Friday, June 27, 2014

တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစားယူခဲ့သူများ MEC နှင့် ဦးပိုင်တို့တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားနိုင်

ရန်ကုန်၊ ဇွန် ၂၆- တပ်မတော်မှ အကြောင်းအမျိုးမျိုးဖြင့် အငြိမ်းစား ယူခဲ့သော အရာရှိအဆင့်မှ အခြား အဆင့်များအထိMEC (မြန်မာစီး ပွားရေးကော် ပိုရေး ရှင်း)နှင့် ဦးပိုင်တို့ တွင် တာဝန် ထမ်းဆောင်ရန် လျှောက် ထားနိုင်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော် ညွန့် က ပြောသည်။
ဇွန် ၂၆ရက်တွင် ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ၁၉ရက် မြောက်နေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ တပ်မတော်မှ သက်ပြည့်အငြိမ်းစား များ၊ ကိုယ်လက် အင်္ဂါစွန့် လွှတ်ထား သူများနှင့် ကျဆုံးသူများ၏ မိသားစု များအတွက် မည်သည့်ထောက်ပံ့မှုမျိုး ပေးထားသည်ကို လွှတ်တော် အတွင်း မေးမြန်းရာ သက်ဆိုင်ရာ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က ယင်းကဲ့သို့ ပြောဆိုဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး ဌာန ဒု တိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ''တပ်မတော်မှ အကြောင်းအမျိုးမျိုး ကြောင့် အငြိမ်းစားယူခဲ့သော အရာရှိ အခြားအဆင့်များထံမှ MEC (မြန် မာ့စီးပွားရေးကော်ပိုရေးရှင်း)၊ ဦးပိုင် တို့တွင် တာဝန်ထမ်းဆောင် လိုပါ ကြောင်း လျှောက် ထားလာပါက အ ရာထမ်းအရာရှိဖြစ်လျှင် စစ်ထောက် ချုပ်ထံ တင်ပြခွင့်ပြုချက်ရယူပြီး လျှောက် ထားနိုင်ပါတယ်။ အခြားအ ဆင့်ဖြစ်ပါက ဦးဆောင်ညွှန်ကြားရေးမှူး ဦးစီးတဲ့ ရာထူးခန့်ထားရေးဘုတ်အဖွဲ့ အစည်းဖြင့် ခန့်ထားဆောင်ရွက်ပေး လျက်ရှိပါတယ်''ဟု အမျိုးသား လွှတ် တော်တွင် ပြော ကြားခဲ့သည်။

ကိုယ်လက်အင်္ဂါစွန့်လွှတ်ပြီး အမြဲတမ်း ဆေးအဆင့်နိမ့် စစ်မှု ထမ်းများမှ အခြားအရာရှိအဆင့် အငြိမ်းစားများအတွက် အစိုးရဌာန များနှင့် MEC (မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း)နှင့် ဦးပိုင်တို့တွင် အလုပ်အကိုင်များ နေရာချ ထားပေး ခြင်းအပြင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်တွင် အစုရှယ်ယာများ ထည့် သွင်းပေးခြင်းများ ပြုလုပ်ပေးလျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောသည်။

တပ်မတော်ကနေ ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ တပ်မတော်သား များအတွက် ခေတ်နှင့်လျော်ညီသော ဂုဏ်ပြုထောက်ပံ့ကြေး၊ ပင်စင်၊ မိသား စုများနေထိုင်ရန်အတွက် မြေသို့မဟုတ် အခန်းစီစဉ်ပေးနိုင်ခြင်းရှိမရှိနှင့် အ ရပ်ဘက်အဖွဲ့အစည်းများတွင်လည်း တာဝန်ထမ်းဆောင်နိုင်ပါက ဦးစားပေး ခန့်ထားနိုင်ခြင်းရှိ မရှိကိုမေးမြန်းခြင်း အား အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဖုန်းမြင့်အောင် က မေးမြန်းခဲ့ သည်။

အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးဖုန်းမြင့်အောင်က ''တောင် ဥက္ကလာ (၁၄)ရပ်ကွက်မှာ တပ်မတော် မိသားစု ဝင်တွေ နေထိုင် တဲ့လိုင်း ခန်း တွေရှိ ပါတယ်။ တပ်မတော်ရဲဘော်ကြီး တစ်ယောက်ရဲ့အသက်ကလဲ လက် ရှိမှာတော့ အသက်ငါးဆယ်လောက် ရှိပါတယ်။ အသက်၂ဝကနေစပြီး တပ် မတော်မှာ တာဝန်ထမ်းဆောင်တယ်။ ၂၅နှစ်လောက်မှာ မိုင်းထိပါတယ်။ ခြေထောက် ကတော့ ပြတ် မသွားပါဘူး။ အတွင်းကကြေသွားတာပါ။ သူ့ ခြေထောက်လေးကို ကိုင်ကိုင်ပြီးတော့ ထော့နဲ့ထော့နဲ့လျှောက်နေရတာပါ။ အသက် ၂၅နှစ်လောက် ကနေ အ သက်ငါးဆယ်အထိ သူ့အမေကနေ ကြည့်ရှုနေရပါတယ်။

အလုပ်အကိုင် ကလဲ မည်မည်ရရမရှိပါဘူး။ ပြော မယ်ဆိုရင် ဘောက် လုပ်နေရတဲ့ သ ဘောပါပဲ။ အဲဒီလိုမျိုးတပ်မတော်ကနေ ကိုယ်လက်အင်္ဂါစွန့်လွှတ် ထားတဲ့သူ တွေကို ဘယ်လိုကြည့်နိုင်မလဲဆို တာမေးတာပါ။ ကျွန်တော်တို့ ရန်ကုန် မန္တလေးအမြန်လမ်း ရာဇာမင်းကား မှောက်တာ တစ်ယောက်ကို ကျပ် ၆၅ သိန်းပေးရပါတယ်။ သာမန်အလုပ် သမားတစ်ယောက်သေရင် လဲ လူမှု ဖူလုံရေးအရ တစ်ယောက်ကို ကျပ် သိန်း ၇ဝကျော်ပေးတာ သတင်းစာ တွေထဲ မှာ ဖတ်ရပါတယ်။ သာမန်လူ တွေအတွက် သိန်း၇၀၊ ၈ဝလောက် ပေးနိုင် တဲ့ခေတ်မှာ တပ်မတော်သား တစ်ယောက်ကို ရှစ်သိန်းပဲပေးတယ် ကြားတာ ကျွန်တော်စိတ်မကောင်းပါ ဘူး''ဟု လွှတ်တော်တွင်မေးမြန်းခဲ့ သည်။
ယင်းကဲ့သို့ပြောဆိုခြင်း အား ကာ ကွယ်ရေးဒုတိယဝန်ကြီးက ယင်းပေး အပ်ငွေသည် တပ်မတော် အထွေထွေ သက်သာချောင်ချိရေး ရန်ပုံငွေမှ ပေး အပ်ခဲ့သည့် ကျပ်ရှစ်သိန်းသာဖြစ် ကြောင်း ပြောသည်။

နိုင်ငံတော်နှင့်တပ်မတော်မှ ပေး အပ် သည့်တာဝန်များကို ကျရာနေရာ တွင် တာဝန်ထမ်းဆောင်ရင်း သက် ပြည့်ဖြင့်အငြိမ်းစား ယူစစ်မှုထမ်းများ၊ ရန်သူ့လက်ချက်ဖြင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပြီး အမြဲတမ်း ဆေးအဆင့် အီးအေ၁၊၂ စစ်မှုထမ်းများနှင့် ကျ ဆုံး၊ သေဆုံးသူများ၏ ကျန်ရစ်သူမိ သားစု ဝင်များ၏ အကျိုးခံစားခွင့်များ အား ထုတ်ပြန်ထားသောအမိန့်နှင့် ညွှန်ကြား ချက်များ၊ စည်းမျဉ်းစည်း ကမ်းများ၊ လုပ်ထုံးလုပ်နည်းများအား နိုင်ငံတော် မှ ဆောင်ရွက်ပေးသည့် အပိုင်း၊ တပ်မတော်မှ ဆောင်ရွက် ပေး သည့် အပိုင်းနှင့် မြန်မာ နိုင်ငံစစ် မှုထမ်းဟောင်းများ သက်သာချောင် ချိ ရေးအဖွဲ့ မှ ဆောင်ရွက်ပေးခြင်း အ ပိုင်းသုံး ပိုင်းဖြင့် ဆောင်ရွက် လျက်ရှိ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။
YM
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment