Monday, May 26, 2014

ထိုင်းနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးကို စစ်ဘက်က ဖျက်သိမ်း

Photo: ထိုင်းနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်း နိုင်ရန်အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးကို စစ်ဘက်က ဖျက်သိမ်း

ထိုင်းစစ်ဘက်သည် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရန် အတွက် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးကို မေ၂၄ ရက်တွင် ဖျက်သိမ်း ခဲ့ပြီး အထက်လွှတ်တော်မှ အရေးပါသည့် အရာရှိကြီး များကို ပြောင်းလဲခန့် အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးကို ထိန်းသိမ်းနိုင်ရေး အတွက် လုပ်ဆောင်ရာတွင် အထက် လွှတ်တော်နှင့် အောက်လွှတ်တော် နှစ်ရပ် စလုံးမှ  အတည်ပြုချက် ရယူနိုင်ရေးကို ရှောင်ရှားနိုင်ရန် အတွက် ယခုကဲ့သို့ လွှတ်တော် နှစ်ရပ်စလုံးကို အစိုးရသစ် မဖွဲ့စည်းနိုင်သည့် အချိန်ကာလ အထိ ရပ်ဆိုင်း ထားခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုသ် ချန်အိုချာက ပြောကြားခဲ့သည်။

ထိုင်းစစ်ဘက်မှ အခြားရာ ထူးသို့ ပြောင်းရွှေ့ခန့်အပ် ခဲ့သူများတွင် ရဲချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ် ဆေးဆင်ခရူးနှင့် အထူး စုံစမ်းရေး အဖွဲ့မှ အကြီးအကဲ သာရစ်ပန်ဒစ် နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီး ဗိုလ်ချုပ်ကြီး နီပက်သွန်လက်တို့ ပါဝင်ကြောင်း သိရသည်။

ရဲချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်ဆေး ဆင်ခရူ၊ ဗိုလ်ချုပ်ကြီးပန်ဒစ်နှင့် ဗိုလ်ချုပ်ကြီး နီပက်တို့သည် ယခင်ယာယီ အစိုးရ အဖွဲ့အား ထောက်ခံသည့် အမာခံ ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment