Tuesday, May 20, 2014

တိုင်းပြည် ဆူပူအုံကြွမှုဖြစ်လာအောင် လှုံ့ဆော်နေတဲ့ NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားများ

Photo: တိုင်းပြည် ဆူပူအုံကြွမှုဖြစ်လာအောင် လှုံ့ဆော်နေတဲ့ NLD နဲ့ ၈၈ မျိုးဆက်ကျောင်းသားများ

May 20, 2014

၂၀၁၅ နီးလာတာနဲ့အမျှ အသက်အရွယ်နဲ့မလိုက်အောင် နယ်တကာလှည့်ပြီး စည်းရုံးရေးတွေ ဆင်းနေရတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကိုတော့ သူမသွားရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စလင် အရေး အခင်းတုန်းက ရေငုံနှုတ်ပိတ်နေလို့ ရခိုင်ပြည်သူတွေက စည်းရုံးရေးလာဖို့မပြောနဲ့ အလည်တောင် အလာ မခံဘူးဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာ ပုဒ်မ ၅၉ (စ) ပါ။ ဒီပုဒ်မဟာ လူမျိုးခြား၊ ဘာသာခြားတွေ မြန်မာနိုင်ငံသမ္မတအဖြစ် ကြီးစိုးနိုင်ရေးအတွက် မျှော်မှန်းရေးဆွဲခဲ့တယ်ဆိုတာ လူတိုင်းအသိမို့လို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲအစည်းတွေတောင်ဖွဲ့စည်းပြီး ဒီပုဒ်မ ၅၉ (စ) ကိုပြင်ဖို့ မလွယ်ကူမှန်း သိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာတော့ ပုဒ်မ ၄၃၆ ဆိုပြီး ခေါင်းစဉ် တပ်ကာ သူ သမ္မတ ဖြစ်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိင်ဖို့ ၈၈ မင်းကိုနိုင်တို့နဲ့ ပူးပေါင်း ပြီး ကြိုးစားလာပြန်ပါတယ်။ ဒါပေမယ့် အခြားသောပါတီများနဲ့တကွ အမျိုးဘာသာကို စောင့်ရှောက်လိုတဲ့ အဖွဲ့ အစည်းတွေဟာ သူ့ရဲ့လှုပ်ရှားမှုကို မထောက်ခံခဲ့ကြပါဘူး။ 

အဲဒီအတွက်ကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ မထောက်ခံတဲ့ ပါတီတွေဟာ တာဝန်မကျေဘူးဆိုပြီး အခြားပါတီတွေကို ပုတ်ခတ် ပြောဆိုခဲ့ပါ သေးတယ်။
ဒီလောက်နဲ့တင်မပြီးသေးဘူး နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို (၂၄) နာရီ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကိုပါ စိန်ခေါ်လာပြန်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းသွေးဆိုပေ မယ့် ဗိုလ်ချုပ်ကိုရော တကယ်ချစ်ရဲ့လား မှတ်မိသေးရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ “ တပ်မတော်ကို အခွင့်ထူး ပေးထားတာ အခွင့်ထူးပေးတယ် အခွင့်ထူးခံတယ်ဆိုတာ အင်မတန် ရှက်စရာကောင်းတယ် ကျမသာ အခွင့်ထူးပေးခံရတယ်ဆိုရင် ကျမအလွန်ရှက်မိမှာပဲ.....”ဆိုတဲ့ စကားနဲ့ နိုင်ငံနဲ့လူမျိုးအတွက် စွန့်လွတ်စွန့်စား တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို ပြည်သူနဲ့ သွေးခွဲတဲ့စကားဟာ တပ်မတော်သားတွေ အတွက် အင်မတန်မှ နာကျင်စရာဖြစ်ခဲ့ပါတယ်။

NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေပေါင်းပြီး ပုဒ်မ ၄၃၆၊ ၅၉( ဃ/ စ) ပြင်ဆင်နိုင်ဖို့ ဟောပြောပွဲတွေ လုပ်ပြီး ပုဒ်မ ၄၃၆၊ ၅၉( ဃ/ စ) ပြင်မလား တိုင်းပြည်အပျက်ခံမလားဆိုတဲ့ အခြေအနေကို တဖြည်းဖြည်းနဲ့ ဖြစ်စပြုအောင် စကားလုံးတွေနဲ့ သွေးဆူအောင်လှုံ့ဆော်နေပါပြီ။ အမှန်တကယ် တိုင်းပြည် ကောင်းစားဖို့ အတွက်သာဆိုရင် ဘယ်သူ့ကိုမှ စိန်ခေါ်နေဖို့ မလိုအပ်ပါဘူး။ သမ္မတ မဖြစ်ရင်လည်း ကျရာနေရာကနေပြီး တော့ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ပေးနိုင်ဖို့သာ လိုအပ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ကောင်းစားဖို့ဆိုတာ လူတစ်ဦးတစ်ယောက်တည်းမှာ တာဝန်ရှိတာမဟုတ်ပါဘူး။ နိုင်ငံသား တိုင်းမှာ တာဝန်ရှိတာပါ။ 

ဒါတွေကိုလည်း နားလည်ဖို့လိုတယ်။ ငါသမ္မတဖြစ်မှ သမ္မတ နေရာရောက်မှ တိုင်းပြည်ကောင်းစားမယ်ဆိုတဲ့ အတွေးအခေါ်က အတ္တသမားတွေ ကိုယ်တစ်ဦးတည်း ကောင်းစားဖို့ကိုသာ ကြည့်တတ်တဲ့သူသာ ဖြစ်ပါတယ်။
ပင်ပန်းဆင်းရဲကြီးစွာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အခွင့်ထူးခံသမားတွေလို့ စွပ်စွဲလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ကြီးကို လူအုပ်နဲ့ ပိတ်ဆို့လိုက်နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ တဲ့ ထာဝရကျောင်းသားကြီး မင်းကိုနိုင်တို့ကိုယ်တိုင်ကော နိုင်ငံအကျိုးရှိအောင် ဘာတွေများ လုပ်ပေးနိုင်ခဲ့ပြီလဲ လုပ်ပေးနိုင်ဖို့မပြောနဲ့ ကိုယ်ကိုယ်တိုင်ကော အခြေခံ စိတ်ဓာတ်ကောင်းအောင် ပြင်နိုင်လို့လားဆိုပြီး မေးလိုက် ချင်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ညင်ညင်သာသာနဲ့ ကူးပြောင်းနေတဲ့ တိုင်းပြည်ကို ဆူပူ အုံကြွမှုဖြစ်လာအောင် လုပ်နေတဲ့သူတွေဟာ NLD နဲ့ မင်းကိုနိုင်တို့သာဖြစ်ကြောင်း အသိအလင်း ပြောကြား လိုပါတယ်။

ချမ်းအောင်

နေ့စဉ်သတင်း 
 ၂၀၁၅ နီးလာတာနဲ့အမျှ အသက်အရွယ်နဲ့မလိုက်အောင် နယ်တကာလှည့်ပြီး စည်းရုံးရေးတွေ ဆင်းနေရတာကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ရခိုင်ပြည်နယ်ကိုတော့ သူမသွားရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွတ်စလင် အရေး အခင်းတုန်းက ရေငုံနှုတ်ပိတ်နေလို့ ရခိုင်ပြည်သူတွေက စည်းရုံးရေးလာဖို့မပြောနဲ့ အလည်တောင် အလာ မခံဘူးဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဓိက အဟန့်အတားဖြစ်နေတာ ပုဒ်မ ၅၉ (စ) ပါ။ ဒီပုဒ်မဟာ လူမျိုးခြား၊ ဘာသာခြားတွေ မြန်မာနိုင်ငံသမ္မတအဖြစ် ကြီးစိုးနိုင်ရေး အတွက် မျှော်မှန်းရေးဆွဲ ခဲ့တယ်ဆိုတာ လူတိုင်းအသိမို့လို့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲအစည်းတွေတောင် ဖွဲ့စည်းပြီး ဒီပုဒ်မ ၅၉ (စ) ကိုပြင်ဖို့ မလွယ်ကူမှန်း သိလာတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ အခုအခါမှာတော့
ပုဒ်မ ၄၃၆ ဆိုပြီး ခေါင်းစဉ် တပ်ကာ သူ သမ္မတ ဖြစ်လာရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်နိင်ဖို့ ၈၈ မင်းကိုနိုင်တို့နဲ့ ပူးပေါင်း ပြီး ကြိုးစားလာပြန်ပါတယ်။ ဒါပေမယ့် အခြားသောပါတီများနဲ့တကွ အမျိုးဘာသာကို စောင့်ရှောက်လိုတဲ့ အဖွဲ့ အစည်းတွေဟာ သူ့ရဲ့လှုပ်ရှားမှုကို မထောက်ခံခဲ့ကြပါဘူး။

အဲဒီအတွက်ကြောင့်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ မထောက်ခံတဲ့ ပါတီတွေဟာ တာဝန်မကျေဘူးဆိုပြီး အခြားပါတီတွေကို ပုတ်ခတ် ပြောဆိုခဲ့ပါ သေးတယ်။
ဒီလောက်နဲ့တင်မပြီးသေးဘူး နိုင်ငံတစ်နိုင်ငံရဲ့ အရေးပါဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို (၂၄) နာရီ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကိုပါ စိန်ခေါ်လာပြန်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းသွေးဆိုပေ မယ့် ဗိုလ်ချုပ်ကိုရော တကယ်ချစ်ရဲ့လား မှတ်မိသေးရဲ့လားဆိုတာ စဉ်းစားစရာပါပဲ။ “ တပ်မတော်ကို အခွင့်ထူး ပေးထားတာ အခွင့်ထူးပေးတယ် အခွင့်ထူးခံတယ်ဆိုတာ အင်မတန် ရှက်စရာကောင်းတယ် ကျမသာ အခွင့်ထူးပေးခံရတယ်ဆိုရင် ကျမအလွန်ရှက်မိမှာပဲ.....”ဆိုတဲ့ စကားနဲ့ နိုင်ငံနဲ့လူမျိုးအတွက် စွန့်လွတ်စွန့်စား တာဝန်ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ ကို ပြည်သူနဲ့ သွေးခွဲတဲ့စကားဟာ တပ်မတော်သားတွေ အတွက် အင်မတန်မှ နာကျင်စရာဖြစ်ခဲ့ပါတယ်။

NLD နဲ့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေပေါင်းပြီး ပုဒ်မ ၄၃၆၊ ၅၉( ဃ/ စ) ပြင်ဆင်နိုင်ဖို့ ဟောပြောပွဲတွေ လုပ်ပြီး ပုဒ်မ ၄၃၆၊ ၅၉( ဃ/ စ) ပြင်မလား တိုင်းပြည်အပျက်ခံမလားဆိုတဲ့ အခြေအနေကို တဖြည်းဖြည်းနဲ့ ဖြစ်စပြုအောင် စကားလုံးတွေနဲ့ သွေးဆူအောင်လှုံ့ဆော်နေပါပြီ။ အမှန်တကယ် တိုင်းပြည် ကောင်းစားဖို့ အတွက်သာဆိုရင် ဘယ်သူ့ကိုမှ စိန်ခေါ်နေဖို့ မလိုအပ်ပါဘူး။ သမ္မတ မဖြစ်ရင်လည်း ကျရာနေရာကနေပြီး တော့ တိုင်းပြည်တိုးတက်ကောင်းမွန်အောင် လုပ်ကိုင်ပေးနိုင်ဖို့သာ လိုအပ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ ကောင်းစားဖို့ဆိုတာ လူတစ်ဦးတစ်ယောက်တည်းမှာ တာဝန်ရှိတာမဟုတ်ပါဘူး။ နိုင်ငံသား တိုင်းမှာ တာဝန်ရှိတာပါ။

ဒါတွေကိုလည်း နားလည်ဖို့လိုတယ်။ ငါသမ္မတဖြစ်မှ သမ္မတ နေရာရောက်မှ တိုင်းပြည်ကောင်းစားမယ် ဆိုတဲ့ အတွေးအခေါ်က အတ္တသမားတွေ ကိုယ်တစ်ဦးတည်း ကောင်းစားဖို့ ကိုသာ ကြည့်တတ်တဲ့ သူသာ ဖြစ်ပါတယ်။
ပင်ပန်းဆင်းရဲကြီးစွာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေကို အခွင့်ထူးခံ သမားတွေလို့ စွပ်စွဲလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့ကြီးကို လူအုပ်နဲ့ ပိတ်ဆို့လိုက်နိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ တဲ့ ထာဝရကျောင်းသားကြီး မင်းကိုနိုင်တို့ ကိုယ်တိုင်ကော နိုင်ငံ အကျိုး ရှိအောင် ဘာတွေများ လုပ်ပေးနိုင်ခဲ့ပြီလဲ လုပ်ပေးနိုင်ဖို့မပြောနဲ့ ကိုယ်ကိုယ်တိုင်ကော အခြေခံ စိတ်ဓာတ်ကောင်းအောင် ပြင်နိုင်လို့လားဆိုပြီး မေးလိုက် ချင်ပါတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ညင်ညင်သာသာနဲ့ ကူးပြောင်းနေတဲ့ တိုင်းပြည်ကို ဆူပူ အုံကြွမှုဖြစ်လာအောင် လုပ်နေတဲ့သူတွေဟာ NLD နဲ့ မင်းကိုနိုင်တို့သာဖြစ်ကြောင်း အသိအလင်း ပြောကြား လိုပါတယ်။

ချမ်းအောင်

နေ့စဉ်သတင်း

2 comments:

  1. တောမှာ သွားပြောဟေ့ . . . စစ်ခွေးမသား ရဲ့ ။

    ReplyDelete
  2. r u sure ur generals were so tired to lead our country? I think they all r happy to get power n forget about soilder n believe like a king forever

    ReplyDelete