Thursday, June 26, 2014

မြန်မာ့အကျဉ်းထောင်များဥပဒေကြမ်း ပြင်ဆင်ရေးဆွဲနေ

ရန်ကုန်၊ နှစ်ပေါင်း ၁၂ဝ သက်တမ်းရှိ ကိုလိုနီခေတ်ကရေးဆွဲခဲ့သောအ ကျဉ်းထောင်လက်စွဲ ဥပဒေအပါအ ဝင် လက်ရှိအကျဉ်းထောင်ဥပဒေများ သည် ခေတ်စနစ်နှင့်မလျော်ညီတော့ သည့်အတွက် အကျဉ်းထောင်များ ဥပဒေ(မူကြမ်း)ကို အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇွန် ၂၃ရက်က နေ ပြည်တော်၌ပြုလုပ်သည့် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်း ကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းညွန့်၏ မေးခွန်းမေး မြန်းချက်ကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ကျော်ကျော် ထွန်းက ဖြေကြားရာတွင် အထက်ပါ အတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ် သည်။

အဆိုပါ ၁၈၉၄ခုနှစ် The Prison Act (အကျဉ်းထောင်လက်စွဲ ဥပဒေ)အပါအဝင် လက်ရှိကျင့်သုံး နေသော ဥပဒေလေးခုပေါင်းစပ်ပြီး အကျဉ်းထောင်များ ဥပဒေကို ပြန် လည် ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က ဆို သည်။
ဦးသိန်းညွန့်က ''မြန်မာ့အကျဉ်း ထောင်များအက်ဥပဒေ ပြင်ဆင်ရေးဆွဲ ပြီး တင်ပြရန်အစီအစဉ်ရှိမရှိနှင့် ရှိပါ က ပထမအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွင်း တင်ပြရန် ဆောင် ရွက်ပေးနိုင်ခြင်းရှိမရှိ'' စသည်ဖြင့် မေး မြန်းခဲ့သည်။

ထို့ပြင် အကျဉ်းထောင်များတွင် နိုင်ငံရေး၊ ပညာအရည်အချင်းနှင့် ဂုဏ် သိက္ခာစသော A Class , B Class သည် ဆိုရှယ်လစ်ခေတ်က ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပြီး ယခုဒီမိုကရေစီခေတ်တွင် ဆက် လက်ပြီး ယခုအတိုင်းရပ်တည်မည်ဆို ပါက ယင်းကဲ့သို့ရပ်တည်မှုနှင့် ပတ် သက်၍ ပြန်လည်ပြုပြင်ရန် အစီအစဉ် ရှိမရှိအား ¤င်းကမေးမြန်းခဲ့သည်။

အကျဉ်းသားများအား ထိန်းသိမ်း ထားရှိရန် စံပြုအနိမ့်ဆုံးအဆင့်သတ် မှတ်ထားသည့် အခြေခံစည်း မျဉ်းများ နှင့် အကျဉ်းထောင်များဥပဒေ (မူကြမ်း) ကို ပြင်ဆင်ရေးဆွဲခဲ့ပြီး အကျဉ်းထောင် များဥပဒေ(တတိယမူကြမ်း)အား ဥပဒေ ကြောင်းအရ စိစစ်အကြံပြုချက်များပေး နိုင်ရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ ၂ဝ၁၄ခုနှစ် မတ် ၁၅ရက်တွင်ပေးပို့ထား ပြီး ရှေ့နေချုပ်ရုံးမှ သဘောထားမှတ် ချက်ရရှိပါက အနီးကပ်ဆုံးကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ လုပ်ထုံးများ နှင့်အညီတင်ပြနိုင်ရန် စီစဉ်ထားကြောင်း ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြော သည်။

ယင်းသို့ အကျဉ်းထောင်များဥပ ဒေပြင်ဆင်ရေးဆွဲရာတွင် မိတ်ဖက်အဖွဲ့ အစည်းအသီးသီးမှ ဥပဒေကျွမ်းကျင်သူ များ၏ အကြံပြုချက်များ၊ ILO, UNODC,OHCHR စသည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး ကာ ရေးဆွဲခဲ့ကြောင်း သိရသည်။

Yangon media group

No comments:

Post a Comment