May 29, 2014

အပူချိန်နည်းပြီး အနီရောင်ဝတ်ရင် အင်္ဂလန်ဗိုလ်စွဲနိုင်ပါတယ်-----စတီဖင်ဟော့ကင်း

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ဖို့က ရာသီဥတုအခြေအနေ၊ ဂျာစီအရောင်တွေနဲ့ သက်ဆိုင်တယ်လို့ စတီဖင်ဟော့ကင်းက ခန့်မှန်းသွားပါတယ်။ စတီဖင်ဟော့ကင်းဆိုတာ ၂၁ရာစုရဲ့ ဥာဏ်အကောင်းဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ သိပံ္ပပညာရှင်ဖြစ်ပါတယ်။
သူ့ရဲ့ တွက်ချက်မှုတွေအရ အပူချိန် ၅ဒီဂရီ စင်တီဂရိတ် မြင့်တက်မယ်ဆိုရင် အင်္ဂလန်အသင်း အနိုင်ရနိုင်ခြေ ၅၉ရာခိုင်နှုန်း ဆုံးရှုံးစေပြီး ဂျာစီအနီရောင် ၀တ်မယ်ဆိုရင် အင်္ဂလန်အသင်း အနိုင်ရနိုင်ခြေ ၂၀ရာခိုင်နှုန်း ပိုများစေပါသတဲ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀မီတာအောက်မှာ ကစားရတဲ့ပွဲဆိုရင် အနိုင်ရဖို့ အခွင့်အရေး နှစ်ဆပိုများပြီး ၄-၃-၃ ကစားကွက်ကို အသုံးပြုရင် အနိုင်ရဖို့ ၅၈ ရာခိုင်နှုန်း ရှိတယ်လို့ စတီဖင်ဟော့ကင်းက ဆိုပါတယ်။
ဒါ့အပြင် ဥရောပ ဒိုင်လူကြီးတွေ ကိုင်တွယ်တဲ့ပွဲတွေမှာ အင်္ဂလန်အသင်း နိုင်ခြေ ၆၃ ရာခိုင်နှုန်း၊ ခရီးတို သွားရတဲ့ပွဲတွေမှာ နိုင်ခြေ ၂၂ရာခိုင်နှုန်း၊ ဒေသစံတော်ချိန် ၁၅း၀၀ မှာ ကစားရင် အင်္ဂလန်အသင်း အနိုင်ရဖို့ အခွင့်အရေး သုံးဆ ပိုများစေပါတယ်တဲ့။ သူဆက်ပြောတာကတော့ ဘောလုံးပွဲနဲ့ quantum physics တိုက်ရိုက်သက်ဆိုင်နေတယ်ဆိုတာပါပဲ။
black hole တွေက လှိုင်းတွေထုတ်လွှင့်တယ်ဆိုတဲ့ စတီဖင်ဟော့ကင်းရဲ့ သက်သေပြချက် ကမ္ဘာကျော်ခဲ့သလို အချိန်ရဲ့သမိုင်းဆိုတဲ့ စာအုပ်ကလည်း Sunday Times ရဲ့ အရောင်းရဆုံးစာရင်းမှာ သီတင်းပတ် ၂၃၇ပတ်ကြာ ရပ်တည်ခဲ့တဲ့အထိ စံချိန်တင်နိုင်ခဲ့တာပါ။
@z (ရိုးရာလေး)

No comments:

Post a Comment