Friday, May 30, 2014

ဂျပန်ကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲ

Photo: ဂျပန်ကမ်းရိုးတန်းတွင် ရေနံတင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲ
Friday, May 30 , 2014

ဂျပန်နိုင်ငံ အနောက် တောင်ကမ်းရိုးတန်း ဟီမီဂျီဆိပ် ကမ်းအနီးတွင် မေလ ၂၉ ရက်က ရေနံတင်သင်္ဘောတစ်စီး မီး လောင်ပေါက်ကွဲခဲ့ရာ သင်္ဘော ကပ္ပတိန် ပျောက်ဆုံးနေသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ဂျပန်ရေနံတင်သင်္ဘော ရှိုကိုမာရူပေါ်တွင် သင်္ဘောသားရှစ်ဦး လိုက်ပါလာပြီး မီးလောင်ပေါက် ကွဲမှုကြောင့် သင်္ဘောကပ္ပတိန် ပျောက်ဆုံးနေကာ လူလေးဦး အ ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က မေလ ၂၉ ရက်တွင် ပြောသည်။

ကမ်းခြေစောင့်သင်္ဘောများ သည် မီးလောင်နေသော သင်္ဘော ကို ရေများပက်၍ ငြှိမ်းသတ်နေ စဉ် အခင်းဖြစ်ပွားရာနေရာမှ ဗီဒီ ယိုများနှင့် ဓာတ်ပုံများတွင် မီးခိုး လုံးများ ထွက်နေသည့် မြင်ကွင်း များကို ဖော်ပြခဲ့သည်။

ပျောက်ဆုံးနေသော သင်္ဘော ကပ္ပတိန်ကို ဆက်လက်ရှာဖွေနေ ဆဲဖြစ်သည်ဟု NHK သတင်းက ဖော်ပြသည်။

မီးလောင်ပေါက်ကွဲရသည့် အကြောင်းရင်းမှာ မရှင်းလင်း သေးကြောင်းနှင့် ပေါက်ကွဲမှုဖြစ် ပွားချိန်တွင် သင်္ဘောသားများသည် သင်္ဘောကုန်းပတ်ပေါ်၌ အလုပ်လုပ်နေကြကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျီတာကာရာဒါက ပြော သည်။
—Ref: AP
7 Day 
 ဂျပန်နိုင်ငံ အနောက် တောင်ကမ်းရိုးတန်း ဟီမီဂျီဆိပ် ကမ်းအနီးတွင် မေလ ၂၉ ရက်က ရေနံတင်သင်္ဘောတစ်စီး မီး လောင်ပေါက်ကွဲခဲ့ရာ သင်္ဘော ကပ္ပတိန် ပျောက်ဆုံးနေသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ဂျပန်ရေနံတင်သင်္ဘော ရှိုကိုမာရူပေါ်တွင် သင်္ဘောသားရှစ်ဦး လိုက်ပါလာပြီး မီးလောင်ပေါက် ကွဲမှုကြောင့် သင်္ဘောကပ္ပတိန် ပျောက်ဆုံးနေကာ လူလေးဦး အ ပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့က မေလ ၂၉ ရက်တွင် ပြောသည်။

ကမ်းခြေစောင့်သင်္ဘောများ သည် မီးလောင်နေသော သင်္ဘော ကို ရေများပက်၍ ငြှိမ်းသတ်နေ စဉ် အခင်းဖြစ်ပွားရာနေရာမှ ဗီဒီ ယိုများနှင့် ဓာတ်ပုံများတွင် မီးခိုး လုံးများ ထွက်နေသည့် မြင်ကွင်း များကို ဖော်ပြခဲ့သည်။

ပျောက်ဆုံးနေသော သင်္ဘော ကပ္ပတိန်ကို ဆက်လက်ရှာဖွေနေ ဆဲဖြစ်သည်ဟု NHK သတင်းက ဖော်ပြ သည်။

မီးလောင်ပေါက်ကွဲရသည့် အကြောင်းရင်းမှာ မရှင်းလင်း သေးကြောင်းနှင့် ပေါက်ကွဲမှုဖြစ် ပွားချိန်တွင် သင်္ဘောသားများသည် သင်္ဘောကုန်းပတ်ပေါ်၌ အလုပ်လုပ်နေကြကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကိုဂျီတာကာရာဒါက ပြော သည်။
—Ref: AP
7 Day

No comments:

Post a Comment