ရန်ကုန်၊ ဇွန် ၃- ရပ်ဝေးသို့ရောက် ရှိနေသူများအနေဖြင့် ယင်းတို့၏နိုင်ငံ သားစိစစ်ရေးကတ်နှင့် အိမ်ထောင် စုလူ ဦးရေစာရင်း တို့ကို မိမိဇာတိသို့ သွားစရာမလိုဘဲ လက်ရှိနေထိုင်ရာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင်သွားရောက် လျှောက်ထား ၍ရကြောင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည် ထောင်စုဒုတိယဝန်ကြီး ဦးကျော် ကျော်ဝင်း က ပြောသည်။
ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း အဝေးစတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင် လတ်၏ မေးမြန်းချက်အပေါ် ဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဇွန် ၃ ရက် က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ်အမျိုး သားလွှတ်တော်ဒသမပုံမှန်အစည်း အဝေးစတုတ္ထနေ့တွင် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင် လတ်၏ မေးမြန်းချက်အပေါ် ဝန်ကြီး က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ကြားဖြတ်ရွေးကောက် ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲကြီးနဲ့လည်း နီးကပ်လာပြီးဖြစ်သည့်အတွက်လည်း တိုင်းရင်းသား လူမျိုးများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ် ထောင်စုစာရင်းများလက်ဝယ်မရှိမှု များကြောင့် မဲထည့်ရမည့်အခွင့်အရေး များ ဆုံးရှုံးရမည့်အနေအထားများ ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်လတ် က ပြောခဲ့သည်။
ယင်းနှင့်ပတ်သက်ပြီး လဝက ဒုတိယ ဝန်ကြီးက မဲဆန္ဒပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက် ရှိနေသော မဲဆန္ဒနယ်မှရွေးကောက် ခံသောလွှတ်တော်ကိုယ်စား လှယ် လောင်း များကို ဆန္ဒမဲပေးပိုင်ခွင့်ရရှိ စေရန် ဝန်ထမ်းဖြစ်ပါက သက်ဆိုင် ရာနယ်မြေရှိ လုပ်ငန်းတာဝန်ခံ ၏ ထောက်ခံချက် ကိုလည်းကောင်း၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင်(သို့မဟုတ်) လုပ်ငန်းရှင် ကိုယ်စားလှယ်၏ထောက်ခံချက်ကို လည်းကောင်း၊ သီးခြားဖြစ်ပါကကိုယ် တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော် ပြပြီး ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ၏ ထပ်ဆင့်ထောက် ခံချက်ကိုမဲ စာ ရင်း၌ မိမိအမည်ကိုထည့်သွင်းပေး နိုင်ရန် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၃ဝထက်နောက် မ ကျစေ ဘဲ သက်ဆိုင်ရာရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်သို့ ပုံစံ - ၃(က)ဖြင့် လျှောက်ထားကာ မဲ ပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။
ယင်းအပြင် အသက် ၁၀ နှစ် ပြည့် (သို့မဟုတ်) အသက်၁၈ နှစ် ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအား အိမ်ထောင်စု လူဦး ရေစာရင်းနှင့် မိမိနေထိုင်ရာ မြို့နယ်တွင် လူကိုယ် တိုင်ဆောင် ရွက်ရသောလုပ်ငန်းဖြစ် ၍ မိမိမွေးဖွားခဲ့ရာဇာတိ/မြို့နယ် သို့ ပြန်လည်သွားရောက်လုပ်ကိုင် ရန်မလိုအပ်ဘဲ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် မိမိလက်ရှိနေထိုင်သော မြို့နယ်လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုး သားမှတ်ပုံတင်ဦးစီးဌာနမှူးရုံး၌ လူ ကိုယ်တိုင် သွားရောက်လျှောက်ထား ၍ရကြောင်း လဝက ဒုတိယဝန်ကြီးက ပြောသည်။
[--Democracy today Daily Newspaper--]
Yangon Media Group
No comments:
Post a Comment