Monday, June 16, 2014

ရခိုင်ပြည်နယ်တွင် နိုင်ငံသားစိစစ်ခြင်း လုပ်ငန်းများစတင်

၁၉၈၂ ဥပဒေဖြင့် နိုင်ငံ သားစိစစ်ခြင်းလုပ်ငန်းများကို ရခိုင်ပြည်နယ်တွင် ဇွန်လ ၁၅ ရက်မှ စတင်၍ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ယခုလကုန်ခန့်တွင် မြေပုံမြို့နယ်အား Pilot ဧရိယာ အဖြစ် သတ်မှတ်၍ စတင်အ ကောင်အထည်ဖော်မည်ဟု စီစဉ် ထားခြင်းဖြစ်သည်။ သို့သော် ဘင်္ဂါလီလူမျိုးများက ယင်းဥပဒေ ဖြင့် အစစ်ခံရန်လိုလားစွာ ပြောဆိုမှုများရှိသောကြောင့် ယခုကဲ့သို့ သတ်မှတ် ရက်ထက် စော၍ မြေပုံမြို့နယ်တွင် စတင်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း စိစစ်ရေးအဖွဲ့ဝင်များကပြော သည်။

‘‘ဒီနေ့မြေပုံမှာ စစိစစ်တယ်။ စာရင်းကောက်တာပေါ့။ သုံး ခေါက်ချိုးမှတ်ပုံတင်ကိုင်ထားတဲ့ သူတွေကို စစစ်တယ်။ တရားမ ၀င်ရထားတဲ့သူတွေလည်း အများကြီးရှိနိုင်တယ်လေ။ ကျန် တာတွေ ဆက်လုပ်သွား မှာပါ’’ ဟု မြေပုံမြို့နယ် စိစစ်ရေးအဖွဲ့ ၀င် ဦးမောင်ရေချမ်းက ပြော သည်။

၁၉၈၂ ဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုစိစစ်ရေးအဖွဲ့များကို ဖွဲ့စည်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။ နိုင်ငံ သားပြုခွင့် လျှောက်ထားလိုသူ များသည် လျှောက်လွှာတင်သွင်း ရမည်ဖြစ်ပြီး ဗဟိုမှ စိစစ်သွား မည်ဖြစ်သည်။

၁၉၈၂ ဥပဒေဖြင့် မြေပုံမြို့ နယ်တွင် စတင်စစ်ဆေးနေရာ တွင် စိစစ်ရေးအဖွဲ့ကို မြို့နယ် အုပ်ချုပ်ရေး အဖွဲ့၊ ရဲတပ်ဖွဲ့၊ လ၀ကနှင့် ရခိုင်တိုင်းရင်းသား ကိုယ်စားလှယ်၊ ဘင်္ဂါလီလူမျိုး ကိုယ်စားလှယ် အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းဆောင်ရွက်နေခြင်း ဖြစ် သည်။

၁၉၈၂ ခုနှစ် ဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ်အ တွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း၌ ရှစ်နှစ်တစ်ဆက်တည်း နေထိုင် သူ၏ တတိယမျိုးဆက်သည် နိုင်ငံသားပြုခွင့်ရရှိမည်ဖြစ်သည်။

7 Day Daily

No comments:

Post a Comment