Saturday, June 28, 2014

သန္တိသုခကျောင်းတိုက်မှ သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်၊ နိုင်ငံရေးအင်အားစုများ လာရောက်စောင့်ကြည့်

Photo: သန္တိသုခကျောင်းတိုက်မှ သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်၊ နိုင်ငံရေးအင်အားစုများ လာရောက်စောင့်ကြည့်
Saturday, June 28, 2014 

မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု ဆိုကာ နိုင်ငံတော် သံဃမဟာနာယက က သတ်မှတ်ကာ သာသနာရေးဦးစီးဌာနက တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်ရာတွင် နိုင်ငံရေးအင်အားစုများ လာရောက် စောင့်ကြည့်ခဲ့ကြသည်။

ဇွန်လ ၂၇ ရက်နေ့ တာမွေမြို့နယ် တရားရုံးတွင် သာသနာတော် ညှိုးနွမ်းစေမှုဖြင့် သာသနာရေးဦးစီးဌာနမှ တရားစွဲဆိုထားသော သံဃာတော်ငါးပါး ရုံးထုတ်ရာတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ လာရောက် စောင့်ကြည့်ခဲ့သည်။

အဆိုပါ သန္တိသုခကျောင်းတိုက် ပြဿနာ ဖြေရှင်းရာတွင် တရားရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု ဖြစ်စေရန်အတွက် လာရောက် စောင့်ကြည့်ခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။
“သန္တိသုခနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုဟာ မြန်မာ့နိုင်ငံရေးကို ဂယက်ထလာစေနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါး အမှုသည် သာသနာတော် တစ်ခုလုံးနှင့် သက်ဆိုင်ပြီး အမှုမှန် ပေါ်ပေါက်စေရေးအတွက် တရားရုံးမှ ဘက်မလိုက်ဘဲ စစ်ဆေးရန် အရေးကြီးကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။
“ဒီနေ့ စစ်တာကတော့ တရားလိုကို စစ်ပါတယ်။ တရားလိုရဲ့ သက်သေ ထွက်ဆိုချက်တွေကိုပါ စစ်ဆေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် အမှုမှန် ပေါ်ပေါက်ဖို့ကို တရားမျှတစွာ ဆောင်ရွက်ရပါမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ထို့အပြင် သံဃာတော်ငါးပါး အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရသည်။

မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် သံဃာ အဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြားလာနိုင်သောကြောင့် ခွင့်ပြုချက်မရှိဘဲ သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကက ညွန်ကြားလွှာ ထုတ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယက ဆရာတော်၊ သံဃာတော် စည်းကမ်း ထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းနောက် မဟာသန္တိသုခ ကျောင်းတိုက်တွင် နိုင်ငံတော် သံဃမဟာနာယကထံ ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဇွန်လ တတိယပတ်အတွင်း လူဝတ်လဲကာ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သော်လည်း ဇွန်လ ၂၀ ရက်နေ့ ပထမအကြိမ် ရုံးထုတ်ပြီးနောက် အာမခံရရှိကာ သင်္ကန်းပြန်ဆီးခွင့် ရရှိခဲ့သည်။

The Voic Weekly
မဟာသန္တိသုခ ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိ နေထိုင်သည်ဟု ဆိုကာ နိုင်ငံတော် သံဃမဟာနာယက က သတ်မှတ်ကာ သာသနာရေးဦးစီး ဌာနက တရားစွဲဆိုထားသော လန်ဒန်ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာငါးပါး ဒုတိယအကြိမ် ရုံးထုတ်ရာတွင် နိုင်ငံရေးအင်အားစုများ လာရောက် စောင့်ကြည့်ခဲ့ကြသည်။
ဇွန်လ ၂၇ ရက်နေ့ တာမွေမြို့နယ် တရားရုံးတွင် သာသနာတော် ညှိုးနွမ်းစေမှုဖြင့် သာသနာရေးဦးစီးဌာနမှ တရားစွဲဆိုထားသော သံဃာတော် ငါးပါး ရုံးထုတ်ရာတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများနှင့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ လာရောက် စောင့်ကြည့်ခဲ့သည်။

အဆိုပါ သန္တိသုခကျောင်းတိုက် ပြဿနာ ဖြေရှင်းရာတွင် တရားရေးမဏ္ဍိုင်၏ ဆုံးဖြတ်ချက်သည် တရားမျှတမှု ဖြစ်စေရန်အတွက် လာရောက် စောင့် ကြည့်ခြင်း ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောကြားသည်။ “သန္တိသုခနဲ့ ပတ်သက်ပြီး တရားရေးမဏ္ဍိုင်ရဲ့ ဆုံးဖြတ်ချက် တစ်ခုခုဟာ မြန်မာ့နိုင်ငံရေးကို ဂယက်ထလာစေနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သန္တိသုခကျောင်းတိုက်မှ သံဃာတော်ငါးပါး အမှုသည် သာသနာတော် တစ်ခုလုံးနှင့် သက်ဆိုင်ပြီး အမှုမှန် ပေါ်ပေါက်စေရေးအတွက် တရားရုံးမှ ဘက်မလိုက်ဘဲ စစ်ဆေးရန် အရေးကြီးကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။ “ဒီနေ့ စစ်တာကတော့ တရားလိုကို စစ်ပါတယ်။ တရားလိုရဲ့ သက်သေ ထွက်ဆိုချက်တွေကိုပါ စစ်ဆေးနေပါတယ်။ ဘာပဲဖြစ်ဖြစ် အမှုမှန် ပေါ်ပေါက်ဖို့ကို တရားမျှတစွာ ဆောင် ရွက်ရ ပါမယ်” ဟု ဆရာတော်က မိန့်ဆိုသည်။

ထို့အပြင် သံဃာတော်ငါးပါး အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် တတိယအကြိမ် ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရသည်။

မဟာသန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားမှုများသည် သံဃာ အဖွဲ့အစည်းအကြား ညီညွတ်မှု ပျက်ပြားလာနိုင်သောကြောင့် ခွင့်ပြုချက်မရှိဘဲ သီတင်းသုံး သံဃာတော်များကို အပြီးတိုင် ဖယ်ရှားရေး ဆောင်ရွက်ရန် နိုင်ငံတော် သံဃမဟာနာယကက ညွန်ကြားလွှာ ထုတ်ခဲ့ပြီး တိုင်းဒေသကြီး သံဃနာယက ဆရာတော်၊ သံဃာတော် စည်းကမ်း ထိန်းသိမ်းရေး ဆရာတော် ၂၈၁ ပါးတို့နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ဇွန်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ နောက်ဆုံးထားကာ မဟာသန္တိသုခ ကျောင်းတိုက်မှ သံဃာတော်များနှင့် ဝေယျာဝစ္စ အဖွဲ့ဝင်များကို ဖယ်ရှားပြီး ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းနောက် မဟာသန္တိသုခ ကျောင်းတိုက်တွင် နိုင်ငံတော် သံဃမဟာနာယကထံ ခွင့်ပြုချက်မရှိ သီတင်းသုံး နေထိုင်သော သံဃာတော်များကို ဇွန်လ တတိယပတ်အတွင်း လူဝတ်လဲကာ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သော်လည်း ဇွန်လ ၂၀ ရက်နေ့ ပထမအကြိမ် ရုံးထုတ်ပြီးနောက် အာမခံရရှိကာ သင်္ကန်းပြန်ဆီးခွင့် ရရှိခဲ့သည်။

The Voic Weekly

No comments:

Post a Comment