Thursday, May 8, 2014

မူဆယ်၌ SSA တပ်ဖွဲ့ဝင်ဟု ယူဆရသူများနှင့် မူးယစ်တပ်ဖွဲ့စု(၂၂)တို့ ပစ်ခတ်မှုဖြစ်ပွား

Photo: မူဆယ်၌ SSA တပ်ဖွဲ့ဝင်ဟု ယူဆရသူများနှင့် မူးယစ်တပ်ဖွဲ့စု(၂၂)တို့ ပစ်ခတ်မှုဖြစ်ပွား
Thursday, May 8, 2014

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်
တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက်
 နံနက်(၁၀)နာရီခန့်က တက္ကနိုင် - တီးမ -
နန့်အွမ် - မူဆယ် လမ်းကြောင်း၌ ပူးပေါင်း

စစ်ဆေးရေးအဖွဲ့နှင့် လက်နက်ကိုင် နှစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်နှင့် ကျည်ဆံများ အပါအ၀င် အဆိုပါ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ တက္ကနိုင် - တီးမ - နန့်အွမ် - မူဆယ် လမ်းကြောင်း၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်း၏ လမ်းညွှန်ချက်ဖြင့် ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီးအဖွဲ့တို့သည် မသင်္ကာဖွယ်ရှိသည့် ယာဉ်သွား ယာဉ်လာများကို စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် နေ့လည် (၁၁)နာရီခန့်၌ တောလမ်းမှ ၀င်ရောက်လာသော Pajero အမျိုးအစား အစိမ်းရောင်ကားတစ်စီးအား မသင်္ကာ၍ စစ်ဆေးမှုပြုလုပ်ရန်အတွက် ရပ်တန့်ခိုင်းစဉ်မှာ ယာဉ်ပေါ်ရှိ လူတစ်ဦးမှ သေနတ်ဖြင့် ပစ်မည်ပြုခဲ့ရာ ရဲတပ်ကြပ်မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင်တို့မှ ၀င်ရောက်၍ လုံးထွေးဖမ်းဆီးစဉ် ရဲတပ်ကြပ် မျိုးပိုင်၏ ၀ဲဘက် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ (၁)ချက် ရရှိခဲ့သည်။

ယင်းနောက် တားဆီးမရ၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါ သေနတ်သမားသည် ညာဘက်လက်ပြင်တွင် ရရှိထားသော ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားသော်လည်း

၎င်းနှင့်အတူ ပါလာသည့် စိုင်းပူးဝါ နှင့် အိုက်ထွန်းတို့အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် မော်တော်ယာဉ်အတွင်း ရှာဖွေရာ ကာလတန်ဖိုးငွေ ကျပ် (၁၂)သိန်းကျော်တန်ဖိုးရှိ ဘိန်းဆီခဲ (၂၅၆.၃)ဂရမ် နှင့် M-22 သေနတ်(၂)လက်နှင့် ၎င်းကျည် (၁၁၅)တောင့်၊ ကျည်အိမ်(၆)ခု၊ အစိမ်းရောင် တိုက်မိုင်း(၁)လုံးအပြင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော SSA ကျားခေါင်း ဘက် တံဆိပ်ပါသည့် ယူနီဖောင်းတစ်စုံ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်၌ ၀င်ရောက် လုံးထွေးဖမ်းဆီးကြသည့် ရဲတပ်ကြပ် (၂)ဦးအနက် သေနတ်ဒဏ်ရာရရှိသူ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ ရဲတပ်ကြပ် မျိုးပိုင်သည် အခင်းဖြစ်ပွားရာ နေရာမှ မိုင်(၃၀)ခန့် ကွာဝေးသည့် မူဆယ်ပြည်သူ့ဆေးရုံသို့ အရောက်တွင် နေ့လည်(၁၂)နာရီခန့်၌ ကွယ်လွန်သွားကြောင်း သိရသည်။

ဆက်လက်၍ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံအား ဖမ်းဆီးရမိရေးအတွက် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းမင်းဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်းမှ နယ်မြေခံတပ်များနှင့် ပူးပေါင်းရှာဖွေ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသော တရားခံ(၂)ဦးအား မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၄၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

သတင်း။       ။ ကိုဇောင်း
တာချီလိတ်
shwemyanmarmediagroup 
 ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်ခရိုင်တွင် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဧပြီလ(၂၉)ရက်
နံနက်(၁၀)နာရီခန့်က တက္ကနိုင် - တီးမ -နန့်အွမ် - မူဆယ် လမ်းကြောင်း၌ ပူးပေါင်း စစ်ဆေးရေးအဖွဲ့နှင့် လက်နက်ကိုင် နှစ်ဦးတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်နှင့် ကျည်ဆံများ အပါအ၀င် အဆိုပါ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ တက္ကနိုင် - တီးမ - နန့်အွမ် - မူဆယ် လမ်းကြောင်း၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်း၏ လမ်းညွှန်ချက်ဖြင့် ရဲအုပ် စိုင်းကျော်မြင့်ထွန်း ဦးစီးအဖွဲ့တို့သည် မသင်္ကာဖွယ်ရှိသည့် ယာဉ်သွား ယာဉ်လာများကို စစ်ဆေးမှုများ ဆောင်ရွက်နေကြစဉ် နေ့လည် (၁၁)နာရီခန့်၌ တောလမ်းမှ ၀င်ရောက်လာသော Pajero အမျိုးအစား အစိမ်းရောင်ကားတစ်စီးအား မသင်္ကာ၍ စစ်ဆေးမှုပြုလုပ်ရန်အတွက် ရပ်တန့်ခိုင်းစဉ်မှာ ယာဉ်ပေါ်ရှိ လူတစ်ဦးမှ သေနတ်ဖြင့် ပစ်မည်ပြုခဲ့ရာ ရဲတပ်ကြပ်မျိုးပိုင် နှင့် ရဲတပ်ကြပ် သန့်ဇင်တို့မှ ၀င်ရောက်၍ လုံးထွေးဖမ်းဆီးစဉ် ရဲတပ်ကြပ် မျိုးပိုင်၏ ၀ဲဘက် ရင်ဘတ်တွင် သေနတ်ဒဏ်ရာ (၁)ချက် ရရှိခဲ့သည်။

ယင်းနောက် တားဆီးမရ၍ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာ အဆိုပါ သေနတ်သမားသည် ညာဘက်လက်ပြင်တွင် ရရှိထားသော ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားသော်လည်း
၎င်းနှင့်အတူ ပါလာသည့် စိုင်းပူးဝါ နှင့် အိုက်ထွန်းတို့အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် မော်တော်ယာဉ်အတွင်း ရှာဖွေရာ ကာလတန်ဖိုးငွေ ကျပ် (၁၂)သိန်းကျော်တန်ဖိုးရှိ ဘိန်းဆီခဲ (၂၅၆.၃)ဂရမ် နှင့် M-22 သေနတ်(၂)လက်နှင့် ၎င်းကျည် (၁၁၅)တောင့်၊ ကျည်အိမ်(၆)ခု၊ အစိမ်းရောင် တိုက်မိုင်း(၁)လုံးအပြင် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော SSA ကျားခေါင်း ဘက် တံဆိပ်ပါသည့် ယူနီဖောင်းတစ်စုံ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်၌ ၀င်ရောက် လုံးထွေးဖမ်းဆီးကြသည့် ရဲတပ်ကြပ် (၂)ဦးအနက် သေနတ်ဒဏ်ရာရရှိသူ မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်မှ ရဲတပ်ကြပ် မျိုးပိုင်သည် အခင်းဖြစ်ပွားရာ နေရာမှ မိုင်(၃၀)ခန့် ကွာဝေးသည့် မူဆယ်ပြည်သူ့ဆေးရုံသို့ အရောက်တွင် နေ့လည်(၁၂)နာရီခန့်၌ ကွယ်လွန်သွားကြောင်း သိရသည်။
ဆက်လက်၍ ထွက်ပြေးတိမ်းရှောင်နေသူ တရားခံအား ဖမ်းဆီးရမိရေးအတွက် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မင်းမင်းဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့စုမှူး ရဲမှူး တီခေါင်လွမ်းမှ နယ်မြေခံတပ်များနှင့် ပူးပေါင်းရှာဖွေ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသော တရားခံ(၂)ဦးအား မူဆယ်မြို့မရဲစခန်းမှ မယ(ပ)၄၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
သတင်း။ ။ ကိုဇောင်း
တာချီလိတ်
shwemyanmarmediagroup

No comments:

Post a Comment