Thursday, May 29, 2014

ကျောက်ဖြူတိုင် ရွာသားများ ရဲကို ခုခံ

ထိန်းသိမ်းခံ တရုတ် ၂ ဦးအား ခေါ်ဆောင်ရန်အတွက်ဆိုကာ ရဲတပ်ဖွဲ့ဝင်များက ၁၈ ရက် ည၁၁ နာရီ
ခန့်တွင် ဇီးတောရွာဘုန်တော်ကြီး ကျောင်းအား မျက်ရည်ယိုဗုံး ၂ လုံးဖြင့်ပစ်ရာ ဇီးတောရွာသား များက အော်ဟစ်ကြအကူညီတောင်းမှုကြောင့် ကျောက်ဖြူတိုင်ရွာသားကထွက်လာပြီးရရာလက်နက် ဖြင့်ခုခံကြောင်း
ဒေသခံများကပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူတိုင်ကျေးရွာကျော်လွန် ပြီး ဆည်တည်းဇီးတောရွာအနီးတွင် ရဲကားများကို ရပ်တန့်ထားပြီး ဘုန်းတော်ကြီးကျောင်းကို မျက်ရည်ယိုဗုန်းဖြင့် ပစ်ခတ် မှုကြောင့် ကျောက်ဖြူတိုင် ကျေးရွာဒေသခံများကနောက်မှရဲကားများကို လောက်လေးခွများ ဖြင့်ပစ်ခဲ့ပြီး တုတ်များဖြင့် ဝင်ရောက်ရိုက်နှိက်ခဲ့ကြောင်း ဇီးတောဒေသခံတစ်ဦးကပြောသည်။
လုံခြုံရေးတပ်ဖွဲ့ခွဲ ၂၈ ရဲတပ်ဖွဲ့ဝင် ၃ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး၊ကား ၅ စီး နှင့် ဆိုင်ကယ် ၁၂ စီးလည်း ပျက်စီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုပြောကြားသည်။
"ကျောက်ဖြူတိုင်ရွာက ဒေသခံတွေက မနေနိုင်လို့ ရဲတပ်ဖွဲ့ဝင်တွေကို နောက်ကနေ၀င်ရိုက်တယ်၊ အဲဒီမှာ ရဲတွေက သေနတ်နဲ့ပစ်တော့ ကျောက်ဖြူတိုင်ရွာနဲ့ အပြန်အလှန်ပစ်ခက်မှုတွေဖြစ်သွားတယ်၊ ၃ နာရီလောက်ရောက်တော့ အသံတွေအားလုံးတိပ်သွားတယ်၊" ဟုကျေက်ဖြူတိုင်ကျေးရွာ ဒေသခံ တစ်ဦးကပြောသည်။
ဒေသခံကျောက်ဖြူတိုင်ရွာသားများကို တိုင်းဒေသခကြီးရဲတပ်ဖွဲ့ရုံးမှ ပြည်သူပိုင်ဥပဒေပုဒ်မ ၆(၁)ဖြင့် 
အပါ အဝင် ပုဒ်မ ၃၃၃/၃၃၂/၄၇၂ (ပ)၇၈/၂၀၁၄ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မာန်ဇာမြေမုံ
People Power

No comments:

Post a Comment