.
ထိုင်းနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာစစ်အုပ်ချုပ်ရေး ပြုခြင်းကို
ယနေ့နံက်စောစော ပိုင်းက ကြေညာ ခဲ့သော်လည်း ယင်းသည်
တပ်မတော်ကအာဏာသိမ်းခြင်းတော့မဟုတ်ကြောင်း ထိုင်းတပ်မတော်ကငြင်း ဆိုပါသည်။
ထိုင်းတပ်မတော်သည် အများပြည်သူတို့၏လုံခြု့ရေးကိုအပြည့်အ၀တာဝန်ယူ လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်ဆန္ဒပြသူများကြောင့် အသက်အိုးအိမ်တို့ပျက်စီးဆုံးရှုံးရသည် တို့ဖြစ်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာ ကပြောသည်။
အဆိုပါ
ဆန္ဒပြမှုများကြောင့် ယမန်နှစ်နိုဝင်ဘာကအစပြု၍ ယနေ့အထိ လူ
၃၀ခန့်သေဆုံးခဲ့ရကြောင်း သိရသည်။ထိုင်းတပ်မတော်သည် အများပြည်သူတို့၏လုံခြု့ရေးကိုအပြည့်အ၀တာဝန်ယူ လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်ဆန္ဒပြသူများကြောင့် အသက်အိုးအိမ်တို့ပျက်စီးဆုံးရှုံးရသည် တို့ဖြစ်လာခြင်းကြောင့်ဖြစ်ကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာ ကပြောသည်။
"အဲဒီ အကြမ်းဖက်ဆန္ဒပြမှုတွေဟာ နိုင်ငံတော်ရဲ့ အထွေထွေလုံခြုံရေးကို ထိခိုက်လာမှာကို ကျွန်တော်တို့စိုးရိမ်ပူပန်မိပါတယ်။ ဒါကြောင့် တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေးကို ကြေညာ လိုက်ရတာပါ"ဟု ဗိုလ်ချုပ်ကြီး ပရာယုသ်ကပြောပါသည်။
"တက်ကြွလှုပ်ရှားနေကြတဲ့ အဖွဲ့အားလုံးကိုလည်း ဆောင်ရွက်မှုတွေအားလုံးရပ်ကြပြီး ကျွန်တော်တို့နဲ့အတူ ပူးပေါင်းကူညီဆောင်ရွက်ကြဖို့ အကြောင်းထားပါတယ်"ဟုလည်း သူကပြောပါသေးသည်။
ထိုင်းတစ်နိုင်ငံလုံးအား စစ်အုပ်ချုပ်ရေးကြေညာချက်ကို မေလ(၂၀)ရက်နေ့ နံနက် ၃ နာရီခန့်က ရုပ်မြင်သံကြားမှတစ်ဆင့် ထိုင်းတပ်မတော်ကကြေညာခဲ့ခြင်းဖြစ်သည်။
ref: Reuters
Popular Myanmar News Journal
No comments:
Post a Comment