Monday, June 16, 2014

မောင်တောမြို့နယ်တွင် တရားမဝင် ခိုးဝင်နေထိုင်သူများ ရှိ၊ မရှိကို သိစေရန် နယ်ခြားစောင့် ရဲ တပ်ဖွဲ့နှင့် လဝကမှတာဝန်ရှိသူများ ရှောင်တခင် ပူးပေါင်းစစ်ဆေး

ရန်ကုန်၊ ဇွန် ၁၅- မောင်တောမြို့ နယ်အတွင်းသို့ ဘင်္ဂလားဒေရှ့်မှ တရားမဝင် ခိုးဝင်ရောက်ကာ နေထိုင် မှုများရှိမရှိကို နယ်ခြားစောင့် ရဲတပ် ဖွဲ့နှင့် လဝကမှ တာဝန်ရှိသူများက ရှောင်တခင် ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရခိုင်ပြည်နယ် ရဲ တပ်ဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
ယခုစစ်ဆေးခြင်း သည် နယ်ခြား စောင့် ရဲတပ်ဖွဲ့အနေဖြင့် ယခင်နစက အဖွဲ့အစည်းဖျက်သိမ်းပြီးနောက် ပိုင်း တွင် လဝကနှင့် ပထမဆုံးအကြိမ် စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဇွန် ၁၃ ရက် ဘင်္ဂလားဒေရှ့်န] ယ်ခြားစောင့်ရဲ တပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် တို့ နှစ်ဘက်သဘောတူညီမှုများ ဆောင် ရွက်လက်မှတ်ထိုးအပြီးတွင် မောင် တောမြို့နယ်အတွင်း ဝင်ရောက် ရှာ ဖွေခြင်းဖြစ်ပြီး တရား မဝင်ခိုးဝင်နေ ထိုင်သူများ တွေ့ရှိပါက လဝက ဥပ ဒေဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။
ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ အဆင့် မြင့်အရာရှိက ''ဒီလိုမျိုး တရားမဝင် နေထိုင်တဲ့ သူတွေ ရှာဖွေတာက ဇွန် ၁၃ရက်နေ့လောက်မှာ စလုပ်ဖြစ်တာ။ ဘင်္ဂလားဒေရှ့် အစိုးရ ကလည်း ဒီလို စစ်ဆေးမှုပြုလုပ်တာကို သဘောတူ တယ်။ နှစ်ဘက်ဆွေးနွေး ပွဲမှာလည်း ဒီကိစ္စတွေကိုဆွေးနွေးခဲ့တယ်။ ရှာဖွေတွေ့ရှိမှုတွေ ရှိခဲ့ရင်ဘင်္ဂလားဒေရှ့် အစိုးရကိုပါ တင်ပြသွားမှာပါ'' ဟု ပြောသည်။
ယင်းကဲ့သို့ မောင်တောမြို့နယ် အတွင်း တရားမဝင် နေထိုင်မှု များရှာ ဖွေခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်သန်းက ''ဒီလို စစ်ဆေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဧည့်စာရင်းစစ်သလိုမျိုးပဲပေါ့။ အရင် ကလဲ ဒီလိုစစ်ဆေး မှုတွေ ပြု လုပ်ပါ တယ်''ဟု ပြောသည်။
မေ ၁၂ရက်က နှစ်နိုင်ငံနယ် စပ်ဒေသတစ်လျှောက် တရားမဝင် လက်နက်ကိုင်အဖွဲ့များနှင့် ပြစ်မှုကျူး လွန်သူများအား ထိန်းချုပ် ဟန့်တား နိုင်ရေးအတွက် မြန်မာနယ်ခြား စောင့်ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေရှ့် နယ် ခြားစောင့်ရဲတပ်ဖွဲ့ကြား ပူးပေါင်း ဆောင်ရွက် မှုမြှင့်တင်ရန် သဘော တူညီချက်အပါအဝင် ကိုးချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဇော်ဝင်းက မေ ၁၂ရက်က နေပြည်တော် တွင်ပြုလုပ် သော ပထမအကြိမ် မြန်မာ-ဘင်္ဂလား ဒေရှ့်နှစ်နိုင်ငံနယ်စပ် ဒေသလုံခြုံရေး နှင့် တရားဥပဒေ စိုး မိုးရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိအစည်းအဝေး သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment