Sunday, May 18, 2014

မျိုးရိုးဗီဇဆိုင်ရာသံသယရှိခြင်းခံထားရသည့်တောင်ကိုရီးယားအမျိုးသမီးအသင်း တိုက်စစ်မှူးအရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စောင့်ကြည့်

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ် နေသည့် အာရှအမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်းနှင့်ပွဲစဉ်၌ခြေစွမ်းပြကစား ခဲ့သည့် Park Eun Sun လိင်မျိုးရိုးဗီဇဆိုင်ရာနှင့် သံသယရှိခြင်းခံခဲ့ ရသူဖြစ်ပြီး ယင်း ကစားသမားနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာစောင့် ကြည့်နေကြောင်း သိရသည်။

အသက်၂၈နှစ်ရှိပြီး အရပ်၅ ပေ၁ဝလက်မရှိကာကိုယ်အလေး ချိန်၁၆၃ရှိ Seol Metropolitan Government အသင်းတိုက်စစ်မှူးPark Eun Sun မှာအမျိုးသမီးကစားသမား ဟုတ်မဟုတ်နှင့်ပတ်သက်၍
ကိုရီးယားအမျိုးသမီးလိဂ်အတွင်း အငြင်းပွားမှုများ၂ဝ၁၃နိုဝင်ဘာ ကာလအတွင်းဖြစ်ပွားခဲ့ကာ ယင်းအား မျိုးဗီဇစစ်ဆေးပေးရန် အမျိုးသမီးကလပ်အသင်း၅သင်းမှ နည်းပြ၅ဦးကတောင်းဆိုခဲ့ကာ စစ်ဆေးမှု မလုပ်လျှင် လိဂ်အား သပိတ်မှောက်မည်အထိပြုလုပ် မည်ဟုခြိမ်းခြောက်ခဲ့ကြသည်။
ယင်းနောက်ပိုင်းတွင်ကိုရီး ယားအမျိုးသမီးဘောလုံးအဖွဲ့ ချုပ် နှင့်ကလပ်အသင်းမှနည်းပြများ တံခါးပိတ်ဆွေးနွေးခဲ့ပြီး ယင်းကိစ္စ ပြေလည်ခဲ့သော်လည်း ခဲ့သည့် Park Eun Sun စစ်ဆေးမှု မှတ်တမ်းကိုထုတ်ပြန်ချက်မပြု လုပ်ခဲ့ကြောင်းကိုရီးယားသတင်း စားများတွင်ဖော်ပြခဲ့သည်။

Park Eun Sun အနေဖြင့်၂ဝဝ၃အမျိုးသမီးကမ္ဘာ့ ဖလား၂ဝဝ၄အေသင်အိုလံပစ် ပြိုင်ပွဲများတွင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ သော်လည်း ၂ဝ၁ဝအာရှအမျိုးသ မီးပြိုင်ပွဲမတိုင်မီတရုတ်အမျိုးသမီး အသင်းနည်းပြက ယင်းကစားသ မားနှင့်ပတ်သက်၍ ဆေးစစ်ရန် တောင်းဆိုခဲ့သည့်နောက်ကိုရီး ယားအမျိုးသမီးဘောလုံး အဖွဲ့ချုပ် မှာ ယင်းကစားသမားမှာ ဒဏ်ရာ ပြဿနာရှိနေခြင်းကြောင့်လူစာ ရင်းတွင်ရွေးခြယ်ခြင်းမပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ မျိုးရိုးဆိုင်ရာ သံ သယရှိခြင်းခံထားရသည့်ကစားသ မားအရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှမည်သို့ လုပ်ဆောင်မည်ဆိုခြင်းအပေါ် ဗီယက်နမ်နိုင်ငံတွင်မြန်မာအမျိုး သမီးအသင်းနှင့်လိုက်ပါသွား သည့်မြန်မာအမျိုးသမီးအသင်းမီဒီ ယာအရာရှိအားဆက်သွယ်ခဲ့ ရာ'' ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ် သက်လို့သူ့သတင်းတွေ ကိုစောင့်ကြည့် နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့တရုတ်နဲ့ကစားမယ့် အရေးကြီးနေလို့ပါ။ ဒီပွဲပြီးရင် တော့ရလဒ်ပေါ်မူတည်ပြီးဆုံး ဖြတ်သွားမယ်''ဟုပြောသည်။
မြန်မာအမျိုးသမီးအသင်း သည် တရုတ်အမျိုးသမီးအသင်း နှင့် မေလ၁၇ရက်နေ့ကယှဉ်ပြိုင် ကစားခဲ့ပြီး(3-0 ) ဂိုးနှင့်ရှုံးနိမ့်ခဲ့ရာ ကိုရီးယားတိုက်စစ်မှူး ခဲ့သည့် Park Eun Sun နှင့်ပတ်သက်၍မည်သို့ လုပ်ဆောင်မည်မှာစိတ်ဝင်စားစ ရာဖြစ်လာသည်။

မြန်မာအမျိုးသမီးအသင်းနှင့် ပွဲစဉ်တွင်ခြေစွမ်းပြ၂ဂိုးသွင်းခဲ့သည့်ယင်းကစားသမားသည် စက် တင်ဘာလက ပြီးဆုံးခဲ့သော ကိုရီးယားအမျိုးသမီးလိဂ်တွင် ၁၉ပွဲကစား၂၂ဂိုးဖြင့် ဂိုးအများ ဆုံးသွင်းသူအဖြစ် ရပ်တည်ခဲ့သူဖြစ်ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment