Monday, June 16, 2014

အမြန်လမ်းတစ်လျှောက် မကျွတ်မလွတ်သူများအတွက် အကျွတ်အလွတ်ပွဲကျင်းပကျောင်းတိုက်ရှိ ဓာတ်နန်းတွင် ညအချိန်၌ဓာတ်တော်များကွန့်မြူး

Photo: အမြန်လမ်းတစ်လျှောက် မကျွတ်မလွတ်သူများအတွက်
အကျွတ်အလွတ်ပွဲကျင်းပကျောင်းတိုက်ရှိ
ဓာတ်နန်းတွင် ညအချိန်၌ဓာတ်တော်များကွန့်မြူး
====================================
အေးချမ်းမိုး
ရန်ကုန် ဇွန် ၁၅
====================================

ရန်ကုန်-နေပြည်တော်အမြန်လမ်းတစ်လျှောက်နှင့်မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များကို အကျွတ်အလွတ် ရေစက်ချမင်္ဂလာတရားတော်နှင့် နယ်လှည့်သစ္စာဓိဋ္ဌာန် နတ်စင်တစ်ရာစတုဒိသာအဖွဲ့နှင့် တော်ဝင်စင်တာ မိသားစု၏အယုတ်အလတ်အမြတ်မရွေး  ကလေးများအာဟာရဒါနအလှူတော်ပွဲကို  ရန်ကုန်မြို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါပွဲတွင် ဗဟိုသံဃာ့ဝန် ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော်နှင့် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့်အလှူရှင်များ က ရေစက်ချတရားနာအမျှအတန်း ပေးဝေခဲ့ကြသည်။
 ထိုအကျွတ်အလွတ်ပွဲ မတိုင် မီ နှစ်ရက်ခန့်တွင် နတ်စင်တစ်ရာ ကျောင်းတိုက်ရှိ အောင်သစ္စာဓိဋ္ဌာန် အောင် ဓာတ်နန်းတွင် ယခုလ ၁၁ရက်နှင့် ၁၂ရက် ညအချိန်များ၌ ဓာတ် တော်များကွန့်မြူးခဲ့သည်ကို စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် ဖူးမြော်တွေ့မြင်ရသည်။

ဓာတ်တော်များသည်  မီး အမှောင်ချထားသော ဓာတ်နန်း အတွင်း မီးလုံးများကဲ့သို့ အလင်း ရောင်လုံးများ တစ်လုံးစီအတွဲ လိုက်ဖြင့် ဓာတ်ခန်းတစ်ခန်းချင်း စီသို့ ကူးသန်းသွားလာနေကြောင်း၊ စီစီတီဗွီမှမြင်ရချိန်တွင် အခန်း အပြင်ဘက်မှ သွားရောက်ကြည့်ရှု သော်လည်းမမြင်ရကြောင်းနတ်စင် တစ်ရာဆရာတော်က မိန့်ကြား သည်။

ရေစက်ချတရား မနာမီတွင် အမြန်လမ်းတစ်လျှောက် ခေါ်ယူ လာသော မကျွတ်မလွတ်သေးသူ များကို အာဟာရဒါနအဖြစ် အုန်း ထမင်းနှင့် အမဲသားဟင်းများကို ကျွေးမွေးလှူဒါန်းခဲ့သည်။
ကျွေးမွေးပြီးသော အာဟာရ ဒါနများကို သုသာန်သို့သွားရောက် စွန့်လှူခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ကြွရောက်လာ သော ဧည့်ပရိသတ်များနှင့် ဘုန်း တော်ကြီးသင် ပညာရေးကျောင်း မှ ကလေးငယ်များအား နေ့လယ် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ရေစက်ချအလှူတော် မင်္ဂလာ ပွဲကိုနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမ ပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးအား အမှူးထား၍ သန်လျင်မြို့ နတ်စင်တစ်ရာ ကျောင်းတိုက်ပဓာနနာယက ဆရာ တော်ကဦးစီး၍ နယ်လှည့်သစ္စာ ဓိဋ္ဌာန်စတုဒိသာ နတ်စင်တစ်ရာ အလှူရှင်များက စုပေါင်းလှူဒါန်း ခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်-နေပြည်တော်အမြန်လမ်းတစ်လျှောက်နှင့်မကျွတ်မလွတ်သေးသောပုဂ္ဂိုလ်များကိုအကျွတ်အလွတ်
 ရေစက်ချမင်္ဂလာတရားတော်နှင့် နယ်လှည့်သစ္စာဓိဋ္ဌာန် နတ်စင်တစ်ရာစတုဒိသာအဖွဲ့နှင့် တော်ဝင်စင်တာ မိသားစု၏အယုတ် အလတ်အမြတ်မရွေး ကလေးများအာဟာရဒါနအလှူတော်ပွဲကို ရန်ကုန်မြို့ သန်လျင်မြို့ နတ်စင်တစ်ရာကျောင်းတိုက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါပွဲတွင် ဗဟိုသံဃာ့ဝန် ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမပြန်စာသင်တိုက် ပဓာန နာယကဆရာတော်နှင့် သံဃာ တော်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးနှင့်အလှူရှင်များ က ရေစက်ချတရားနာ အမျှအတန်း ပေးဝေ ခဲ့ကြသည်။
ထိုအကျွတ်အလွတ်ပွဲ မတိုင် မီ နှစ်ရက်ခန့်တွင် နတ်စင်တစ်ရာ ကျောင်းတိုက်ရှိ အောင်သစ္စာဓိဋ္ဌာန် အောင် ဓာတ်နန်းတွင် ယခုလ ၁၁ရက်နှင့် ၁၂ရက် ညအချိန်များ၌ ဓာတ် တော်များကွန့်မြူးခဲ့သည်ကို စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့် ဖူးမြော်တွေ့မြင်ရသည်။

ဓာတ်တော်များသည် မီး အမှောင်ချထားသော ဓာတ်နန်း အတွင်း မီးလုံးများကဲ့သို့ အလင်း ရောင်လုံးများ တစ်လုံးစီအတွဲ လိုက်ဖြင့် ဓာတ်ခန်းတစ်ခန်းချင်း စီသို့ ကူးသန်းသွားလာနေကြောင်း၊ စီစီတီဗွီမှမြင်ရချိန်တွင် အခန်း အပြင်ဘက်မှ သွားရောက်ကြည့်ရှု သော်လည်းမမြင်ရကြောင်းနတ်စင် တစ်ရာဆရာတော်က မိန့်ကြား သည်။

ရေစက်ချတရား မနာမီတွင် အမြန်လမ်းတစ်လျှောက် ခေါ်ယူ လာသော မကျွတ်မလွတ်သေးသူ များကို အာဟာရဒါနအဖြစ် အုန်း ထမင်းနှင့် အမဲသားဟင်းများကို ကျွေးမွေးလှူဒါန်းခဲ့သည်။
ကျွေးမွေးပြီးသော အာဟာရ ဒါနများကို သုသာန်သို့သွားရောက် စွန့်လှူခဲ့ကြောင်းသိရသည်။ 

ဆက်လက်၍ ကြွရောက်လာ သော ဧည့်ပရိသတ်များနှင့် ဘုန်း တော်ကြီးသင် ပညာရေးကျောင်း မှ ကလေးငယ်များအား နေ့လယ် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ရေစက်ချအလှူတော် မင်္ဂလာ ပွဲကိုနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သန်လျင်မြို့ မင်းကျောင်း ပထမ ပြန် စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးအား အမှူးထား၍ သန်လျင်မြို့ နတ်စင်တစ်ရာ ကျောင်းတိုက် ပဓာနနာယက ဆရာ တော်ကဦးစီး၍ နယ်လှည့်သစ္စာ ဓိဋ္ဌာန်စတုဒိသာ နတ်စင်တစ်ရာ အလှူရှင်များက စုပေါင်းလှူဒါန်း ခဲ့ကြခြင်းဖြစ်သည်။


The Union Daily

No comments:

Post a Comment