Thursday, May 8, 2014

ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထားခံရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်း၏ ၂၃ ယောက်လူစာရင်းထွက်ရှိ


Photo: ရော်နယ်ဒင်ဟို၊ ကာကာ နှင့် ကော်တင်ဟိုတို့ ချန်လပ်ထားခံရတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် ဘရာဇီးအသင်း၏
၂၃ ယောက်လူစာရင်းထွက်ရှိ
Thursday, May 8, 2014

နည်းပြစကိုလာရီ၏ ဘရာဇီးလက်ရွေးစင်အသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆)ဦးပါဝင်ပြီးတော့ ကော်တင်ဟို၊ ကာကာ၊ ရော်နယ်ဒင်ဟို နှင့် ရော်ဘင်ဟိုတို့တော့ မပါဝင်လာတော့ပါဘူး။ ချယ်ဆီးစတား ကစားသမားများဖြစ်တဲ့ ရာမီးရက်၊ ၀ီလီယံ၊ လူးဝစ် နှင့် အော်စကာတို့ပါဝင်ခဲ့သလို ဖာနန်ဒင်ဟို နှင့် ပေါ်လင်ဟို တို့လည်းပါဝင်လာပါတယ်။ ဘရာဇီးအသင်းသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့်အခိုက်မှာ ကမ္ဘာ့ဖလားအား ခြောက်ကြိမ်မြောက်အဖြစ် ရယူနိုင်ရေး မျှော်လင့်ချက် ထားရှိလျှက်ရှိပြီး ပြိုင်ပွဲအတွင်းမှာ ဘာစီလိုနာ တိုက်စစ်မှုး နေးမား၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ အသင်းခေါင်းဆောင်အဖြစ် PSG အသင်းမှာ ကစားနေသည့် နောက်ခံလူ သီအာဂို ဆေးဗားမှ တာဝန်ယူမည်ဟု သိရသည်။ နည်းပြစကိုလာရီသည် ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျပန် နှင့် ကိုရီးယားတွင် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားကို ရယူပေးခဲ့ပြီး ပြီးခဲ့သည့် နှစ်က ကွန်ဖရက်ဒေးရှင်းဖလားပြိုင်ပွဲတွင် ဥရုဂွေး၊ စပိန် နှင့် အီတလီအသင်းများကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားပြန်သည်။ ပြိုင်ပွဲမတိုင်ခင်မှာ ပနားမား နှင့် ဆာဘီးယားအသင်းတို့ဖြင့် ခြေစမ်းကစားမည်ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက်မှာ အုပ်စုတွင်း ပြိုင်ဘက်များဖြစ်တဲ့ မက္ကဆီကို နှင့် ကင်မရွန်းအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

ဘရာဇီး လူစာရင်း။ ။
ဂိုး။ ။ ဂျုလီယို ဆီဆာ (Toronto FC)၊ ဂျက်ဖာဆန် (Botafogo)၊ ဗစ်တာ (Gremio)
နောက်တန်း။ ဒါနီရယ် အဲလ်ဗက် (Barcelona)၊ မိုင်ကွန် (Internazionale)၊မာဆယ်လို (Real Madrid)၊ မက်ဝဲလ် (PSG)၊ ဒေးဗစ် လူးဝစ် (Chelsea)၊ သီအာဂို ဆေးလ်ဗား (PSG)၊ ဒန်တဲ (Bayern Munich)၊ ဟီနရီကွေး (Napoli)။ 
အလယ်တန်း ။ ။ ပေါ်လင်ဟို (Tottenham)၊ ရာမီးရက် (Chelsea)၊ ဖာနန်ဒင်ဟို (Manchester city)၊ အော်စကာ (Chelsea)၊ ၀ီလီယံ (Chelsea)၊ လူးဝစ် ဂူစတာဗို (Wolfsburg)၊ ဟာနနီ (Internazionale)၊ ဘာနာဒ် (Shakhtar Donetsk)
ရှေ့ တန်း။ ။ ဖရက်ဒ် (Fluminense)၊ နေမား (Barcelona)၊ ဟော့ခ် (Zenit St Petersburg)၊ ဂျို (Atlético Mineiro)

Football Café နည်းပြစကိုလာရီ၏ ဘရာဇီးလက်ရွေးစင်အသင်းတွင် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ကစားသမား (၆)ဦးပါဝင်ပြီးတော့ ကော်တင်ဟို၊ ကာကာ၊ ရော်နယ်ဒင်ဟို နှင့် ရော်ဘင်ဟိုတို့တော့ မပါဝင်လာတော့ပါဘူး။ ချယ်ဆီးစတား ကစားသမားများဖြစ်တဲ့ ရာမီးရက်၊ ၀ီလီယံ၊ လူးဝစ် နှင့် အော်စကာတို့ပါဝင်ခဲ့သလို ဖာနန်ဒင်ဟို နှင့် ပေါ်လင်ဟို တို့လည်းပါဝင်လာပါတယ်။
ဘရာဇီးအသင်းသည် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရသည့်အခိုက်မှာ ကမ္ဘာ့ဖလားအား ခြောက်ကြိမ်မြောက်အဖြစ် ရယူနိုင်ရေး မျှော်လင့်ချက် ထားရှိလျှက်ရှိပြီး ပြိုင်ပွဲအတွင်းမှာ ဘာစီလိုနာ တိုက်စစ်မှုး နေးမား၏ စွမ်းဆောင်ရည်များကို မြင်တွေ့ရဖွယ်ရှိသည်ဟု သုံးသပ်နေကြသည်။ အသင်းခေါင်းဆောင်အဖြစ် PSG အသင်းမှာ ကစားနေသည့် နောက်ခံလူ သီအာဂို ဆေးဗားမှ တာဝန်ယူမည်ဟု သိရသည်။ နည်းပြစကိုလာရီသည် ဘရာဇီးအသင်းကို ကိုင်တွယ်ခဲ့စဉ်က ဂျပန် နှင့် ကိုရီးယားတွင် ကျင်းပခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားကို ရယူပေးခဲ့ပြီး ပြီးခဲ့သည့် နှစ်က ကွန်ဖရက်ဒေးရှင်းဖလားပြိုင်ပွဲတွင် ဥရုဂွေး၊ စပိန် နှင့် အီတလီအသင်းများကို အနိုင်ရရှိခဲ့ကာ ချန်ပီယံဆုကို ပူပူနွေးနွေးရယူပေးထားပြန်သည်။ ပြိုင်ပွဲမတိုင်ခင်မှာ ပနားမား နှင့် ဆာဘီးယားအသင်းတို့ဖြင့် ခြေစမ်းကစားမည်ဖြစ်ပြီး၊ ဇွန်လ ၁၂ ရက်နေ့မှာတော့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ထို့နောက်မှာ အုပ်စုတွင်း ပြိုင်ဘက်များဖြစ်တဲ့ မက္ကဆီကို နှင့် ကင်မရွန်းအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဘရာဇီး လူစာရင်း။ ။
ဂိုး။ ။ ဂျုလီယို ဆီဆာ (Toronto FC)၊ ဂျက်ဖာဆန် (Botafogo)၊ ဗစ်တာ (Gremio)
နောက်တန်း။ ဒါနီရယ် အဲလ်ဗက် (Barcelona)၊ မိုင်ကွန် (Internazionale)၊မာဆယ်လို (Real Madrid)၊ မက်ဝဲလ် (PSG)၊ ဒေးဗစ် လူးဝစ် (Chelsea)၊ သီအာဂို ဆေးလ်ဗား (PSG)၊ ဒန်တဲ (Bayern Munich)၊ ဟီနရီကွေး (Napoli)။
အလယ်တန်း ။ ။ ပေါ်လင်ဟို (Tottenham)၊ ရာမီးရက် (Chelsea)၊ ဖာနန်ဒင်ဟို (Manchester city)၊ အော်စကာ (Chelsea)၊ ၀ီလီယံ (Chelsea)၊ လူးဝစ် ဂူစတာဗို (Wolfsburg)၊ ဟာနနီ (Internazionale)၊ ဘာနာဒ် (Shakhtar Donetsk)
ရှေ့ တန်း။ ။ ဖရက်ဒ် (Fluminense)၊ နေမား (Barcelona)၊ ဟော့ခ် (Zenit St Petersburg)၊ ဂျို (Atlético Mineiro)

Football Café

No comments:

Post a Comment