Monday, June 16, 2014

ဦးသိန်းစိန် သမ္မတရာထူးမှနှုတ်ထွက်ပေးရန် တောင်းဆို

သမ္မတဦးသိန်းစိန်အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရာထူးသက်တမ်းမကုန်မီ ချက်ခြင်း သမ္မတ အဖြစ်မှ နှုတ်ထွက်ပေးသင့်ကြောင်း ၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ မြို့နယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ရွေးချယ်ခံခဲ့သူ ဦးစိန်လှက ပြော ကြားလိုက်သည်။

သမ္မတရာထူးမှ နှုတ်ထွက်ပေးသင့်သည့်အကြောင်းအရာများကို ဇွန်လ၁၄ရက်နေ့ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့်သတင်း စာ ရှင်းလင်းပွဲတွင် ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲတွင် မဟာအောင်မြေမြို့နယ်မှ တစ်သီးပုဂ္ဂလအမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးစိန်လှကပြောကြား ခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၁ (က)(၁) အရ နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (က)(၅) ဥပဒေအရ ပေးအပ်သော တာ ဝန်များကို ကျေပြွန်စွာမဆောင်ရွက်ခြင်းတို့ကြောင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေပုဒ်မ ၇၁ ၇၂အရ နိုင်ငံတော်နှင့် မိဘပြည်သူများအတွက် မိမိ၏ ရာထူး သက်တမ်း မကုန်ဆုံးမီ ယခုချက်ခြင်းသမ္မတအဖြစ်မှ နှုတ်ထွက်သင့် ကြောင်း ဦးစိန်လှက တောင်းဆိုလိုက်သည်။

“ မြစ်ဆုံကနေ စပြီးတော့ စီဒီ ၅ခွေစာလောက် အထောက်အထားတွေ ကျွန်တော်မှာ ရှိပါတယ်”ဟု ဦးစိန်လှက ပြောကြားသည်။
ယင်းအပြင်သစ်တစ်တန်လျှင် (၉၃၇ဒသမ၅)ကျပ်နှုန်းဖြင့် ထိုသစ်တန် (၆၄၄ဒသမ၉၆၈) တန်ကို ငွေကျပ် ၆၀၄၅၇၁ဒသမ၂၅၆)ကျပ်ဖြင့် မည်သည့်ခွင့်ပြုချက်မျှမရှိဘဲ ရောင်းစားခြင်းတို့ကို တစုံတရာ အရေးယူ ခြင်းမရှိခြင်း ၊လယ်သမားများ ၏မြေများကို ပြန်လည်မပေးသည့်အပြင် ပုဒ်မ၄၄၇နှင့် ၄၂၇တို့ဖြင့်တ ရားစွဲဆို နေခြင်းတို့ကြောင့် သမ္မတရာထူးမှနှုတ်ထ်ွက်သင့်သည်ဟု ၎င်းကပြောကြားသည်။

သမ္မတတစ်ဦးကို ပြည်သူတစ်ဦးတစ်ယောက်၏ သဘောဆန္ဒဖြင့်ဖြုတ်ချ၍ မရကြောင်း ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်မှ ကိုယ်စားလှယ်များ၏ သဘောဆန္ဒမဲများဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်ပြီး တောင်းဆိုသောပြည်သူဘက်ကလည်း နစ်နာလိုစိတ်မရှိပဲ သဘောရိုး ဖြင့် တောင်း
ဆိုခြင်းဖြစ်ပါက အပြစ်မှကင်းလွတ်ခွင့် ရှိကြောင်း ရှေ့နေများကွန်ရက်မှတရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောကြားသည်။

“ပြည်သူတွေဆိုတာကတော့ ရင်ဖွင့်တာပေါ့။ မိဘကလည်းမိဘဝတ္တရားနဲ့အညီနေထိုင်ရမယ်။ ပြည်သူတွေကို အပြစ် ကင်းလွတ်ခွင့် ကိုးချက် ပေးထားတယ်။ အမှန်တကယ် ထောက်ပြတာဆိုရင် အသရေဖျက်မှုမဖြစ်ပါဘူး” ဟု၎င်းက ဆက်လက်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မအ ၃၉၆အရ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုတ်သိမ်းခြင်း ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနည်းဆုံး(၁)ရာခိုင်နှုန်းက တာဝန်မှပြန်လည်ရုတ် သိမ်းလိုကြသော်လည်းပြည်သူများထံမှ ထောက်ခံမဲရယူ လိုပြီးပြန်လည်ရုတ်သိမ်းခွင့် မရနိုင်အောင် ပြုလုပ် ထားခြင်းမှာလည်း ပြည်သူများအပေါ်မရိုးသားရာရောက်သည့်အတွက် ဦးသိန်းစိန်ဦးဆောင်သော အစိုးရ တစ်ဖွဲ့လုံး ပြည်သူအပေါ်သစ္စာရှိရိုးမှန်ပါက ရိုးသားစွာဝန်ခံပြီး ချက်ခြင်းနှုတ် ထွက်ပေးသင့်ကြောင့်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ခဲ့ သည်။

သက်သက်မိုးသူ

People power

No comments:

Post a Comment