Tuesday, June 10, 2014

ကမ္ဘာ့အလုပ်သမားညီလာခံတွင် အစိုးရကိုယ်စားလှယ် ဖိအားပေးခံရမှု သက်သာဟုဆို

Photo: ကမ္ဘာ့အလုပ်သမားညီလာခံတွင် အစိုးရကိုယ်စားလှယ် ဖိအားပေးခံရမှု သက်သာဟုဆို
Tuesday, June 10, 2014

မြန်မာနိုင်ငံတွင် အဓမ္မ ခိုင်းစေခံရမှု ၈၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့၍ ယခုနှစ် ကမ္ဘာ့အလုပ်သမားညီလာခံတွင် ဖိအားပေးဆွေးနွေးခံရခြင်းမရှိခဲ့ကြောင်း ညီလာခံသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ်(FTUM) အတွင်းရေးမှူး ဦးမောင်မောင်ကပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သုံးနှစ်ခန့်မှစ၍ အစိုးရက နိုင်ငံရေးအခြေအနေပြုပြင်ပြောင်းလဲလာမှုများဆောင်ရွက်လာခဲ့၍ အဓမ္မခိုင်းစေခံရမှု တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ ယခင်ကမြန်မာနိုင်ငံသည် ဖိအားပေးဆွေးနွေးခံခဲ့ရသော်လည်း ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အခြားနိုင်ငံများမှ အဓမ္မခိုင်းစေခံရမှုအကြောင်းအရာတို့ကိုသာ ၀င်ရောက်ဆွေးနွေးပေးခဲ့ရကြောင်း ဇွန်လ ၉ ရက်တွင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအလုပ် သမားအဖွဲ့ချုပ်(FTUM)၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။

‘‘မြန်မာနိုင်ငံအလုပ်ရှင် အ လုပ်သမားအဓမ္မဖိအားပေးမှု သိပ်မရှိတော့ဘူး။ အစိုးရကလည်း လုပ်နေတယ်။ အလုပ်သ မားအဖွဲ့အစည်းတွေလည်း ဖွဲ့စည်းခွင့်ရတယ်။ ဒါပေမဲ့ အပြည့်အ၀တော့ မဟုတ်သေးဘူး။ ကျန်သေးတယ်။ ရာခိုင်နှုန်း ၈၀ လောက်နည်းသွားတယ်။ ညီလာခံမှာ အရင်လောက် ဖိအား မရှိတော့ဘူး’’ဟု ဦးမောင်မောင်ကပြောသည်။

အဆိုပါ FTUM အဖွဲ့ချုပ် သည် အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုမဟာမိတ်အသင်းအဖွဲ့ (ITUC) ရှိ အဖွဲ့ဝင်ဖြစ်ပြီး ယခု အလုပ်သမားညီလာခံသို့ ITUC မှ အမှုဆောင်အဖြစ် သွားရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင်ယင်းညီလာခံတွင် ILO မှ ပြဋ္ဌာန်းထားသည့် အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက် အမှတ် ၂၉ မှာ ခေတ်နှင့် လျော်ညီမှုမရှိတော့ ၍ ဖြည့်စွက်ပြင်ဆင်သတ်မှတ်ရန် အဓိကထားဆွေးနွေးခဲ့သည်ဟု သိရသည်။

ယခင်က အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက်သည် စစ် တပ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို အဓိကပြဋ္ဌာန်းခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်စက်ရုံအတွင်း အဓမ္မဖိနှိပ်ခံရမှု၊ ရွှေ့ ပြောင်းလုပ်သားများ ခေါင်းပုံဖြတ်ဖိနှိပ်ခံရမှု၊ အိမ်အကူလုပ်သား များ အဓမ္မဖိနှိပ်ခံရမှုတို့ကို ယင်း ပြဋ္ဌာန်းချက်အတွင်း တစ်စုတစ် စည်းတည်းပြဋ္ဌာန်းနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေး ချက်များ အတည်ပြုသတ်မှတ် နိုင်ခြင်းမှာ ဇွန်လ ၁၂ ရက်တွင် ညီလာခံပြီးဆုံးမှသာ ရလဒ်များ ထွက်ရှိလာမည်ဖြစ်သည်။

ယခုကျင်းပပြုလုပ်လျက်ရှိ သည့် (၁၀၃) ကြိမ်မြောက် အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကိုမေလ ၂၈ မှ ဇွန်လ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပီနံအိတ်စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily
မြန်မာနိုင်ငံတွင် အဓမ္မ ခိုင်းစေခံရမှု ၈၀ ရာခိုင်နှုန်းခန့် လျော့ကျခဲ့၍ ယခုနှစ် ကမ္ဘာ့အလုပ် သမား ညီလာခံတွင် ဖိအားပေးဆွေးနွေးခံရခြင်းမရှိခဲ့ကြောင်း ညီလာခံသို့ တက်ရောက် ခဲ့သည့် မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ် (FTUM) အတွင်းရေးမှူး ဦးမောင်မောင် ကပြော သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် သုံးနှစ်ခန့်မှစ၍ အစိုးရက နိုင်ငံရေးအခြေအနေပြုပြင်ပြောင်း လဲလာမှု များဆောင်ရွက် လာခဲ့၍ အဓမ္မခိုင်းစေခံရမှု တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ ယခင်ကမြန်မာနိုင်ငံသည် ဖိအားပေးဆွေးနွေးခံခဲ့ရသော်လည်း ယခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အခြားနိုင်ငံများမှ အဓမ္မ ခိုင်းစေခံရမှု အကြောင်းအရာတို့ကိုသာ ၀င်ရောက်ဆွေးနွေးပေးခဲ့ရကြောင်း ဇွန်လ ၉ ရက်တွင်ပြု လုပ်ခဲ့သည့် မြန်မာနိုင်ငံအလုပ် သမားအဖွဲ့ချုပ်(FTUM)၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြား ခဲ့သည်။

‘‘မြန်မာနိုင်ငံအလုပ်ရှင် အ လုပ်သမားအဓမ္မဖိအားပေးမှု သိပ်မရှိတော့ဘူး။ အစိုးရကလည်း လုပ်နေတယ်။ အလုပ်သ မားအဖွဲ့အစည်းတွေလည်း ဖွဲ့စည်းခွင့်ရတယ်။ ဒါပေမဲ့ အပြည့်အ၀တော့ မဟုတ်သေးဘူး။ ကျန်သေးတယ်။ ရာခိုင်နှုန်း ၈၀ လောက်နည်းသွားတယ်။ ညီလာခံမှာ အရင်လောက် ဖိအား မရှိတော့ဘူး’’ဟု ဦးမောင်မောင်ကပြောသည်။

အဆိုပါ FTUM အဖွဲ့ချုပ် သည် အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုမဟာမိတ်အသင်းအဖွဲ့ (ITUC) ရှိ အဖွဲ့ဝင်ဖြစ်ပြီး ယခု အလုပ်သမားညီလာခံသို့ ITUC မှ အမှုဆောင်အဖြစ် သွားရောက် ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။ ထို့အ ပြင်ယင်းညီလာခံတွင် ILO မှ ပြဋ္ဌာန်းထားသည့် အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက် အမှတ် ၂၉ မှာ ခေတ်နှင့် လျော်ညီမှုမရှိတော့ ၍ ဖြည့်စွက်ပြင်ဆင်သတ်မှတ်ရန် အဓိကထားဆွေးနွေးခဲ့ သည်ဟု သိရသည်။

ယခင်က အဓမ္မခိုင်းစေမှု ဆိုင်ရာပြဋ္ဌာန်းချက်သည် စစ် တပ်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများကို အဓိကပြဋ္ဌာန်း ခဲ့ပြီး ယခုအခါ လုပ်ငန်းခွင်စက်ရုံအတွင်း အဓမ္မဖိနှိပ်ခံရမှု၊ ရွှေ့ ပြောင်း လုပ်သားများ ခေါင်းပုံဖြတ်ဖိနှိပ်ခံရမှု၊ အိမ်အကူလုပ်သား များ အဓမ္မဖိနှိပ်ခံရမှုတို့ကို ယင်း ပြဋ္ဌာန်းချက် အတွင်း တစ်စုတစ် စည်းတည်းပြဋ္ဌာန်းနိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယင်းဆွေးနွေး ချက်များ အတည်ပြုသတ်မှတ် နိုင်ခြင်းမှာ ဇွန်လ ၁၂ ရက်တွင် ညီလာခံပြီးဆုံးမှသာ ရလဒ်များ ထွက်ရှိ လာမည်ဖြစ်သည်။

ယခုကျင်းပပြုလုပ်လျက်ရှိ သည့် (၁၀၃) ကြိမ်မြောက် အ ပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံကိုမေလ ၂၈ မှ ဇွန်လ ၁၂ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပီနံအိတ်စက်ရုံအလုပ်သမားများ ဆန္ဒပြစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment