Monday, May 12, 2014

ပါတီဝင်အဖမ်းခံထားရမှု သမ္မတထံ တင်ပြပေးမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း SNLD ပါတီသို့ ကတိပြု

ရန်ကုန်၊ မေ ၁၁ - SNLD ပါတီ ဝင်တစ်ဦးအဖမ်းခံရမှုနှင့်ပတ်သက် ပြီး ပြည်ထောင်စုငြိမ်း ချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက သမ္မတထံတင်ပြ ပေးမည်ဟု ကတိပြုခဲ့ကြောင်း ယင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် ထံမှ ဒီမိုကရေစီတူဒေးသို့ ပြောသည်။

ဦးစိုင်းလိတ်က ''ကျွန်တော်တို့ ပါတီဝင်အဖမ်းခံရတာနဲ့ပတ်သက်ပြီး ဦးအောင်မင်းက ဖြစ်ကြောင်းကုန်စင် အကုန်သိပြီးပြီပြောတယ်။ ဒီကိစ္စကို သမ္မတဆီတင်ပေးမယ်ပြောတယ်။ လောလောဆယ်တော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အာဆီယံအစည်းအ ဝေးတွေလုပ်နေတဲ့အတွက် ခဏစောင့် ရမယ်ပြော တယ်''ဟုပြောသည်။

SNLD ပါတီဥက္ကဋ္ဌဦးခွန်ထွန်း ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌဦးအောင်မင်းနှင့် မေလ ၁၀ ရက်နေ့ကတွေ့ဆုံရန်ဖြစ်သော်လည်း ဦးအောင်မင်းမှာ အခမ်းအနား တစ်ခု သို့ ရောက်ရှိနေသည့်အတွက် ယင်း ကတိစကားကို ဖုန်းဖြင့်သာပြောဆို ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုင်းလတ်မှ ပြောသည်။

RCSS/SSA အဖွဲ့အနေဖြင့် ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ဖြစ်ပြီး ယခုကဲ့ သို့ငြိမ်းချမ်းရေးဆွေးနွေး ပွဲများပြု လုပ်နေသည့်အချိန်၊ အာဆီယံအစည်း အဝေးပွဲများပြုလုပ်နေသည့်အချိန် တွင် ယခုကဲ့သို့ ပါတီတစ်ခု၊ တော် လှန်ရေးအဖွဲ့ အစည်းတစ်ခုတို့ အ ပေါ်ပြုမူသည့်လုပ်ရပ်များသည် နိုင်ငံ တကာအလယ်တွင် မျက်နှာပျက်စရာ များဖြစ်လာနိုင်ကြောင်း ဦးစိုင်းလိတ် ကပြောသည်။
ကျိုင်းတုံမြို့နယ် နမ့်လင်းမာ ကျေးရွာမှ ပါတီစည်းရုံးရေးတာဝန် ခံဦးအိုက်ကျင်အား RCSS/SSA တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ် သည်ဟု ဆိုကာ ခလရ (၂၄၅)တပ်မှ မေ ၅ ရက်တွင် လာရောက် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကာ ယင်းအဖမ်းခံခဲ့ရသော ဦးစိုင်း အိုက်ကျင်ကို မေ ၉ရက်တွင် လွှတ် ပေးမည်ပြောသော်လည်း မလွှတ်ပေး ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ကျိုင်းတုံမြို့နယ် ရဲစခန်းတွင် ပုဒ်မ၁၇/ ၁ ဖြင့် အမှု ဖွင့်ထားကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment