Tuesday, June 24, 2014

ချက်ချင်းတာဝန်ပြောင်းရွှေ့ခံရသည့် အမိန့်ကြောင့် တက္ကသိုလ်ဆရာ၊ ဆရာမ အချို့ အလုပ်ထွက်ရန် အထိ စဉ်းစားနေကြဟုဆို

ရန်ကုန်၊ ဇွန် ၂၂-တက္ကသိုလ်အသီး သီးမှ ဆရာ၊ ဆရာမများကို တာဝန် ပြောင်းရွှေ့ ချ ထားရာ၌ အမိန့်ထုတ်ပြန် ချက် ထွက်ရှိပြီး ချက်ချင်း ဆို သလို ပြောင်းရွှေ့ခိုင်းမှုကြောင့် ဆရာ၊ ဆရာမ အချို့ အလုပ်ထွက်ရန်အထိပင် စဉ်းစားနေကြကြောင်း အဆိုပါ တက္က သိုလ်ဆရာ၊ ဆရာမအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ အပြောင်းအရွှေ့ အော်ဒါ (အမိန့် ထုတ်ပြန်ချက်)ကို ဇွန်၁ရရက် က ထုတ်ပြန်လိုက်ပြီး ဆရာ၊ ဆရာမ အချို့၏ လက်ထဲသို့ ဇွန် ၁၉ရက်နှင့် ၂ဝရက်ခန့်တွင် ရောက်ရှိကာ ချက် ချင်း ဆိုသလိုပင် ပြောင်းရွှေ့စေလျက်ရှိ သည့်အတွက် အခက်အခဲ များစွာကြုံ တွေ့နေရကြောင်း အနောက်ပိုင်းတက္က သိုလ်ဆရာများ အသင်းမှ အမှုဆောင် ကိုယ်စားလှယ် ဒေါက်တာ မျိုးမင်းက ပြောသည်။

''အခုက ဘာမှမပြင်ဆင်ရသေးဘဲ နဲ့ကို ပြောင်းရွှေ့ခိုင်းတာ။ အစားထိုး ဝင်ရမယ့် သူတွေလဲ မရောက်လာ သေးဘူး။ နောက်ပြီး လစာကိစ္စတွေ ကအစ ဘာမှ မစီစဉ်ပေးရသေးဘူး။ သင်ကြားရေး ကိစ္စတွေဆိုလဲ တာဝန် မလွှဲပြောင်းရသေးလို့ အားလုံးလစ် ဟင်းကုန်ပြီ။ အမှန်ဆိုရင် လကုန်ခါ နီးအချိန်ကျမှ ပြောင်းရွှေ့ခိုင်း တတ် ကြတာ။ ပိုက်ဆံလက်ထဲမှာရှိပြီး အဆင် ပြေအောင်ပေါ့။ အခုကျတော့ မိသား စုတွေပါ ခေါ်သွားရမယ့် သူတွေဆိုရင် ကလေးတွေ ကျောင်းကိစ္စက အစ ဘယ်လို လုပ်ရမယ်မှန်းကို မသိ ကြတော့ ဘူး။

အကုန်လုံးစိတ်သောကရောက် နေကြတယ်။ ဒီလိုလုပ်တာတော့ မ ကောင်းဘူး။ ဆရာမတချို့ဆို အလုပ် ထွက်ဖို့တောင် ရှိတယ်'' ဟု ဒေါက်တာ မျိုးမင်းက ဆက်လက် ပြောသည်။

အဆိုပါ အပြောင်းအရွှေ့လုပ် ထုံးလုပ်နည်းများ အတိုင်းနေရာအနီး၊ အဝေးပေါ် မူတည်ပြီး အမိန့်ထုတ်ပြန် ချက်ထုတ်ပြန်ပြီးသည့် အချိန်မှစတင် ကာ အချို့ တက္ကသိုလ်များတွင် ရက် ပိုင်းအတွင်း ပြောင်းရွှေ့ခိုင်းကာ အချို့ တက္ကသိုလ်များတွင်မူ တစ်ပတ် (သို့ မဟုတ်) နှစ်ပတ်ခန့် အချိန်ပေး ထား သော်လည်း အချိန်လုံလောက်မှုမရှိ ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်ပြီးရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်မှဆရာဦးသန်း ထိုက်အောင်က ''အော်ဒါ(အမိန့် ထုတ်ပြန်ချက်)ထဲမှာ ၁ရရက်က စပြီး ပြောင်းရွှေ့ခန့်ထားလိုက်ပါသည်ဆို တာမျိုးပါတယ်။ အဲဒီတော့ အော်ဒါ (အမိန့်ထုတ်ပြန်ချက်)ထွက်ပြီး ချက်ချင်း ပဲ ပြောင်းရတော့ မလိုလို။

အခုက အမိန့်ဆိုရင်အားလုံးက နာခံပြီးသား ဖြစ်နေတော့ တချို့ ကျတော့လဲ တသွေ မတိမ်းလိုက် နာကြတာပေါ့။ဘာပဲဖြစ်ဖြစ်အားလုံး အဆင်ပြေအောင် နောက်ဆက်တွဲနှုတ်မိန့်လေးပဲဖြစ်ဖြစ် အားလုံး အဆင်ပြေသလို လုပ်ကြ ပါ ဆိုရင်တော့ဒီလိုအခက်အခဲတွေဆို တာရှိလာမှာမဟုတ်ဘူး''ဟုပြောသည်။

အဆိုပါအပြောင်း အရွှေ့ကိစ္စ နှင့်ပတ်သက်ပြီးရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ဆရာ၊ ဆရာမများ အသင်းမှ ပြောင်းရွှေ့ တာဝန်ချ ထားခြင်း ခံရ သောဆရာ၊ ဆရာမများအတွက် မူလ တာဝန်များကို စွန့်လွှတ်ရမည့်အချိန် ကို ဇူလိုင် ၁ရက်အထိ တိုးမြှင့်ပေး ရန် မေတ္တာရပ်ခံသည့် ထုတ်ပြန်ချက် တစ်ခုကို ဇွန် ၁၉ရက်က ထုတ်ပြန် ခဲ့ကြောင်းသိရသည်။

''ဘယ်နေ့ဘယ်ရက်နောက် ဆုံးထားပြောင်းရွှေ့ပေးရပါမယ်ဆို တာလုပ်ထုံးလုပ် နည်းအရအော်ဒါ (အမိန့်ထုတ်ပြန်ချက် )ထဲမှာ တစ်ခါ တည်းပါပြီးသားပါ။ လစာထုတ် ဖို့က လည်း အခက်အခဲ မရှိနိုင်ပါဘူး။ ဘယ်တက္ကသိုလ်ရောက်ရင် Report တင်ပြီး ဘယ်လို ထုတ်ရမယ်ဆိုတာ၊ ဝန်ထမ်း စည်းမျဉ်းစည်း ကမ်းအရ သိပြီးသားတွေဖြစ်တဲ့အတွက် အခက် အခဲမရှိနိုင်ပါဘူး'' ဟု အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပညာရေးဝန်ကြီး ဌာနအနေဖြင့် တစ်နိုင်ငံလုံးမှ ပါမောက္ခမှ နည်းပြ၊ သရုပ်ပြ အပါ အဝင် ဆရာ၊ ဆရာမ ဦး ရေ စုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့် ကို ရာထူး တိုးပြောင်းရွှေ့ တာဝန်ချ ထားကြောင်း သိရသည်။
CCT
[--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment