Friday, May 30, 2014

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်

Photo: ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) သုံးသပ်ချက်
Friday, May 30, 2014

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာ အုပ်စု (ဂ) မှာတော့ ကမ္ဘာ့ဖလားမှာ ရေပန်းမစားတဲ့အသင်းတွေချည်း ပါဝင်နေပါတယ်။ခံစစ်နာမည်ကြီးတဲ့ ဂရိ၊ ကိုလံဘီယာ၊ မြန်မာဘောလုံးပရိသတ်ကြိုက်တဲ့ ဒရော့ဘာတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ အာရှက ဂျပန်အသင်းတိုတအုပ်စုထဲ ကျနေပါတယ်။

အိုလံပစ်အားကစား ဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုထဲပါတဲ့ အသင်းတွေ ခြေစွမ်းက တသင်းနဲ့ တသင်း သိပ်မကွာလှဘူးလို့ မှတ်ချက်ပေးပါတယ်။

“အဲဒီအုပ်စုကတော့ ၄ သင်းစလုံးက သိပ်မကွာဘူး။ တသင်းနဲ့ တသင်း ခြေစွမ်းပိုင်းက သိပ်ကွာတဲ့ အသင်းမဟုတ်ဘူး။ ကစားပုံတွေကတော့ ဒေသတခုချင်းစီက ကစားပုံတွေ ကွာတယ်။ ဒီအုပ်စုမှာ အမေရိကတိုက်ကို အခြေစိုက်တဲ့ ကိုလံဘီယာရယ်၊ အာဖရိကကို အခြေစိုက်တဲ့ အိုင်ဗရီကို့စ်ရယ်က ကျနော့်စိတ်ထင်က ဂရိနဲ့ ဂျပန်ထက် နည်းနည်းသာမယ်လို့ ထင်တယ်။ ထုံးစံအတိုင်းပေါ့ ကစားမယ့် မြေအနေထားရယ်၊ ကစားရမယ့် အချိန်အနေအထား ရယ်တွေက စကားပြောသွားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် တချက်စောင့်ကြည်ရမှာက ဂရိပေါ့။ 

ဂရိက ဒီရာသီမှာ ခြေစစ်ပွဲအောင်လာတဲ့ အနေအထားက ခံစစ်ကို အားပြုပြီးတော့ အောင်လာတဲ့ အသင်းတသင်းဖြစ်တယ်။ ဒီခံစစ်အားနဲ့ သူတို့ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ ကျနော့်စိတ်ထင်တော့ အဲဒီအုပ်စုက အုပ်စု ပထမနေရာကို ကိုလံဘီယာ ရဖို့များပြီးတော့ ဒုတိယနေရာကိုတော့ အိုင်ဗရီကို့စ်နဲ့ ဂရိ တသင်းသင်း လုလိမ့်မယ်လို့ ထင်တယ်။”

ဒီအုပ်စုမှာ ပရိသတ်စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ အိုင်ဗရီကို့စ်က ယာယာတိုရေးနဲ့ ဒရော့ဘာတို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန် ၁၄ ရက်မှာ ကိုလံဘီယာနဲ့ ဂရိ၊ အိုင်ဗရီကို့စ်နဲ့ ဂျပန်တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

ီDVB TV News
၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေ တင်ဆက်ပေးနေရာ အုပ်စု (ဂ) မှာတော့ ကမ္ဘာ့ဖလားမှာ ရေပန်းမစားတဲ့အသင်းတွေချည်း ပါဝင်နေပါတယ်။ခံစစ်နာမည်ကြီးတဲ့ ဂရိ၊ ကိုလံဘီယာ၊ မြန်မာဘောလုံးပရိသတ်ကြိုက်တဲ့ ဒရော့ဘာတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ အာရှက ဂျပန်အသင်းတို တအုပ်စုထဲ ကျနေပါတယ်။

အိုလံပစ်အားကစား ဂျာနယ်အယ်ဒီတာ ဦးဟိန်းသန့်က ဒီအုပ်စုထဲပါတဲ့ အသင်းတွေ ခြေစွမ်းက တသင်းနဲ့ တသင်း သိပ်မကွာလှဘူးလို့ မှတ်ချက်ပေးပါတယ်။

“အဲဒီအုပ်စုကတော့ ၄ သင်းစလုံးက သိပ်မကွာဘူး။ တသင်းနဲ့ တသင်း ခြေစွမ်းပိုင်းက သိပ်ကွာတဲ့ အသင်းမဟုတ်ဘူး။ ကစားပုံတွေကတော့ ဒေသတခုချင်းစီက ကစားပုံတွေ ကွာတယ်။ ဒီအုပ်စုမှာ အမေရိကတိုက်ကို အခြေစိုက်တဲ့ ကိုလံဘီယာရယ်၊ အာဖရိကကို အခြေစိုက်တဲ့ အိုင်ဗရီကို့စ်ရယ်က ကျနော့်စိတ်ထင်က ဂရိနဲ့ ဂျပန်ထက် နည်းနည်းသာမယ်လို့ ထင်တယ်။ ထုံးစံအတိုင်းပေါ့ ကစားမယ့် မြေအနေထားရယ်၊ ကစားရမယ့် အချိန်အနေအထား ရယ်တွေက စကားပြောသွားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် တချက်စောင့်ကြည်ရမှာက ဂရိပေါ့။

ဂရိက ဒီရာသီမှာ ခြေစစ်ပွဲအောင်လာတဲ့ အနေအထားက ခံစစ်ကို အားပြုပြီးတော့ အောင်လာတဲ့ အသင်းတသင်းဖြစ်တယ်။ ဒီခံစစ်အားနဲ့ သူတို့ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။ ကျနော့်စိတ်ထင်တော့ အဲဒီအုပ်စုက အုပ်စု ပထမနေရာကို ကိုလံဘီယာ ရဖို့များပြီးတော့ ဒုတိယနေရာကိုတော့ အိုင်ဗရီကို့စ်နဲ့ ဂရိ တသင်းသင်း လုလိမ့်မယ်လို့ ထင်တယ်။”

ဒီအုပ်စုမှာ ပရိသတ်စောင့်ကြည့်ရမယ့် ကစားသမားတွေကတော့ အိုင်ဗရီကို့စ်က ယာယာတိုရေးနဲ့ ဒရော့ဘာတို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဇွန် ၁၄ ရက်မှာ ကိုလံဘီယာနဲ့ ဂရိ၊ အိုင်ဗရီကို့စ်နဲ့ ဂျပန်တို့ ပွဲဦးထွက် ယှဉ်ပြိုင်ကစားကြ ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

ီDVB TV News

No comments:

Post a Comment