Saturday, June 28, 2014

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီး ဆင့်တိုက်

Photo: ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးရှေ့ ပြည်လမ်းမပေါ်တွင် ယာဉ်ရှစ်စီး ဆင့်တိုက် 
Saturday, June 28, 2014 

ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ယာဉ်ရှစ်စီး ဆင့်တိုက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ရှင်စောပုလမ်းမှ အလုံမီးပွိုင့်ဘက်သို့ ပြည်လမ်းအတိုင်း မောင်းနှင်လာသော ဆိုက်ဂနက်စ် ယာဉ်တစ်စီးက ပြည်သူ့ရင်ပြင်ရှေ့ အရောက်တွင် အငှားယာဉ်တစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိရာမှ စလစ်ဖြစ်ပြီး မီးပွိုင့်မိ၍ ရပ်နေသော ယာဉ်များကို ဆက်တိုက် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားခုနစ်စီးလုံးကို ဝင်တိုက်တဲ့ ယာဉ်မောင်းက လီဗာနဲ့ ဘရိတ် မှားနင်းခဲ့တာ ထင်တယ်။ အရှိန်ပြင်းပြင်းနဲ့ ကားတွေက ဆက်တိုက် ဆင့်တိုက်မိတာကြောင့် ကားခြောက်စီးက တော်တော် ကြေမွသွားတာ။ မတ်တူးကား နှစ်စီးဆို တစ်ပေလောက်မြင့်တဲ့ ပလက်ဖောင်းပေါ် လွင့်ထွက်သွားပြီး ကားနောက်ပိုင်းဆို ပိန်ချိုင့်ဝင်သွားတယ်” ဟု ယာဉ်တိုက်ခံရသော ဖရီဒါအမျိုးအစား အငှားယာဉ်မောင်း ဦးမျိုးလွင်ဦးက ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက်ဂနက်စ်ယာဉ် အပါအဝင် ကိုယ်ပိုင်ယာဉ် ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်စီးခဲ့ပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း၊ ဆိုက်ဂနက်စ်ယာဉ် မောင်းအမျိုးသားမှာ ယာဉ်ကိုထားကာ ထွက်ပြေးသောကြောင့် ခရီးသည်တင် ယာဉ်များမှ ယာဉ်နောက်လိုက်များနှင့် ယာဉ်ထိန်းရဲတို့က ဝိုင်းဝန်းဖမ်းဆီးပြီး ဒဂုံမြို့မ ရဲစခန်းသို့ ပို့အပ်ထားကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။

“ကားတွေ တိုက်ပြီးချိန်မှာ သူ့ကားပေါ်ကနေ ဆင်းပြေးတော့ အပေါ်ပိုင်းမှာ အဝတ်ဗလာနဲ့ ပုံမှန်မဟုတ်ဘူး။ ပွိုင့်မိနေတဲ့ ကားကြားထဲမှာ လျှောက်ပြေးနေလို့ ယာဉ်ထိန်းရဲတွေက မနည်း ဝိုင်းဖမ်းရတယ်။ ယာဉ်တိုက်မှု မဖြစ်ခင် ဓမ္မစေတီလမ်းက စမ်းချောင်းရဲစခန်းရှေ့ ရေချမ်းစင်မှာ ရေတွေခပ်ပြီး ရေချိုးနေလို့ ဆိုက်ဂနက်စ်ကားက သူ့ကို ပြန်လာခေါ်တာ။ ဒရိုင်ဘာဆီက ကားသော့လုပြီး သူ့က တက်မောင်းလာရာကနေ ခုလို ကားတွေ ဝင်တိုက်မိတာ” ဟု ယာဉ်တိုက်ခံရသော မတ်တူး အမျိုးအစားယာဉ်မှာ အသက် ၄၀ ခန့်ရှိသူ အငှားယာဉ်မောင်းက ရှင်းပြသည်။

ယာဉ်ခုနစ်စီးကို ဝင်တိုက်ခဲ့သော အသက် ၃၀ အရွယ်ရှိ ဆိုက်ဂနက်စ် ယာဉ်မောင်းအမျိုးသားမှာ နေပြည်တော် ကျောက်မျက်ရတနာ ခန်းမရှေ့တွင် နေထိုင်သူဖြစ်ကြောင်း အဆိုပါ ယာဉ်ပေါ် လိုက်ပါလာသော ဘုရင့်နောင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့ရှိ သီရိမွန်အိမ်ရာတွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသမီးထံမှ သိရှိရသည်။ 

“အခုဖမ်းထားတဲ့ ယာဉ်မောင်းကို ဘာမှမေးလို့ မရသေးဘူး။ ပုံစံက ကြောင်တောင်တောင် ဖြစ်နေတယ်။ ကားပေါ် ပါလာတဲ့ အမျိုးသမီးကလည်း လတ်တလော ကားတိုက်တဲ့ အရှိန်ကြောင့် မူးဝေနေလို့ စစ်မေးလို့ မရသေးဘူး” ဟု ယာဉ်တိုက်မှု စစ်ဆေးနေသော ဒဂုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမပေါ်တွင် နာရီဝက်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးနှင့် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဇွန်လ ၂၇ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ယာဉ်ရှစ်စီး ဆင့်တိုက်ကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။
ရှင်စောပုလမ်းမှ အလုံမီးပွိုင့်ဘက်သို့ ပြည်လမ်းအတိုင်း မောင်းနှင်လာသော ဆိုက်ဂနက်စ် ယာဉ်တစ်စီးက ပြည်သူ့ရင်ပြင်ရှေ့ အရောက်တွင် အငှားယာဉ်တစ်စီး၏ နောက်ပိုင်းကို ဝင်တိုက်မိရာမှ စလစ်ဖြစ်ပြီး မီးပွိုင့်မိ၍ ရပ်နေသော ယာဉ်များကို ဆက်တိုက် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားခုနစ်စီးလုံးကို ဝင်တိုက်တဲ့ ယာဉ်မောင်းက လီဗာနဲ့ ဘရိတ် မှားနင်းခဲ့တာ ထင်တယ်။ အရှိန်ပြင်းပြင်းနဲ့ ကားတွေက ဆက်တိုက် ဆင့်တိုက်မိတာကြောင့် ကားခြောက်စီးက တော်တော် ကြေမွသွားတာ။ မတ်တူးကား နှစ်စီးဆို တစ်ပေလောက်မြင့်တဲ့ ပလက်ဖောင်းပေါ် လွင့်ထွက်သွားပြီး ကားနောက်ပိုင်းဆို ပိန်ချိုင့်ဝင်သွားတယ်” ဟု ယာဉ်တိုက်ခံရသော ဖရီဒါအမျိုးအစား အငှားယာဉ်မောင်း ဦးမျိုးလွင်ဦးက ရှင်းပြသည်။

ယာဉ်တိုက်မှုကြောင့် ဆိုက်ဂနက်စ်ယာဉ် အပါအဝင် ကိုယ်ပိုင်ယာဉ် ခြောက်စီးနှင့် အငှားယာဉ်နှစ်စီး ပျက်စီးခဲ့ပြီး အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း၊ ဆိုက်ဂနက်စ် ယာဉ် မောင်းအမျိုးသားမှာ ယာဉ်ကိုထားကာ ထွက်ပြေးသောကြောင့် ခရီးသည်တင် ယာဉ်များမှ ယာဉ်နောက်လိုက်များနှင့် ယာဉ်ထိန်းရဲတို့က ဝိုင်းဝန်းဖမ်းဆီးပြီး ဒဂုံမြို့မ ရဲစခန်းသို့ ပို့အပ်ထားကြောင်း ယာဉ်ထိန်းရဲအရာရှိက ပြောကြားသည်။

“ကားတွေ တိုက်ပြီးချိန်မှာ သူ့ကားပေါ်ကနေ ဆင်းပြေးတော့ အပေါ်ပိုင်းမှာ အဝတ်ဗလာနဲ့ ပုံမှန်မဟုတ်ဘူး။ ပွိုင့်မိနေတဲ့ ကားကြားထဲမှာ လျှောက်ပြေးနေလို့ ယာဉ်ထိန်းရဲတွေက မနည်း ဝိုင်းဖမ်းရတယ်။ ယာဉ်တိုက်မှု မဖြစ်ခင် ဓမ္မစေတီလမ်းက စမ်းချောင်းရဲ စခန်းရှေ့ ရေချမ်းစင်မှာ ရေတွေခပ်ပြီး ရေချိုးနေလို့ ဆိုက်ဂနက်စ်ကားက သူ့ကို ပြန်လာခေါ်တာ။ ဒရိုင်ဘာဆီက ကားသော့လုပြီး သူ့က တက်မောင်းလာရာကနေ ခုလို ကားတွေ ဝင်တိုက်မိတာ” ဟု ယာဉ်တိုက်ခံရသော မတ်တူး အမျိုးအစားယာဉ်မှာ အသက် ၄၀ ခန့်ရှိသူ အငှားယာဉ်မောင်းက ရှင်းပြသည်။

ယာဉ်ခုနစ်စီးကို ဝင်တိုက်ခဲ့သော အသက် ၃၀ အရွယ်ရှိ ဆိုက်ဂနက်စ် ယာဉ်မောင်းအမျိုးသားမှာ နေပြည်တော် ကျောက်မျက်ရတနာ ခန်းမရှေ့တွင် နေထိုင်သူဖြစ်ကြောင်း အဆိုပါ ယာဉ်ပေါ် လိုက်ပါလာသော ဘုရင့်နောင်မြို့နယ် သီရိမင်္ဂလာဈေးရှေ့ရှိ သီရိမွန်အိမ်ရာ တွင် နေထိုင်သူ အသက် ၄၀ ကျော် အမျိုးသမီးထံမှ သိရှိရသည်။

“အခုဖမ်းထားတဲ့ ယာဉ်မောင်းကို ဘာမှမေးလို့ မရသေးဘူး။ ပုံစံက ကြောင်တောင်တောင် ဖြစ်နေတယ်။ ကားပေါ် ပါလာတဲ့ အမျိုးသမီး ကလည်း လတ်တလော ကားတိုက်တဲ့ အရှိန်ကြောင့် မူးဝေနေလို့ စစ်မေးလို့ မရသေးဘူး” ဟု ယာဉ်တိုက်မှု စစ်ဆေးနေသော ဒဂုံမြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမပေါ်တွင် နာရီဝက်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

The Voice Weekly

No comments:

Post a Comment