Monday, June 16, 2014

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးက ရှင်းလင်းပြောဆိုရန် မရှိဟုဆို

ဦးအံ့မောင်နှင့် ပတ် သက်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။
နိုင်ငံတော်သမ္မတရုံးအကြံ ပေးပုဂ္ဂိုလ်အဖြစ် သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်ရှင်းလင်း ခဲ့သော ဦးအံ့မောင်သည် သမ္မတ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးတာဝန်ရှိသူ က ငြင်းဆိုထားခြင်း အပေါ် အထူး ရှင်းလင်းရန်မရှိကြောင်း သာသ နာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။
  ‘‘ဦးအံ့မောင်ကိစ္စနဲ့ပတ် သက်လို့ ကျွန်တော်တို့ဘက်က တော့ အထူးတလည်ပြန်ရှင်းလင်း ဖို့မရှိပါဘူး။  သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်ဆိုတဲ့အတွက် သမ္မတရုံးနဲ့ ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူ့ရာ ထူးက သာသနာရေးဝန်ကြီးဌာန က ခန့်ထားတာမဟုတ်ပါဘူး’’ဟု သာသနာရေးဝန်ကြီးဌာနမှ တာ ၀န်ရှိသူတစ်ဦးကပြောသည်။

မကြာမီရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မဟာသန္တိသုခ ကျောင်းတိုက်ကိစ္စရပ်နှင့် ပတ် သက်၍ သာသနာရေးဝန်ကြီးဌာန မှ သတင်းစာရှင်းလင်းပွဲပြုလုပ် ရာတွင် နိုင်ငံတော်သမ္မတရုံးအ ကြံပေးပုဂ္ဂိုလ် အဖြစ် ရှင်းလင်းခဲ့သောဦးအံ့မောင်မှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်းနှင့် ၎င်း၏  ရှင်းလင်းပြောဆိုချက်များသည်  သမ္မတအား ကိုယ်စားမပြုကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးကငြင်းဆို ပြောကြားထားသည်။
 ဇွန်လ ၁၁ ရက်တွင် ပြု လုပ်ခဲ့သော အထက်ပါသတင်းစာ ရှင်းလင်းပွဲ၌  သတင်းထောက် တစ်ဦးက သံဃနာယကအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ်  ဦးအံ့မောင်က‘‘သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံး ဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့ တရားရုံးကို သွားလို့ရ တယ်’’ဟု ဒေါသတကြီးပြန်လည် ပြောဆိုမှုအပေါ်  ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သမ္မတ ရုံးတာဝန်ရှိပုဂ္ဂိုလ်ထံမှ အထက်ပါအတိုင်း ဖြေရှင်းချက်ထွက်ပေါ် လာခြင်းဖြစ်သည်။
ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတွင် ဦးအံ့မောင်၏ အမည်နှင့် ရာထူး ကို ဖော်ပြသော ကတ်ပြား၌ နိုင်ငံတော်သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်ဟု ဖော်ပြပြီး မီဒီယာအားလုံးကလည်း သမ္မတရုံးအကြံပေး ပုဂ္ဂိုလ်ဟူ၍ ရေးသားဖော်ပြခဲ့ကြသည်။
ထို့အပြင်သာသနာရေးဝန် ကြီးဌာန(ရန်ကုန်ရုံးခွဲ)ရုံးဝင်းအ တွင်းရှိ ၎င်း၏ရုံးခန်း တွင်လည်း နိုင်ငံတော်သမ္မတရုံး    အကြံပေး ပုဂ္ဂိုလ်ဟု  ချိတ်ဆွဲရေးသားထားသည်။ဦးအံ့မောင်သည် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment