Tuesday, May 27, 2014

အနိမ့်ဆုံးလုပ်အားခ သတ်မှတ်နိုင်ရေးအဆိုကို ယခုလာမည့်လွှတ်တော်တွင် တင်နိုင်ဖွယ်မရှိဟုဆို

ရန်ကုန်၊ မေ ၂၆- အနည်းဆုံးအခ ကြေးငွေ ဥပဒေအရ အနိမ့်ဆုံးလုပ် အားခသတ်မှတ်နိုင်ရေးကို ယခုလာ မည့်လွှတ်တော်တွင် တင်နိုင်ဖွယ် မရှိ ကြောင်း အမျိုး သားကော်မတီအဖွဲ့ ဝင်များနှင့် တိုင်းဒေသကြီးကော်မတီ ဝင်များ၏ ပြောပြချက်အရ သိရသည်။

အနည်းဆုံးအခကြေးငွေဥပဒေ အရ အနိမ့်ဆုံးလုပ်အားခ သတ်မှတ် နိုင်ရေးအတွက် ကော်မတီများဖွဲ့ကာ စစ်တမ်းများ ကောက်ခံခြင်းကို လုပ် ဆောင်လျက်ရှိနေသော်လည်း အမျိုး သားကော်မတီအဆင့် အစည်းအဝေး နှစ်ကြိမ်ခန့်နှင့် တိုင်းဒေသကြီးကော် မတီအစည်းအဝေး တစ်ကြိမ်ခန့်သာ ပြု လုပ်ရသေးကြောင်းနှင့် လုပ်ငန်း ပေါ်မူတည်ပြီး သတ်မှတ်ရေး၊ တိုင်း ဒေသကြီးအပေါ်မူတည်ပြီး သတ်မှတ်
မည်လားဆိုသည့် သတ်မှတ်ချက်များ ကြောင့် ကြန့်ကြာမှုများဖြစ်ပေါ်နေ ကြောင်း ကော်မတီဝင် များ၏ ပြောပြ ချက်အရ သိရသည်။

အမျိုးသားကော်မတီအဖွဲ့ဝင် ဦးနော်အောင်က ''တိုင်းဒေသကြီး ကော်မတီတွေ ကို ဘာတွေညွှန်ကြား ထားတယ်။ သူတို့လဲဘာတွေ လုပ်နေ တယ်ဆိုတာ အမျိုးသားကော်မတီ အစည်းအဝေးက နှစ်ကြိမ်ပဲရှိသေး တဲ့အတွက် မသိသေး ပါဘူး။ ဒါပေမဲ့ ဒုတိယကြိမ်မှာတော့ ပြည်ထောင်စု ဝန်ကြီးကိုယ်တိုင်က အခုပြန်စမယ့် လွှတ်တော်မှာတင်ပြီး ဆွေးနွေးနိုင် မှာပါလို့ ပြောထားတာတော့ရှိ ပါတယ်။ ဒါပေမဲ့ အမျိုးသားကော်မတီတောင် မှ အခုထိ စစ်တမ်းကောက်နေတယ် လို့ပဲ သိထားတဲ့အတွက် အခုစမယ့် လွှတ်တော်မှာ ကျွန်တော့်အမြင်အရ ဆို မတင်သွင်းနိုင်ဖို့ များပါတယ်''ဟု ပြောသည်။

ယင်းမှ ဆက်လက်ပြီး တိုင်း ဒေသကြီးကော်မတီများမှ တင်သွင်း လာသည့် အဆိုပြုတင်ပြချက်များ အပေါ် မူတည်ကာ အမျိုးသားကော် မတီအဆင့် မှ ဆွေးနွေး သွားမည်ဖြစ် ကြောင်း၊ ယင်းဆွေးနွေးရရှိချက်များ အား လွှတ်တော် သို့ ပြန်လည်တင် သွင်းရမည်ဖြစ်ပြီး လွှတ်တော်မှ ဆုံး ဖြတ်ရမည်ဖြစ်ကြောင်း အမျိုးသား ကော်မတီ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောပြသည်။

သို့သော် တိုင်းဒေသကြီးကော် မတီ၏ အကြံပြုချက်များ တင်သွင်း ခြင်း မရှိသေးသည့်အတွက် အမျိုး သားကော်မတီ အနေဖြင့် ပြောဆို၍ မရရှိသေးကြောင်း ပြောသည်။

မန္တလေးတိုင်းဒေသကြီး အ နည်းဆုံး အခကြေးငွေသတ်မှတ် နိုင် ရေးကော်မတီ အဖွဲ့ဝင် ဦးဇော်နိုင်က ''တိုင်းကော်မတီအနေနဲ့လဲ စစ်တမ်း ကောက်နေတယ် လို့ပဲ သိထားပါတယ်။ ဒါပေမဲ့ တိုင်းကော်မတီတွေအနေ နဲ့ ဇွန်လကုန်မှ အမျိုးသား အဆင့် ကို အစီရင်ခံ စာ အပြီးတင်ပေးရမယ် လို့တော့သတ်မှတ်ထား ပါတယ်''ဟု ပြောသည်။
ယင်းမှဆက်လက်ပြီး တိုင်းကော် မတီ၏ အစည်းအဝေးတစ်ကြိမ်သာ ရှိသေး သည့်အတွက် အစီရင်ခံစာ တင်ဖြစ်နိုင်၊ မဖြစ်နိုင်ကို အတိအကျ ပြောကြား ၍မရရှိကြောင်း၊ မန္တလေး တိုင်းဒေသကြီးအနေဖြင့်လည်း လုပ် ငန်းအရခွဲခြားကာ သတ်မှတ်ခြင်း၊ သို့ မဟုတ် တိုင်းဒေသကြီးအရ ခွဲခြားကာ သတ်မှတ်မည်ဆို သည့်အပေါ်တွင် လုပ်ဆောင်ရခက်ခဲနေကြောင်း ပြော သည်။

အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်ရာတွင် သတ်မှတ်ချက်နှုန်း နည်း သွားပါက အလုပ်သမားများကို ထိခိုက် နိုင်ကြောင်း၊ များသွားမည်ဆိုပါက လည်း နိုင်ငံကို ထိခိုက်နိုင်ကြောင်း၊ ထိုင်းနိုင်ငံသည် ဥပမာအဖြစ် ရှိနေ ကြောင်း ပြော သည်။

အလုပ်သမားများအတွက် အနိမ့် ဆုံးလုပ်ခသတ်မှတ်ချက်ကို အစိုးရ က သတ်မှတ်ပေးသည်ဟုဆိုကာ အ လုပ်ရှင်များမှ အခြေခံလစာနှုန်းထား များ တိုးမြှင့်ခြင်းများရှိနေသည်ဟု အလုပ်သမားများ၏ ပြောဆိုသည့်အ ချက်များရှိနေ သည့်အပြင် လုပ်ခလ စာတိုးမြှင့်ရရှိရေးအတွက်လည်း ဆန္ဒ ပြတောင်း ဆိုနေခြင်းများလည်း စက် မှုဇုန်အသီးသီးတွင် ဖြစ်ပေါ်နေကြောင်း သိရသည်။

အလုပ်သမားအဖွဲ့စည်းတချို့ နှင့် အလုပ်သမားများသည်လည်း တစ်နေ့လုပ် အားခကို ကျပ်၅၆၀၀၊ ၇၀၀၀၊ ၈၅၀၀ စသည်ဖြင့် တောင်း ဆိုလျက်ရှိနေကြောင်း အခြေခံ အလုပ် သမားများ၏ ပြောပြချက်အရ သိရ သည်။

အလုပ်သမားများ ၏ ကျွမ်းကျင် မှုအရည်အချင်းများ မတူညီခြင်း၊ နေရာဒေသပေါ် မူတည်ကာ ဈေးနှုန်း ကွာခြားခြင်း၊ လူနေမှုပုံစံအမျိုးအစား များမတူညီခြင်း စသည့် အခက်အခဲ ပြဿနာများကြောင့် နှုန်းထားသတ် မှတ်ချက် ထွက်ပေါ်နိုင်ရန်အတွက် ကြာမြင့်နေခြင်းဖြစ်ကြောင်းနှင့် ယခု တွင်လည်း ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း စသည့် တိုင်းတို့တွင် လူနေမှုကုန်ကျစရိတ်ပေါ် မူတည် ကာ စစ်တမ်း များကောက် ခံပြီးဖြစ် ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အလုပ်သမားဝန်ကြီးဌာန ဒုတိ ယဝန်ကြီးဒေါ်ဝင်းမော်ထွန်းက ''သတ် မှတ်ချက် ထွက်နိုင်ဖို့ ပြည်နယ်နဲ့ တိုင်း ကော်မတီက ဥက္ကဋ္ဌတွေအားလုံးနီးပါး နဲ့ သွား ပြီးဆွေးနွေး ပြီးပါပြီ။ ဆွေး နွေးစရာ ရခိုင်ပြည်နယ်တစ်ခုတည်း ကျန်ပါတော့ တယ်။ ၂၀၁၄ဒီဇင်ဘာ အမီ ထွက်ပေါ်နိုင်အောင်လို့ ဆောင် ရွက်သွားမှာပါ''ဟု သတင်းမီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားထား ခဲ့သည်။

အဆိုပါလုပ်ခလစာသတ်မှတ် ရာတွင်လည်း အနည်းဆုံးအခကြေး ငွေဥပဒေအရ ကူးသန်းရောင်းဝယ် ရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ဝန် ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတစ်ခုခုကို လုပ် ကိုင်ရန် အလုပ်ရှင်နှင့် သဘော တူညီ ထားသည့် ကာယ၊ ဉာဏအားဖြင့် အမြဲတမ်း အလုပ်၊ယာယီ အလုပ်ဖြစ် သည့် အလုပ်သင်များနှင့် ပညာသင် များ၊ စာရေးနှင့် ရုံးဝန်ထမ်းများ၊ လုပ် ငန်းခွင်ပြင်ပ အလုပ်သမားများ၊ အိမ် အကူနှင့် ယာဉ်မောင်းများ၊ လုံခြုံရေး အစောင့် ဝန်ထမ်းများနှင့် သန့်ရှင်းရေး ဝန်ထမ်းများ၊ မွမ်းမံပြင်ဆင်ရေးလုပ် သားများသာ သက်ဆိုင်ခြင်းရှိမည် ဖြစ်ကြောင်း သိရသည်။
ZCH
[--Democracy today Daily Newspaper--]

Yangon media Group

No comments:

Post a Comment