Thursday, May 29, 2014

ကားဖြင့်တိုက်ဟန်ပြု စနောက်ရာမှ၈နှစ်အရွယ်ကလေး ကြိတ်မိသေဆုံး

နှင်းဆီကုန်းအဆင့်မြင့် အိမ်ယာဝင်း အမှတ် ၂ လမ်းသွယ်တွင်မေ ၁၉ ရက် ည ၇ နာရီ ခန့်က မုန့် ၀ယ်ပြန် လာသော ၈ နှစ်အရွယ် ကလေးအား ကားဖြင့် တိုက်ဟန်ပြု စနောက်ရာမှ ကြိတ်မိသွားကာ
သေဆုံး သွားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ၌ ဖြစ်ပွားသွားကြောင်း သုဝဏ္ဏမြို့မရဲစခန်းမှ နယ်ထိန်းဦးမြင့်သိန်းက ပြောကြားသည်။
ကလေးအား စပြီး ကားဖြင့် တိုက်မည်ပြုရာတွင် ကလေးခြေထောက်အား ကြိတ်မိသဖြင့် ကားအား
လမ်းဘေးသို့ ချစဉ် ကလေးအား ထပ်မံ၍ မျက်နှာအား ကြိတ်မိကာ သေဆုံးသွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေ ဦးမောင်မောင်က ပြောကြားသည်။
“အခုကားမောင်းတဲ့ ကောင်လေးက ကျွန်မကလေးကို အမြဲစနေကျ ဒီလောက်ထိ ဖြစ်သွားတာတော့ မခံစားနိုင်ဘူး၊ ကျွန်မသားလေးကိုက ကံဆိုးပါတယ်”ဟု သေဆုံးသူ ကလေး၏ မိခင်က ပြောကြားသည်။
သုဝဏ္ဏမြို့မ ရဲစခန်းမှ ယာဉ်မောင်းအား (ပ)/၂၀၁၄ ပုဒ်မ ၃၀၄ (က) ဖြင့် အမှုစစ်မှ အရေးယူ ဆောင်ရွက်နေကြောင်း သုဝဏ္ဏမြို့မရဲစခန်းမှ သိရသည်။
နန္ဒာယမင်း

People power

No comments:

Post a Comment