Friday, June 13, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး သဘောတူညီချက်များ

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး သဘောတူညီချက်များ 
Friday, June 13, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, G ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ (၁၀) ရက်နေ့မှ (၁၂) ရက် နေ့အထိ နေပြည်တော်၊ Horizon Lake View Resort ၌ ပထမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ၏ ဆွေးနွေး သဘော တူညီချက် မှတ်တမ်းအား ဇွန်လ (၁၂) ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် Horizon Lake View Resort အစည်းအဝေးခန်းမ၌ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များမှ လက်မှတ် ရေးထိုးခြင်း ဆောင်ရွက်ပြီး အဆိုပါဟိုတယ် Diplomatic Lounge တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, တို့ ဦးဆောင်၍ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်ခဲ့ရာ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာအဖွဲ့ (၁၁) ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးချက်များအရ သဘောတူညီချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က) နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တရားမဝင် လက်နက်ကိုင်အဖွဲ့များနှင့် ပြစ်မှု ကျူးလွန်သူများအား ထိန်းချုပ်ဟန့်တားရေးအတွက် မြန်မာနိုင်ငံ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့် တပ်ဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီကြပါသည်။

(ခ) နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပြုလုပ်ခဲ့သော အလံတင် အစည်းအဝေးများတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် အချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီကြပါသည်။

(ဂ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ Precursor Chemicals နှင့် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အထူးသဖြင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်မှုများ တားဆီး ထိန်းချုပ်နိုင်ရေး အတွက် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား သတင်းဖလှယ်ခြင်းများ အပါအဝင် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူညီကြပါသည်။

(ဃ) နယ်စပ်ဒေသနှင့် ဆက်စပ်သော ပြဿနာရပ်များအား ဖြေရှင်းနိုင်ရေး (သို့မဟုတ်) ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အဆင့်ဆင့်သော ကွပ်ကဲရေးမှူးများနှင့် ဦးစီးအရာရှိများအကြား တိုက်ရိုက်ဆက်သွယ်မှု စနစ်ထူထောင်ရန် သဘောတူညီ ကြပါသည်။

(င) နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေအတွင်းရှိ RSO သောင်းကျန်းသူများ၊ ယင်းတို့နှင့်ဆက်စပ်သော သတင်းအချက်အလက်များအား မြန်မာနိုင်ငံ ဘက်က ပေးအပ်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ သဘောတူ လက်ခံခဲ့ပါသည်။

(စ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများ၌ ၂၀၁၄ ခုနှစ်၊ မေလအတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များကဲ့သို့ အလားတူ ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရန် နှစ်ဘက်သဘော တူညီကြပါသည်။

(ဆ) နယ်စပ်ဒေသစီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တားဆီးနှိမ်နင်းရေးစနစ် ထူထောင်ရန်အတွက် နယ်စပ် ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်ရန် ကိစ္စအပေါ် မူအားဖြင့် သဘော တူညီကြပါသည်။

(ဇ) နယ်စပ်ဒေသ တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် စပ်လျဉ်းသည့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ကြရန် သဘောတူညီကြပါသည်။

(ဈ) နှစ်နိုင်ငံနယ်စပ်ဒေသ တာဝန်ရှိသူများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အလည်အပတ်ခရီးစဉ်များ၊ ချစ်ကြည်ရေး အားကစားပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန် သဘော တူညီကြပါသည်။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နတ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာသော ဖြစ်စဉ် (၂) ခုမှ ဖမ်းဆီး ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ပြန်လည် လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှတစ်ဆင့် အကြောင်းကြားထားပါကြောင်း အဆိုပြုချက်အပေါ် ယင်းငါးဖမ်း သမားသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း မြန်မာနိုင်ငံဘက်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း ၎င်းတို့ နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများ သို့မဟုတ် တရားမဝင် လက်နက်ကိုင် အဖွဲ့များနှင့် စပ်လျဉ်း၍ ယင်းတို့၏မည်သည့် လုပ်ရပ်ကိုမျှ လက်ခံခြင်း မပြုသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ပိုင်နက် နယ်မြေပေါ်တွင် အခြေချအသုံးပြုခွင့်ကို ယခင်ကလည်း ခွင့်မပြုခဲ့သည့်အပြင် နောင်တွင်လည်း ခွင့်ပြုမည်မဟုတ် ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယင်းအချက်များအတိုင်း အခိုင်အမာ ရပ်တည်လျက် ရှိပါကြောင်း၊ ဖြစ်ပွားခဲ့ပြီးသော ပြဿနာရပ်များအား ဆက်လက် စုံစမ်းဖော်ထုတ်ပြီး ဆောင်ရွက်မှုများနှင့် ရရှိလာမည့် သတင်းအချက်အလက်များကို အကြောင်း ပြန်ကြား သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပြန်လည်ဆွေးနွေးချက် အပေါ် သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။

Credit to Hmuu Zaw
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့် တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, G ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၁၀ ရက်က နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ (၁၀) ရက်နေ့မှ (၁၂) ရက် နေ့အထိ နေပြည်တော်၊ Horizon Lake View Resort ၌ ပထမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးအပြီးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ၏ ဆွေးနွေး သဘော တူညီချက် မှတ်တမ်းအား ဇွန်လ (၁၂) ရက်နေ့၊ နံနက် ၉ နာရီခွဲတွင် Horizon Lake View Resort အစည်းအဝေးခန်းမ၌ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များမှ လက်မှတ် ရေးထိုးခြင်း ဆောင်ရွက်ပြီး အဆိုပါဟိုတယ် Diplomatic Lounge တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်ဇော်ဝင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် Maj.Gen. Aziz Ahmed, psc, တို့ ဦးဆောင်၍ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်ခဲ့ရာ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာအဖွဲ့ (၁၁) ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ၏ ဆွေးနွေးချက်များအရ သဘောတူညီချက်များမှာ အောက်ပါ အတိုင်းဖြစ် ပါသည်-

(က) နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တရားမဝင် လက်နက်ကိုင်အဖွဲ့များနှင့် ပြစ်မှု ကျူးလွန်သူများအား ထိန်းချုပ်ဟန့်တားရေးအတွက် မြန်မာနိုင်ငံ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့် တပ်ဖွဲ့ တို့အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူညီကြပါသည်။

(ခ) နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပြုလုပ်ခဲ့သော အလံတင် အစည်းအဝေးများတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် အချက်များအား အကောင် အထည်ဖော်ဆောင်ရွက်ရန် သဘောတူညီကြပါသည်။

(ဂ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၊ Precursor Chemicals နှင့် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု၊ အထူးသဖြင့် စိတ်ကြွ ရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်မှုများ တားဆီး ထိန်းချုပ်နိုင်ရေး အတွက် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များနှင့် သက်ဆိုင်ရာ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများအကြား သတင်းဖလှယ်ခြင်းများ အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက် မှုများ ပြုလုပ်ရန် သဘောတူညီကြပါသည်။

(ဃ) နယ်စပ်ဒေသနှင့် ဆက်စပ်သော ပြဿနာရပ်များအား ဖြေရှင်းနိုင်ရေး (သို့မဟုတ်) ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အဆင့်ဆင့်သော ကွပ်ကဲရေးမှူးများနှင့် ဦးစီးအရာရှိများအကြား တိုက်ရိုက် ဆက်သွယ်မှု စနစ်ထူထောင်ရန် သဘောတူညီ ကြပါသည်။

(င) နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်နယ်မြေအတွင်းရှိ RSO သောင်းကျန်းသူများ၊ ယင်းတို့နှင့်ဆက်စပ်သော သတင်းအချက်အလက် များအား မြန်မာနိုင်ငံ ဘက်က ပေးအပ်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ သဘောတူ လက်ခံခဲ့ပါသည်။

(စ) မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသများ၌ ၂၀၁၄ ခုနှစ်၊ မေလအတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များကဲ့သို့ အလားတူ ထပ်မံမဖြစ်ပွားစေရေးအတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ် သွားရန် နှစ်ဘက်သဘော တူညီကြပါသည်။

(ဆ) နယ်စပ်ဒေသစီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တားဆီးနှိမ်နင်းရေးစနစ် ထူထောင်ရန်အတွက် နယ်စပ် ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်ရန် ကိစ္စအပေါ် မူအားဖြင့် သဘော တူညီကြပါသည်။

(ဇ) နယ်စပ်ဒေသ တစ်လျှောက်တွင် နေထိုင်သည့် ဒေသခံပြည်သူများအား နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် စပ်လျဉ်းသည့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ကြရန် သဘောတူညီကြပါသည်။

(ဈ) နှစ်နိုင်ငံနယ်စပ်ဒေသ တာဝန်ရှိသူများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးအတွက် အလည်အပတ်ခရီးစဉ်များ၊ ချစ်ကြည်ရေး အားကစားပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်သွားရန် သဘော တူညီကြပါသည်။

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နတ်မြစ်ကို ဖြတ်ကျော်ဝင်ရောက်လာသော ဖြစ်စဉ် (၂) ခုမှ ဖမ်းဆီး ခံထားရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ပြန်လည် လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှတစ်ဆင့် အကြောင်းကြားထားပါကြောင်း အဆိုပြုချက်အပေါ် ယင်းငါးဖမ်း သမားသည် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေအတွင်းသို့ တရားမဝင် ဝင်ရောက်လာသဖြင့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း မြန်မာနိုင်ငံဘက်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း ၎င်းတို့ နိုင်ငံအနေဖြင့် ပြစ်မှုကျူးလွန်သူများ သို့မဟုတ် တရားမဝင် လက်နက်ကိုင် အဖွဲ့များနှင့် စပ်လျဉ်း၍ ယင်းတို့၏မည်သည့် လုပ်ရပ်ကိုမျှ လက်ခံခြင်း မပြုသကဲ့သို့ ဘင်္ဂလားဒေ့ရှ် ပိုင်နက် နယ်မြေပေါ်တွင် အခြေချအသုံးပြုခွင့်ကို ယခင်ကလည်း ခွင့်မပြုခဲ့သည့်အပြင် နောင်တွင်လည်း ခွင့်ပြုမည်မဟုတ် ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယင်းအချက်များအတိုင်း အခိုင်အမာ ရပ်တည်လျက် ရှိပါကြောင်း၊ ဖြစ်ပွားခဲ့ပြီးသော ပြဿနာရပ်များအား ဆက်လက် စုံစမ်းဖော်ထုတ်ပြီး ဆောင်ရွက်မှုများနှင့် ရရှိလာမည့် သတင်းအချက်အလက်များကို အကြောင်း ပြန်ကြား သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပြန်လည်ဆွေးနွေးချက် အပေါ် သဘောတူညီခဲ့ကြကြောင်း သတင်းရရှိသည်။

Credit to Hmuu Zaw

No comments:

Post a Comment