Thursday, June 19, 2014

သမ္မတအကြံပေးအဖွဲ့ တိုးချဲ့ပြီ

နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့တွေကို တိုးချဲ့လိုက်ပြီး အဖွဲ့ဝင်သစ်တွေ ထပ်မံ ခန့်အပ်လိုက်တယ်လို့ သမ္မတရုံးကနေ ဒီနေ့ မနက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ခြောက်ဦး ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အရင်က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ၂၀၀၃ ကနေ ၂၀၁၃ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူထားတဲ့ သူရဦးမြင့်မောင်ကတော့ သမ္မတအကြံပေးအဖွဲ့မှာ သာသနာရေးအကြံပေး အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားရပါတယ်။ သူက ခုချိန်မှာတော့ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ 

နောက်ထပ် အဖွဲ့ဝင်တွေအဖြစ် တာဝန်ယူထားသူတွေကတော့ သာသနာရေးအကြံပေး အဖွဲ့ဝင် ဦးစိန်ဝင်းအောင် (အငြိမ်းစား သံအမတ်ကြီး)၊ ကျန်းမာရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာဒေါ်နုနုသာ (အငြိမ်းစား ဆေးရုံအုပ်ကြီး)၊ ပညာရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒေါက်တာဒေါ်ရင်ရင်နွယ် (အငြိမ်းစား ယူနီဆက်ဝန်ထမ်း)၊ ပညာရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်၊ စီးပွားရေးအကြံပေး အဖွဲ့ဝင် ဦးတင်ထွဋ်ဦး (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) တို့ပဲ ဖြစ်ပါတယ်။ 

ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ ၁၉.၄.၂၀၁၁ ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၁/၂၀၁၁) နဲ့ ဖွဲ့စည်းတာဝန်ပေး ထားတဲ့ နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့တွေကို ခုလို တိုးချဲ့ ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။


The Voice

No comments:

Post a Comment