Thursday, June 19, 2014

မောင်တောရှိ ဒုက္ခသည်များအတွက် ပေးသည့်ရိက္ခာကို ဖြတ်တောက်ခြင်း မရှိဟုဆို

Photo: မောင်တောရှိ ဒုက္ခသည်များအတွက် ပေးသည့်ရိက္ခာကို ဖြတ်တောက်ခြင်း မရှိဟုဆို
Thursday, June 19, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် ပေးသည့် ရိက္ခာကို ဖြတ်တောက်ခြင်း မရှိကြောင်း ခရေမြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးထွန်းလှအောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ဒုက္ခသည်များကို လှူဒါန်းသည့် စားနပ်ရိက္ခများကို ရာအိမ်မှူးက ဖြတ်တောက်ခြင်း၊ စားနပ်ရိက္ခာများ သယ်ဆောင်စရိတ်ဟု ဆိုကာ မိသားစုတစ်စုမှ ကျပ်တစ်ထောင်နှုန်း ကောက်ယူနေသည်ဟု ဆိုကာ ဒုက္ခသည်များက ပြောဆိုမှုကို ၎င်းက ယင်းသို့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဇွန်လအတွက် ရိက္ခာထောက်ပံ့ရာတွင် ခွဲတမ်းအရ ဒုက္ခသည် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ်၊ စားသုံးဆီ ၂ လီတာ၊ ပဲငါးပြည်ကျစီ ရရှိမည် ဖြစ်ကြောင်း၊ သို့သော်လည်း ဆန်တစ်အိတ် ပေးရာတွင် ဆန်လေးပြည် လျော့နည်းကာ ဆီ တစ်လီတာခွဲ၊ ပဲ ၂ ပြည်သာ ရရှိပြီး ကျန်ရိက္ခာများကို ဦးထွန်းလှအောင်က ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးသိန်းစိုးက ဆိုသည်။ 

ဒုက္ခသည် အိမ်ထောင်စု ၉၈ စု ရှိသည့်အနက် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ဆန် ၉၃ အိတ်သာ ပေးပြီး သယ်ယူစရိတ် တစ်အိတ်လျှင် ကျပ် ၆၀၀ ဝန်းကျင်ရှိကြောင်း၊ စားသုံးဆီများ ပေးဝေရန် ပလတ်စတစ်ဘူးများ ဝယ်ရသဖြင့် ယင်းသို့ ရိက္ခာများ လျော့နည်းခြင်း ဖြစ်ကြောင်း ရာအိမ်မှူး ဦးထွန်းလှအောင်က ရှင်းပြသည်။ 

အကြမ်းဖက်ခံရမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာကာ မောင်တောမြို့နယ်အတွင်း ဝင်ရောက် ခိုလှုံနေသည့် ဒုက္ခသည် ၂၀၀၀ ခန့်မှာ အလုပ်လက်မဲ့ ပြဿနာကြောင့် လူမှုအဖွဲ့အစည်းများ၊ အစိုးရ၏ ထောက်ပံ့မှုများကို အဓိက အားကိုးနေရသည်။ 

(ခင်မောင်အေး)

The Voice Weekly 

No comments:

Post a Comment