Friday, June 27, 2014

ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်း ပါးမှုကြောင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်မဟုတ်

ရန်ကုန်၊ ဇွန် ၂၆- ငွေအင်အားနှင့် လူသားအရင်းအမြစ်နည်းပါးမှုကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင် မည် မဟုတ်ကြောင်း ပြည်ထောင်စုဒီမို ကရေစီပါတီမှ အထွေထွေ အတွင်း ရေးမှူး ဦးသောင်းဝင်းက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
ဦးသောင်းဝင်းက ''ကျွန်တော် တို့က ပါတီကြီးမဟုတ်ဘူး။ အင်အား နည်းတဲ့ပါတီငယ်ဖြစ်တော့ အရင်းအ မြစ်နည်းတယ်။ အဲဒါကြောင့် မကြာ ခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက် ပွဲမှာ
ဝင်ပြိုင်မှာမဟုတ်ပါဘူး။ လွှတ် တော်သက်တမ်းလဲသိပ်မကျန်တော့ ကျွန်တော်တို့ ဒီရွေးကောက် ပွဲအတွက် ပြင်ဆင်ချိန်နည်းတာကြောင့်လဲပါပါ တယ်။ ၂၀၁၂ကြားဖြတ်ရွေးကောက် ပွဲတုန်းကလဲ ကျွန်တော်တို့ဝင်မပြိုင် ခဲ့ပါဘူး''ဟု ပြောသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီ သည် ၂၀၁ဝရွေးကောက်ပွဲ၌ လှိုင် သာယာ၊ တာမွေနှင့် ပဲခူးမြို့နယ်များ တွင် သုံးနေရာ ယှဉ်ပြိုင် ခဲ့သော် လည်း အောင်မြင် ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ရွေး ကောက်ပွဲတွင် ယင်းသုံးနေရာထက် ပိုမို၍ ဝင်ရောက်ယှဉ်ပြိုင် သွား မည်ဖြစ် ကြောင်း ယင်းက ဆက်ပြောသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီ အနေဖြင့် နိုင်ငံရေးပါတီများနှင့် တိုင်း ရင်းသားပါတီများ ပူးပေါင်းဖွဲ့စည်း ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (FDA) တွင်ပါဝင်ထား သည့်အတွက် ကြားဖြတ်ရွေးကောက် ပွဲဝင်မပြိုင်သော်လည်း FDA အဖွဲ့ ဝင် တခြားပါတီများမှ ဝင်ရောက်ယှဉ် ပြိုင်ပါက မဲဆွယ်စည်းရုံးရေးလုပ်ငန်း စဉ်များတွင် ပါဝင်ကူညီ လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ယင်းပါတီ မှ ဆိုသည်။
LA
[--Democracy today Daily Newspaper--]

Yangon Media Group


No comments:

Post a Comment