Wednesday, June 4, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျပန်ကုမ္ပဏီနှင့် ပူးပေါင်းစာချုပ် လက်မှတ်ထိုးရန် ခေတ္တဆိုင်းငံ့

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI နှင့် ပူးပေါင်းရေးစာချုပ်ကို မေလအတွင်း အပြီးသတ်လက်မှတ် ရေးထိုးနိုင်ရန် စီစဉ်ထားသော်လည်း အချိန်ကာလ ထပ်မံဆိုင်းငံ့ကာ စာချုပ်လက်မှတ်ထိုးရန် နောက်ဆုတ်ထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။

ဂျပန်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့် ပူးပေါင်းရာတွင် ၀န်ထမ်းရွေးချယ်ခန့်ထားရေးကိစ္စများကို အသေး စိတ်ပြန်လည်သုံးသပ်ညှိနှိုင်းနေရသည်ဟုလည်း ၎င်းင်းက ဆို သည်။ မြန်မာ့ဆက်သွယ်ရေး ၀န်ထမ်းများ သည် အစိုးရ၀န်ထမ်းများဖြစ်သည့်အတွက် ဂျပန်ပုဂ္ဂလိကကုမ္ပဏီနှင့် ပူးပေါင်းရာတွင် ၀န်ထမ်းရွေးချယ်ရေး စည်းမျဉ်းစည်းကမ်း များကိုပါ ထည့်သွင်းစဉ်စားနေရခြင်း ဖြစ်သည်။

ဦးသန်းထွန်းအောင်က “အစိုးရဌာန၀န် ထမ်းကနေ ပုဂ်္ဂလိကကုမ်္ပဏီနဲ့ ပူးပေါင်းတဲ့အခါ အစိုးရ၀န်ထမ်း တွေအနေနဲ့လိုက်နာရတဲ့ စည်းကမ်းမျိုးတွေ ရှိမယ်။ ပုဂ်္ဂလိက ကုမ်္ပဏီချင်း ပူးပေါင်းတာမျိုးက အဆင်ပြေ တယ်။ ခုလို အစိုးရနဲ့ ပုဂ်္ဂလိကကုမ်္ပဏီ ပူး ပေါင်းတာမျိုးကျတော့ ၀န်ထမ်းတွေရဲ့ လစာ၊ စည်းကမ်း၊ စွမ်း ဆောင်ရည်သတ်မှတ်ချက်ကအစ အသေးစိတ်ဘယ်လိုလုပ်ရမယ် ဆိုတာကို ပြန်ဆွေးနွေးနေရတယ်”ဟု မဇ္ဈိမကို ပြောသည်။

အစိုးရ၀န်ကြီးဌာနတစ်ခုနှင့် ပုဂ္ဂလိက ကုမ္ပဏီပူးပေါင်းရာတွင် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုသာမက လူစွမ်း အား အရင်းအမြစ် ဖွံ့ဖြိုးရေးကိစ်္စရပ်များလည်း ပါဝင်သည့်အ တွက် ၀န်ထမ်းရွေးချယ်ခန့်ထားရေး၊ စွမ်း ဆောင်ရည်သည်များစွာ အရေးပါလာနိုင် သည်ဟု အကြံပေးကုမ္ပဏီတစ်ခုဖြစ်သော Deloitte Consulting (Myanamar) ၏ ဒါရိုက်တာ ဦးချစ်ထွန်းဖေက ပြောသည်။

ဦးချစ်ထွန်းဖေက“အစိုးရဌာနနဲ့ ပုဂ္ဂလိက ကုမ္ပဏီနဲ့ပူးပေါင်းပြီး Organization အဖြစ် ပြောင်းလဲတဲ့အခါ နည်းပညာ၊ ရင်း နှီးမြှုပ်နှံမှုတွေတွင် မဟုတ်ဘဲ ၀န်ထမ်းတွေ ရဲ့ စွမ်းဆောင်ရည်ကလည်း များစွာအရေး ပါလာလိမ့်မယ်။ ဆက်သွယ်ရေးကဏ္ဍဆိုတာက ၀န်ထမ်းတွေရဲ့ ၀န်ဆောင်မှုပေါ်မှာ မူတည်ပြီးတော့ ဈေးကွက်ယှဉ်ပြိုင်ရမှာပါ။ ၀န်ထမ်း ခန့်ထားရေးမှာလည်း ပြုပြင် ပြောင်းလဲပြီး စွမ်းဆောင်ရည်ပြနိုင်တဲ့ ၀န် ထမ်းတွေကို ခန့်ထားပြီး ပြုပြင်လို့မရတဲ့ ၀န်ထမ်းတွေကို အနားယူခိုင်းတဲ့ပုံစံမျိုးတွေ လုပ်လာရမှာပါ”ဟု သုံးသပ်ပြောသည်။

ဂျပန်ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်းရာတွင် ၀န်ထမ်းများကို လေ့ကျင့် သင်ကြားပေးရေး ကိစ္စရပ်များ၊ နေရာချထားပေးရေး ကိစ္စရပ်များကို ပြုလုပ်သွားရန်အတွက် ညှိနှိုင်းမှုများထပ်မံပြုလုပ်ရန်လိုအပ်သည်ဟု လည်း ဦးသန်းထွန်းအောင်က ပြောသည်။

အလားတူ ပြည်တွင်းအော်ပရေတာ တစ်ခုဖြစ်သော ရတနာပုံတယ်လီပို့ အများပိုင်ကုမ္ပဏီကလည်း ပူးပေါင်းလုပ်ကိုင်မည့် ပြင်ပအော်ပရေတာ ရွေးချယ်မှုများ ပြုလုပ်နေပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment