Thursday, June 26, 2014

ရန်ကုန်-မန္တလေးလမ်းဟောင်း တိုးချဲ့ရေး လုပ်ကိုင်ခွင့်ရကုမ္ပဏီများ သတ်မှတ်ချိန်အတွင်း မပြီးလျှင် အရေးယူခံရမည်

ရန်ကုန်၊ ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းကို လမ်းတိုး ချဲ့တည်ဆောက်ရန် လုပ်ကိုင်ခွင့်ရ ရှိထားသည့် ကုမ္ပဏီခုနစ်ခုအ နေဖြင့် သတ်မှတ်အချိန်အတွင်း လုပ်ငန်းများ ပြီးစီးခြင်းမရှိပါက ငွေဒဏ်ဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
''ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းအား ပြည်သူ များ အသက်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ၂၄ ပေလမ်းကို အမြန်ဆုံးတိုးချဲ့ပေးရန်နှင့်ပတ်သက်ပြီး BOT စနစ်နဲ့ ဆောင်ရွက်ခွင့်ပြုထားတဲ့ ကုမ္ပဏီတွေကို လုပ်ငန်းစီမံချက်များနဲ့ အညီ စံချိန်စံညွှန်းပြည့်မီအောင်
အချိန်မီပြီးစီးရေးအတွက် တွန်း အားပေး ကြပ်မတ်ဆောင်ရွက်နေပါတယ်။ အချိန်မီပြီးစီးခြင်း မရှိ ဘူးဆိုရင် လုပ်ငန်းပမာဏကိုတွက်ချက်ပြီး ငွေဒဏ်ပေးဆောင်ရ ပါမယ်''ဟု ယင်းကပြောသည်။
ဇွန် ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပျော်ဘွယ်မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်ဦးမြင့်စိုး၏မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးက ''ယခုလက်ရှိ လမ်းမကြီးသည် ၂၄ ပေသာကျယ်ပြီး ပြည်သူများ ကျပ်တည်းစွာ သွားလာရသဖြင့် အန္တရာယ်များစွာရှိပါသည်။ ယခင် BOT ယူ ထားသည့်ကုမ္ပဏီများအား ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမ သစ်ကြီးကဲ့သို့ အသွားအပြန် လမ်းတစ်ဖက်စီ ၂၄ ပေ၊ စုစုပေါင်း ၄၈ ပေ ဖောက်လုပ်ပေးရန် ညွှန်ကြားထားသည်ဟု သိရသော်လဲ ယနေ့တိုင် မည်သည့်ကုမ္ပဏီမှ ဖောက်လုပ်သည်ကို မတွေ့ရကြောင်း၊ BOT ယူထားသည့်ကုမ္ပဏီများအား သတ်မှတ်ကာလအတွင်း မပြီး စီးပါက မည်ကဲ့သို့အရေးယူမည်ကို သိရှိလိုကြောင်းနှင့် အဆိုပါ လမ်းမကြီးကို အမြန်ဆုံးတိုးချဲ့ရန် အစီစဉ် ရှိ၊ မရှိသိလိုကြောင်း''မေးမြန်းခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းကို တိုးချဲ့ဆောက်လုပ်ရန် အေး ရှားဝေါလ်၊ မက်စ်မြန်မာ၊ ရွှေသံလွင်၊ ဟိုက်စတား၊ ယုဇန၊ သော်တာဝင်းနှင့် ကမ္ဘောဇကုမ္ပဏီတို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ BOT စနစ်ဖြင့် လုပ်ကိုင် ခွင့်ပြုထားပြီး လမ်းအကျယ် ၄၈ ပေ တိုးချဲ့ဆောက်လုပ်ပေး ရမည်ဖြစ်သည်။
ရန်ကုန်-ပဲခူး-မိတ္ထီလာ-မန္တလေးလမ်းဟောင်းကို ၄၈ ပေတိုးချဲ့ဆောက် လုပ်ရာတွင် ငါးနှစ်စီမံကိန်းသတ်မှတ်၍ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်က ပြောသည်။
၃၂ မိုင် ခြောက်ဖာလုံအကျယ်ရှိသည့် ထောက်ကြန့်-ပဲခူးလမ်းကို ၇၂ ပေအကျယ် ကတ္တရာလမ်းမကြီးကို မက်စ်မြန်မာကုမ္ပဏီမှ ဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ပဲခူး-ညောင်လေးပင်လမ်း ၄၈ မိုင်ကို ၄၈ ပေအကျယ် ကတ္တရာ လမ်းချဲ့ခြင်းနှင့် လမ်းပေါ်ရှိရြေ>ွပန်ရေတံခါးများ တိုးချဲ့ခြင်းလုပ်ငန်းကို ငါးနှစ် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဟိုက်စတားကုမ္ပဏီ မှ ၄၈ မိုင်အရှည်ရှိသည့် ညောင်လေးပင်- ဇေယျဝတီလမ်း ၊ အေးရှားဝေါလ်ကုမ္ပဏီမှ ၈၅ မိုင် နှစ်ဖာလုံအရှည်ရှိသည့် ရေတာရှည် -ပျဉ်းမနား-ရမည်းသင်းလမ်းပိုင်း၊ သော်တာဝင်းကုမ္ပဏီမှ ၈၇ မိုင်ခုနစ်ဖာလုံအရှည်ရှိသည့် မန္တလေး-မိတ္ထီလာလမ်းပိုင်းကို ငါးနှစ်စီမံချက် များဖြင့်ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

Mizzima

No comments:

Post a Comment