Tuesday, June 10, 2014

မိုးရေမရ၍ ပုဗ္ဗသီရိရှိ နှမ်းခင်းဧကကိုးဆယ်ကျော် ပျက်စီး

Photo: မိုးရေမရ၍ ပုဗ္ဗသီရိရှိ နှမ်းခင်းဧကကိုးဆယ်ကျော် ပျက်စီး
Tuesday, June 10, 2014

နေပြည်တော်တွင် မိုးရွာသွန်းမှု နောက်ကျသည့် အတွက် နှမ်းစိုက်ခင်းဧက ကိုးဆယ်ကျော် ပျက်စီး ခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံ တောင်သူများထံမှ သတင်းရရှိသည်။

ယခုနှစ် မိုးရာသီတွင် ဧပြီလတွင်းက ရွာသော မိုးရေများနှင့် စိုက်ပျိုးထားသော နှမ်းခင်းများမှာ မိုးဆက်လက်မရွာတော့၍ နှမ်းခင်းများ အပင်ခြောက်ပြီး သေဆုံးခြင်းဖြစ်သည်။

‘‘ခါတိုင်း ဒီအချိန်ဆို မိုးက တော်တော်ရွာနေပြီး အခုမိုးမရွာ တဲ့အတွက် ကြဲထားတဲ့နှမ်းတွေက အပင်ခြောက်ပြီး သေကုန်တာ။ ရေလောင်းပေးရအောင်ဆိုလည်း အနီးအနားမှာ ရေကမရှိဘူး။ စိုက်ထားတာ အကုန်သေကုန်လို့ နှမ်းမျိုးဖိုးနဲ့ ထွန်ယက်စရိတ်တွေ အကုန်ရှုံးတယ်။ ဒီနှစ်တော့ နောက်ထပ်မစိုက်နိုင်တော့ဘူး။ အရင်းမှမရှိတော့တာ’’ဟု ရွာတော်ကျေးရွာရှိ နှမ်းစိုက်တောင်သူ ဦးမြင့်ဆွေက ပြောသည်။

ရွာတော်ကျေးရွာရှိ တောင်သူများမှာ မိုးရွာရန်အတွက် ဇွန်လ ၇ ရက်က လွန်ဆွဲပွဲများနှင့် တပ်ကုန်းမြို့ရှိ မိုးကောင်းဘုရား စေတီသို့ ရေ သပ္ပာယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

‘‘စိုက်တာနှစ်ဧကတည်းပါ။ စရိတ်က တစ်သိန်းကျော်တယ်။ အခုသေကုန်လို့ တစ်ခုမှပြန်မရတော့ဘူး။ ခါတိုင်း ဒီအချိန်မိုးတွေ ဖြိုင်ဖြိုင်ရွာနေပြီ။ လယ်ကွင်းတွေ မှာ ရေတွေရောက်နေပြီ။ အခုရွှံ့ ခဲအခြောက်တွေချည်းပဲမို့ ဘာမှလည်းစိုက်စားလို့မရပါဘူး’’ဟု တောင်သူ ဦးအောင်လှိုင်ဝင်းက ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် နှမ်းခင်းများကို မိုးရေ၊ ဆည်ရေ၊ အဝီစိတွင်းများတူးဖော်ကာ စိုက်ပျိုးကြပြီး ပျက်စီးမှုများဖြစ်ပွားသော နှမ်းခင်းများမှာ အဝီစိတွင်းတူးရန်ပင် အခက်အခဲများရှိနေသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝအရင်းအမြစ်များ ရရှိနိုင်မှု အကန့်အသတ်ဖြစ်ပေါ်နေရခြင်း၊ အပင်များမျိုးတုံး ပျောက်ကွယ်ခြင်းတို့ကြောင့် မိုးခေါင်နေမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ရာ စိုက်ခင်းများကို ရေအကြိမ်ကြိမ်ပေးရခြင်း ရေပေးရန်ပင်မရနိုင်သောနေရာများ ရှိနေခြင်းတို့ ကြောင့် သုတေသနပြု လုပ်ဆောင်ရွက်နေကြောင်း ရေဆင်း တက္ကသိုလ် ရေအသုံးချသုတေသနဌာနမှ သိရသည်။

Author: သူရကျော်
7Day Daily
နေပြည်တော်တွင် မိုးရွာသွန်းမှု နောက်ကျသည့် အတွက် နှမ်းစိုက်ခင်းဧက ကိုးဆယ်ကျော် ပျက်စီး ခဲ့ကြောင်း ပုဗ္ဗသီရိမြို့နယ်ရှိ ဒေသခံ တောင်သူများထံမှ သတင်းရရှိသည်။

ယခုနှစ် မိုးရာသီတွင် ဧပြီလတွင်းက ရွာသော မိုးရေများနှင့် စိုက်ပျိုးထားသော နှမ်းခင်းများမှာ မိုးဆက်လက် မရွာတော့၍ နှမ်းခင်းများ အပင်ခြောက်ပြီး သေဆုံးခြင်းဖြစ်သည်။

‘‘ခါတိုင်း ဒီအချိန်ဆို မိုးက တော်တော်ရွာနေပြီး အခုမိုးမရွာ တဲ့အတွက် ကြဲထားတဲ့နှမ်းတွေက အပင်ခြောက်ပြီး သေကုန်တာ။ ရေလောင်းပေးရအောင်ဆိုလည်း အနီးအနားမှာ ရေကမရှိဘူး။ စိုက်ထားတာ အကုန်သေကုန်လို့ နှမ်းမျိုးဖိုးနဲ့ ထွန်ယက်စရိတ်တွေ အကုန်ရှုံးတယ်။ ဒီနှစ်တော့ နောက်ထပ် မစိုက်နိုင်တော့ဘူး။ အရင်းမှမရှိတော့တာ’’ဟု ရွာတော်ကျေးရွာရှိ နှမ်းစိုက်တောင်သူ ဦးမြင့်ဆွေက ပြော သည်။

ရွာတော်ကျေးရွာရှိ တောင်သူများမှာ မိုးရွာရန်အတွက် ဇွန်လ ၇ ရက်က လွန်ဆွဲပွဲများနှင့် တပ်ကုန်းမြို့ရှိ မိုးကောင်းဘုရား စေတီသို့ ရေ သပ္ပာယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

‘‘စိုက်တာနှစ်ဧကတည်းပါ။ စရိတ်က တစ်သိန်းကျော်တယ်။ အခုသေကုန်လို့ တစ်ခုမှပြန်မရတော့ဘူး။ ခါတိုင်း ဒီအချိန်မိုးတွေ ဖြိုင်ဖြိုင်ရွာနေပြီ။ လယ်ကွင်းတွေ မှာ ရေတွေရောက်နေပြီ။ အခုရွှံ့ ခဲအခြောက်တွေ ချည်းပဲမို့ ဘာမှလည်းစိုက်စားလို့မရပါဘူး’’ဟု တောင်သူ ဦးအောင်လှိုင်ဝင်းက ပြောသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် နှမ်းခင်းများကို မိုးရေ၊ ဆည်ရေ၊ အဝီစိတွင်းများတူးဖော်ကာ စိုက်ပျိုးကြပြီး ပျက်စီးမှုများဖြစ်ပွားသော နှမ်းခင်းများမှာ အဝီစိတွင်းတူးရန်ပင် အခက်အခဲများရှိနေသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ရာသီဥတုပြောင်းလဲမှုများကြောင့် သဘာဝအရင်းအမြစ်များ ရရှိနိုင်မှု အကန့်အသတ်ဖြစ်ပေါ်နေရခြင်း၊ အပင်များမျိုးတုံး ပျောက်ကွယ်ခြင်းတို့ကြောင့် မိုးခေါင်နေ မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ရာ စိုက်ခင်းများကို ရေအကြိမ်ကြိမ်ပေးရခြင်း ရေပေးရန် ပင် မရနိုင်သောနေရာများ ရှိနေခြင်းတို့ ကြောင့် သုတေသနပြု လုပ်ဆောင်ရွက်နေကြောင်း ရေဆင်း တက္ကသိုလ် ရေအသုံးချ သုတေသနဌာနမှ သိရသည်။

Author: သူရကျော်
7Day Daily

No comments:

Post a Comment