Thursday, May 8, 2014

MEC Tel ဖုန်းများ အင်တာနက် နေ့ချင်းပြီး လျှောက်ထားနိုင်ဟုဆို

အကန့်အသတ် များစွာဖြင့် လစဉ် ရောင်းချနေသည့် ကျပ် ၁၅၀၀ တန် MEC Tel CDMA 800 MHz ဖုန်းများကို နေ့ချင်းပြီး အင်တာနက် လျှောက်ထားခွင့် ပြုကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ သိရသည်။အဆိုပါ ဝန်ဆောင်မှုကို ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် Mobile Care Cente ရှိ ရုံးချုပ် အခြေစိုက် အဝေးဆက်သွယ်ရေး စခန်းတွင် ဆောင်ရွက်နေခြင်း ဖြစ်ပြီး လာရောက် လျှောက်ထားသူများ အနေနှင့် လျှောက်လွှာ အချက်အလက် ဖြည့်စွက် လျှောက်ထားပြီးပါက အင်တာနက်လိုင်း ဖွင့်ပေးကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။ ယခင်က MEC Tel CDMA 800MHz မိုဘိုင်းလ်ဖုန်း အင်တာနက် လျှောက်လွှာများကို ရန်ကုန်စာတိုက်ကြီးရှိ မိုဘိုင်းလ်ဖုန်း ကတ်ပျောက် လျှောက်ထားရသည့် မြန်မာ့ဆက်သွယ်ရေးရုံးတွင် လျှောက်ထား ခဲ့ရသော်လည်း ယခုအခါ ရုံးချုပ်အခြေစိုက် အဝေးဆက်သွယ်ရေးစခန်း မြေညီထပ်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် Mobile Care Center တွင်သာ လက်ခံ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန် ကြေညာသည်။
“အင်တာနက်လျှောက်ဖို့ လျှောက်လွှာ ဝယ်ခိုင်းတယ်။ ပြီးရင် လျှောက်လွှာမှာ ဖောင်ဖြည့်ပြီး တစ်ခါတည်း ဖွင့်ပေးတယ်။ အင်တာနက်လိုင်း ဖွင့်ဖို့က (ကျပ်) တစ်သောင်း၊ လျှောက်လွှာဖိုးက (ကျပ်) နှစ်ရာ” ဟု အဆိုပါ MEC Tel Mobile Care Center တွင် အင်တာနက်လိုင်း ဖွင့်လှစ်ခဲ့သူ ဦးအောင်မြတ်သူက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် GSM အမျိုးအစား ဖုန်းများကို အင်တာနက်လိုင်း ဖွင့်လှစ်ရန်အတွက် SMS မက်ဆေ့ပို့၍ လျှောက်ထားခွင့် ပြုသော်လည်း MEC Tel CDMA 800 MHz ဖုန်းအမျိုးအစားများကိုမူ ယခင်က သတ်မှတ် နေရာများတွင်သာ လျှောက်လွှာဖြင့် ကိုယ်တိုင် လျှောက်ရသည်။
The Voice Weekly

No comments:

Post a Comment