ကော့သောင်းမြို့ ဘုရင့်နောင်အငူ အနီး ကမ်းစပ်ကျောက်ဆောင် များကြားတွင် ဇွန် ၅ရက် ၊နံနက် ၇ နာရီ က အမည်မသိ လူသေ အလောင်း တစ်လောင်းတွေ့ရှိ ရကြောင်း သိရှိရသည်။
အဆိုပါ အလောင်းမှာ အသားညို လူလတ်ပိုင်း အမျိုးသား တစ်ဦးဖြစ်၍ ခန္ဓာကိုယ်ပေါ်တွင် အ၀တ် အစားများ မပါရှိဘဲ မှောက်လျှက် အနေအထားဖြင့် ကမ်းစပ်ကျောက်ဆောင်များ အကြား သေ ဆုံးနေခြင်းဖြစ်သည်။ အဆိုပါ သေဆုံးသူ ၏မျက်နှာ မှာ ရုပ်ပျက်ဆင်းပျက် ကြေမွှနေ သည်ကိုတွေ့ရသည်။
အလောင်းအား မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ လာရောက် စစ်ဆေးမှု ပြုလုပ်၍ ကော့သောင်းမြို့ နာရေး ကူညီမှုအသင်း၏ အကူအညီဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးပြီး အဆိုပါ သေမှုသေခင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ် ရဲတပ်ဖွဲ့ မှ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ် စုံစမ်း ဖေါ်ထုတ်အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိရသည်။
MOI Webportal Myanmar


No comments:
Post a Comment