Friday, June 13, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံခရီးစဉ်ထွက်ခွာ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ် Mr. Sushil Koirala ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့သိုသွားရောက်ရန်အတွက် ရန်ကုန်အပြည်ပြည် ဆိုငရာလေဆိပ်သို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေနံနက် ၆း၁၅ မနစ်တွင်ရောက်ရှိလာပြီး ၊လေဆိပ်မှ ဒီချုပ်နာယကကြီး ဦးတင်ဦး၊နီပေါနိုင်ငံဆိုင်ရာသံ အမတ်ကြီးနှင်အဖွဲချုပ်မှတာဝန်ရှိသူများမှကြိုဆိုကြပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင်.အဖွဲ သည် နီပေါနိုင်ငံသိုထိုင်းလေကြောင်းလိုင်း မှTG 703 ဖြင်.့  နံနက် ၆း၃၀ မိနစ်တွင် ရန်ကုန်လေဆိပ်မှထွက်ခွါပြီးအဆိုပါခရီးစဉ်တွင် နီပေါနိုင်ငံသမ္မတ Rt. Hon. Dr. Ram Baran Yadav, ဝန်ကြီးချုပ် Rt. Hon. Mr. Sushil Koirala တို့နှင့် တွေ့ဆုံမည့်အပြင် နီပေါနိုင်ငံ လွှတ်တော် (Baneshwar) သို့ သွားရောက်လေ့လာကာ လွှတ်တော်ဥက္ကဋ္ဌ Mr. Subash Chandra Nembang နှင့်လည်း တွေ့ဆုံမည်ဖြစ်ပါသည်။

ထို့အပြင် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mr. B.P. Koirala နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်၍ နှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် လုမ္ဗနီဥယျာဉ် (Lumbini) သို့သွားရောက်ခြင်းများ ပြုလုပ်ရန် စီစဉ်ထားရှိပါသည်။ ၁၆၊ ၆၊ ၂၀၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်ပြီး အဆိုပါနေ့ ညပိုင်းတွင် ရန်ကုန်၊ မင်္ဂလာဒုံ အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

သတင်းဓါတ်ပုံ- မောင်ဘိုဘို

Tomorrow

No comments:

Post a Comment