အစိုးရ၏ အရွေးချယ်ခံ ရာထူးနေရာများ၊ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများ စာရင်းများထဲတွင် အမျိုးသမီးများ သီးသန့်ပါဝင်နိုင်မှု အနည်းဆုံး အချိုးအစားကို သတ်မှတ်ပေးသည့်စနစ်ကို အစိုးရက အရေးတကြီး ထည့်သွင်းစဉ်းစားသင့်ကြောင်း မြန်မာနိုင်ငံ၏ ပြည်နယ်/ တိုင်းအဆင့် အုပ်ချုပ်မှုများတွင် အမျိုးသမီးများ ပါဝင်မှုကို သုတေသနပြုလုပ်ခဲ့သည့် မြန်မာဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(M DRI-CESD) မှ မစ္စတာပေါမီနိုလက်တီက ဇွန်လ ၁၇ ရက်တွင် ပြောသည်။
၎င်းသည် သုတေသနပြုချက်ကို ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ ကောက်ယူခဲ့ခြင်း ဖြစ်သည်။
“သုတေသနစာတမ်းမှာ အဓိကအား ဖြင့် မေးခွန်းသုံးခုမေးခဲ့တယ်။ ပြည်နယ်/ တိုင်းအဆင့် အုပ်ချုပ်မှုပိုင်း နေရာတွေမှာ အမျိုးသမီးတွေက ဆုံးဖြတ်ချက်ချနိုင်မယ့် နေရာတွေမှာပါဝင်မှု အချိုးအစား၊ ပြည် နယ်/တိုင်း အဆင့် အုပ်ချုပ်မှုကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှု အရေးပါမပါနဲ့ အမျိုးသမီးတွေ အုပ်ချုပ်မှုပိုင်းမှာ ပါဝင်နိုင်ဖို့ အခက်အခဲအဟန့်အတား စတာတွေဖြစ်တယ်”ဟု မစ္စတာပေါက ပြောသည်။
အာဆီယံနိုင်ငံများရှိ လွှတ်တော်များထဲ တွင် အမျိုးသမီးများပါဝင်နိုင်မှု အချိုးအစား အမြင့်ဆုံးမှာ ဖိလစ်ပိုင် ဖြစ်ပြီး ၎င်းနောက်၌ စင်ကာပူ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီး ယား၊ အင်ဒိုနီးရှား၊ထိုင်း၊ မလေးရှား၊ မြန်မာ စသဖြင့် အစီအစဉ်အလိုက်ဖြစ်နေသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းရှိ လွှတ်တော်အမတ်များ အပါအ၀င် တစ်နိုင်ငံလုံးတွင်လွှတ်တော်အမတ်
စာတမ်းတွင် နိုင်ငံတကာ၌လည်း အစိုးရခေါင်းဆောင်ပိုင်းတွင် အမျိုးသမီးခေါင်းဆောင်များက အမျိုးသား ခေါင်းဆောင်များထက် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ တက်ကြွမှုရှိကြောင်း ဖော်ပြထားသည်။ ဥပမာအားဖြင့် ယူဂန်ဒါ၊ အာဂျင်တီးနားနှင့် ယူအက်စ်အေ စသည့် နိုင်ငံများမှ အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြင့်သည်ဟု ဖော်ပြထားသည်။
Mizzima
No comments:
Post a Comment