တရုတ်နိုင်ငံသို့ ထွက်နိုင်သော လမ်းကြောင်းများရှိရာ တိုင်းနှင့်ပြည် နယ်လေးခုတွင် သစ်ခိုးထုတ်မှုများပြား လာသည့်အတွ က်
သစ်တောဦးစီးဌာနက ရဲတပ်ရင်းများနှင့် စစ်တပ် အကူအညီများရယူကာ ဖမ်းဆီးအရေး ယူဆောင်ရွက်နေရသည်ဟု မြန်မာနိုင်ငံ သစ်တောဦးစီးဌာန
ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဝင်းက ပြော သည်။သစ်ခိုးထုတ်မှုများ
အများဆုံးဖမ်းဆီးရမိသော ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊
မန်္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အတွင်းမှ ကျွန်းနှင့်
သစ်မာအမျိုးစားများဖြစ်သော တမလန်းသစ်များ တစ်ဖက်နိုင်ငံသို့ခိုး ထုတ်ရောင်းချမှုများကို တွေ့ရှိရ၍ ရွှေလီ တောင်ဘက်ခြမ်းတွင် စစ်ကြောင်းဖြင့် ဖမ်းဆီးအရေးယူမှု များပြုလုပ်နေသည်ဟု ဆိုသည်။“ဒီနှစ်အတွင်း သစ်တန်ချိန်ဘယ်လောက်ဖမ်းဆီးရမိတ ယ်ဆိုတာကတော့ စာရင်းပြန်ကြည့်မှသိရမယ်။ တန်ဖိုးကြီး သစ်ဖြစ်တဲ့ ကျွန်းနဲ့ အခုခေတ်စားနေတဲ့ တမလန်းသစ်ခိုးထုတ် တာတွေအများဆုံး ဖမ်းဆီးမိပါ တယ်” ဟု ညွှန်ကြားရေးမှုးချုပ်က ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက စတင်ပြီး တပ်မတော်တပ်ရင်းအကူအညီများကို
ရယူကာဆောင်ရွက်ခြင်း ဖြစ်ပြီး သစ်တောရဲ ၀န်ထမ်းများဖြင့်လည်းဖမ်းဆီးနေသစစ်ကိုင်းတိုင်းတွင် သစ်ခိုးထုတ်မှုများနှင့် ပတ်သက်ပြီး ကလေးခရိုင်နှင့် မော်လိုက်ခရိုင်များတွင် တရုတ် နိုင်ငံသို့ သစ်မာအမျိုးအစား(တမလန်းသစ်)ခိုး
“ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ရဲဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဧပြီလ ၁၅ ရက်က စပြီး သစ်ခိုးထုတ်မှုတွေဖမ်းတာ ရက်ပေါင်း ၂၀ အတွင်း သစ်တန်ချိန် တစ်သောင်းလောက်မိတယ်။ သစ်တော က ဖမ်းမိတာလည်း တန်ချိန် ၁၀၀ လောက် ရှိတယ်။ သစ်ခိုးတဲ့ လူတွေက ပေါ်ပေါ်ထင်ထင်ကို လုပ်လာ ကြတယ်။ ဒါတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်းလိုတယ်”ဟု ၎င်းက ဆိုသည်။
သစ်တောဦးစီးဌာနက ဖမ်းဆီးရမိသော သစ်အမျိုးအစားတန်ချိန်များကို ထုတ်ပေးနိုင်ရန် အခက်အခဲဖြစ်ပြီး စာရင်းများကို ပြန်ကြည့်ပြီးမှသာလျှင် ပြောဆိုနိုင်မည်ဟု ညွှန်ကြားရေးမှူးချုပ်က ဆိုသည်။သစ်ခိုးထုတ်မှု များကို ဆက်လက်ကာကွယ်နိုင်ရန် သစ်တောဦးစီးဌာနက သစ်ခိုးထုတ်မှုများသော တိုင်းနှင့် ပြည်နယ်များတွင် ရှောင်တခင် စစ်ဆေးဖမ်းဆီးပြီး သစ်ခိုးထုတ်မှုလျော့ကျရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ဆယ်နှစ်အတွင်းသစ်ခိုးထုတ်မှုတန်ခ
မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်း ဧက ၇၈ သန်းခန့် ရှိပြီး ၂၀၀၄ ခုနှစ်မှ စ၍ တန်ချိန် သုံးသိန်းကိုး သောင်းခန့်ကို ဖမ်းဆီးရမိခဲ့ပြီး သစ်ခိုးသူများကို သက်ဆိုင်ရာ သစ်တောဥပဒေအရ အရေးယူ ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။
Mizzima - News in Burmese
No comments:
Post a Comment