Thursday, May 8, 2014

ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း တိရစ္ဆာန် မွေးမြူခြင်း ကို မြို့နယ် ၁၄ မြို့နယ် ၌သာ ခွင့်ပြု

ရန်ကုန် မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း တိရစ္ဆာန် မွေးမြူခြင်း ကို မြို့နယ် ၁၄ မြို့နယ် ၌ သာ ခွင့်ပြု ထားကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ၏ ထုတ်ပြန် ချက် အရ သိရ သည်။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ အချို့သော မြို့နယ် ရပ်ကွက် များတွင် တိရစ္ဆာန် များ ကို စီးပွားရေး လုပ်ငန်း တစ်ခု အဖြစ် မွေးမြူရေး လုပ်ငန်း များကို လုပ်ကိုင် ဆောင် ရွက် နေကြကြောင်း၊ အဆိုပါ မွေးမြူရေး လုပ်ငန်း များမှ ထွက်ရှိ လာသော ဆူညံသံ များနှင့် အနံ့ ဆိုး များကြောင့် ပတ်ဝန်းကျင် ကို အနှောင့် အယှက် ဖြစ်စေ သည့် အပြင် ကျန်းမာရေး ကိုလည်း ထိခိုက်မှု ဖြစ်စေ ကြောင်း သိရ သည်။ထိုကြောင့် တိရစ္ဆာန် မွေးမြူရေး လုပ်ငန်းများ ကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း ၌ မြို့နယ် ၃၃ မြို့နယ် ရှိသည့် အနက် မြို့နယ် ၁၄ မြို့နယ် ကိုသာ ခွင့်ပြု ပေးထား ကြောင်း၊ ထိုသို့ မွေးမြူခွင့် ပေးထား သည့် မြို့နယ် များ ၌ မွေးမြူ မည် ဆိုလျှင် အဆိုပါ မွေးမြူ ရေး လုပ်ငန်း များမှ ထွက်ရှိ လာသည့် ဆူညံ သံများ နှင့် အနံ့ အသက် များသည် ပတ်ဝန်း ကျင် ကို အနှောင့် အယှက် ဖြစ်၊ မဖြစ် ကိစ္စ များနှင့် ပတ်သက် ၍ ပတ်ဝန်း ကျင် နေထိုင် သူများ သဘော ထား ထောက်ခံ ချက်များ ရယူ ကာ မွေးမြူ ရေး လိုင်စင် တင်ပြ လျှောက်ထား ရမည် ဖြစ် သည်။

ထိုသို့တင်ပြ လျှောက်ထား လာပါက သက်ဆိုင် ရာ ခရိုင်ရုံး များမှ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် မှု ပြန်လည် တင်ပြ ချက်များ အရ သတ်မှတ် စည်းကမ်း များ နှင့် အညီ မှတ်ပုံ တင်ပြီး မွေးမြူ ရေး လိုင်စင် ထုတ်ပေး မည် ဖြစ်ကြောင်း၊ ၄င်း မြို့နယ် ဒေသ များ တွင် လိုင်စင်မဲ့ မွေးမြူရေး လုပ်ငန်း များ လုပ်ကိုင် ဆောင်ရွက် နေမှုရှိ၊ မရှိ ကိုလည်း တိရစ္ဆာန် ဆေးကု နှင့် သားသတ် ဌာန မှ သက်ဆိုင်ရာ ခရိုင် များ အလိုက် ကြပ်မတ် စစ်ဆေး ဆောင်ရွက် လျက် ရှိကြောင်း သိ ရသည်။ အဆိုပါ မွေးမြူရေး လုပ်ငန်း များမှ အနီး ပတ်ဝန်းကျင် ကို အနှောင့် အယှက် ဖြစ်နေ ကြောင်း၊ တိုင်ကြား လာလျှင် လည်း ကွင်းဆင်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း၊ ကွင်းဆင်း စစ်ဆေး ရာတွင် တိုင်ကြား သည့် အတိုင်း မှန်ကန် မှု ရှိနေ လျှင် အဆိုပါ မွေးမြူ ရေး ကို အချိန် ကာလ နေ့ရက် သတ်မှတ် ကာ အဆိုပါ နေရာ မှ ပြောင်းရွှေ့ စေမည် ဖြစ်ကြောင်း သိရ သည်။
ဇာညီသစ္စာ

No comments:

Post a Comment