Friday, June 6, 2014

သီတဂူဆရာတော် အင်္ဂလန်တွင် မျက်စိခွဲစိတ်မှုခံယူ

အင်္ဂလန်နိုင်ငံတွင် ရောက်ရှိနေသော သီတဂူဆရာ တော်ကြီးသည် ဝေဒနာခံစားနေရ သည့် မျက်စိနှစ်ဖက်ကို ဇွန်လ ၄ ရက်က ခွဲစိတ်မှုခံယူခဲ့ရာ အောင် မြင်ခဲ့ကြောင်း သီတဂူ ကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်ဒုဥက္ကဋ္ဌ ဒေါက်တာ အရှင်ကောဝိဒကမိန့်ကြားသည်။

သီတဂူ ဆရာတော်ကြီး၏ ညာဘက်မျက်လုံးအနီး၊ အဝေးမမြင်ရသည်မှာ တစ်နှစ်ကျော်ကြာ မြင့်နေပြီဖြစ်သည်။ ထို့အပြင် မေလ ၂၄ ရက်က နီပေါနိုင်ငံ ဗုဒ္ဓဘာ သာလုမ္ဗိနီဒေသ ထိန်းသိမ်းစောင့် ရှောက်ရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးပွဲတက်ရောက်ခဲ့ရာတွင် အပူချိန် ဒီဂရီစင်တီဂရိတ် လေးဆယ်ခန့်ရှိသော ဖိနပ်မစီးရန် သတ်မှတ်ထားသည့် နေရာ၌ အချိန်အတော်ကြာ လမ်းလျှောက်ခဲ့ပြီး ဟိုတယ်ရောက်ရှိချိန်တွင် ရေချိုးခဲ့သောကြောင့် ဘယ်ဘက်မျက်လုံးပါ မမြင်သလို ဖြစ်ခဲ့ကြောင်း အထက်ပါဆရာတော်က မိန့်သည်။

သို့သော်သီတဂူဆရာတော် ကြီးက နီပေါနိုင်ငံမှ သြစတြေး နိုင်ငံတွင် ပြုလုပ်မည့် သိမ်သမုတ် ပွဲသို့ ဆက်လက်ကြွရောက်ခဲ့ ကာ မြန်မာနိုင်ငံသို့ မပြန်ဖြစ်ဘဲ အင်္ဂလန်နိုင်ငံသို့အစည်းအဝေး တစ်ခုတက်ရောက်ရန် ဆက်လက်ထွက်ခွာခဲ့သည်။

‘‘သြစတြေးလျခရီးမှာ ဦး ပဉ္စင်းလည်းပါတယ်။ အဲဒီမှာ ဆရာ တော်ကြီးက ငါ့မျက်စိတွေ ဘယ် လိုဖြစ်မှန်းမသိဘူး။ ၀ါးနေတယ် ဆိုလို့ မျက်စဉ်းတွေခတ်၊ မျက်မှန် တွေပြောင်း အဲဒါလည်း အဆင် မပြေဘူး။ သိပ်မမြင်ရတဲ့ ပုံစံမျိုး ဖြစ်သွားတယ်’’ဟု ဒေါက်တာ အရှင်ကောဝိဒကမိန့်ကြားသည်။

အင်္ဂလန်နိုင်ငံတွင် မြန်မာ နိုင်ငံသားဆရာဝန်များနှင့် တိုင်ပင်၍ စစ်ကိုင်းသီတဂူ အာယုဒါန ဆေးရုံ၌ လုပ်အားပေးခဲ့ဖူး သော ပါကစ္စတန်နိုင်ငံသား Dr Slieresdayaနှင့် ပြသခဲ့သည်။ ထို အခါ အင်္ဂလန်နိုင်ငံသို့ရောက်ရှိ ခိုက် မျက်စိခွဲစိတ် ကုသမှုခံယူရန် လျှောက်ထားကြသဖြင့် Dr Slieresdays ၏ ဆေးရုံတွင် ဇွန်လ၄ ရက်က ခွဲစိတ်မှုခံယူခဲ့ခြင်းဖြစ် သည်။ လေဆာဖြင့် ခွဲစိတ်ခြင်းဖြစ် သောကြောင့် ဝေဒနာမခံစားရဘဲ ချက်ချင်းသက်သာခဲ့ကာ ဇွန်လ ၅ ရက်တွင် အစည်းအဝေးတစ်ခု သို့တက်ရောက်ခဲ့ကြောင်း ဒေါက် တာ အရှင်ကောဝိဒက မိန့်ကြား သည်။

‘‘ဒီနေ့ (ဇွန်လ ၅ ရက်) အ စည်းအဝေးတက်တယ်တဲ့။ အရင် မျက်မှန်တပ်မှမြင်ရတာ။ အခု မျက်မှန်မတပ်ဘဲတောင် မြင်ရ တယ်လို့ပြောတယ်’’ဟု ဒေါက် တာအရှင်ကောဝိဒကမိန့်သည်။

7 Day Daily

No comments:

Post a Comment