Monday, June 16, 2014

လယ်ပြန်ရရန် ကူညီသည့် ခရစ်ယာန်ဓမ္မဆရာနှစ်ဦးကို စစ်ဆေးမည်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဖရူးဆိုးမြို့ ဆိုလျားကူးကျေးရွာ လယ်ယာမြေသိမ်းခံရမှုကို တောင်သူများဘက်မှ ပါဝင်ကူညီသည်ဟုဆိုကာ ခရစ်ယာန်ဓမ္မဆရာနှစ်ဦးကို ကယားပြည်နယ် သာသနာရေး ညွှန်ကြားရေးမှူးက ဇွန်လ ၁၇ ရက်တွင် လာရောက်တွေ့ဆုံရန် ခေါ်ယူထားသည်ဟု တွေ့ဆုံရန် ခေါ်ယူထားခြင်းခံရသူ ဦးတူရယ်က ပြောသည်။

“ခရစ်ယာန် ကက်သလစ်ဘာသာဓမ္မ ဆရာနှစ်ဦးဖြစ်သည့် ဦးတူရယ်နှင့် ဦးသဲရယ်တို့က ကယားပြည်နယ်၊ ဖရူးဆိုးမြို့ ဆိုလျားကူးကျေးရွာတွင် တပ်မတော် ခမရ-၅၃၁ မှ မြေဧက ၁,၀၀၀ ကျော် သိမ်းယူထားသည့် ကိစ္စတွင် ဒေသခံများဘက်မှ ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်အတွက် ပြည်နယ်သာသနာရေး ညွှန်ကြားရေးမှူး ပေးပို့သည့် ထိုဓမ္မဆရာနှစ်ဦးကို ၎င်းနှင့်လာရောက်တွေ့ဆုံရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ကက်သလစ် အကျိုးတော်ဆောင်အဖွဲ့တာဝန်ခံဘုန်းတော်ကြီးက “အရေးမယူဖြစ်ပါဘူး။ ဒီကိစ္စက ဘာသာရေးကိစ္စလည်း မဟုတ်ပါဘူး”ဟု ပြောသည်။

အဆိုပါဒေသမှ လယ်သမား ၁၀၉ ဦး မှ ပိုင်ဆိုင်သည့် လယ် ၁,၂၈၉ ဧကကို ခမရ-၅၃၁ (တပ်မတော်) က သိမ်းယူခဲ့သည့်အတွက် စိုက်ပျိုးချိန်အမီ လယ်ယာလုပ်ကိုင်နိုင်ရန်ဟုဆိုကာ အမြန်ဆုံးဖြေရှင်းပေးရန် အကူအညီတောင်းခံစာကို သတ်ဆိုင်ရာဌာနများသို့ ပေးပို့ခြင်း၊ ထွန်တုံးတိုက်ပွဲဝင်ခြင်း၊ ဘာသာရေးဆုတောင်းပွဲ ပြုလုပ်ခြင်း၊ ဖရူးဆိုးမြို့နယ် လွှတ်တော်အမတ်များ ကူညီပေးရန် တောင်းဆိုခြင်းတို့ကို ဦးတူရယ်နှင့် ဓမ္မဆရာ ဦးသဲရယ်တို့က ဦးဆောင်ပြုလုပ်ခဲ့သည်။


Mizzima

No comments:

Post a Comment