Tuesday, June 10, 2014

ကာကွယ်ရေးဦးစီးချုပ် ကမ္ဘောဒီးယားသွားမည်

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၁၁ မှ ၁၄ ရက်အထိ နှစ်နိုင်ငံချစ်ကြည်ရေးတိုးမြှင့်စေရန် ရည်ရွယ်၍ ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသည် ကမ္ဘောဒီးယား တော်ဝင်တပ်မတော်မှဗိုလ်ချုပ် Pol Saroeun နှင့် တွေ့ဆုံသွားမည်ဖြစ် သည်။ ထို့ပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ် TeaBanh တို့နှင့်လည်း တွေ့ဆုံမည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြပါရှိသည်။

Mizzima

No comments:

Post a Comment