Wednesday, June 4, 2014

နိုင်ငံခြား မတည်ငွေရင်းအချိုး ပြင်ဆင်ခွင့်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက်ဖြစ်သည်ဟု စီမံ။စီးပွား ဒု-၀န်ကြီးဆို

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြား မတည်ငွေရင်းအချိုး ပြင်ဆင်သတ်မှတ်ခွင့်ကို ထည့်သွင်းဖော်ပြ ထားခြင်းသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဆိုပါအချိုးသတ်မှတ်ချက်ကို အခြေအနေ အချိန်အခါနှင့်အညီ လိုအပ်သလိုတိုးခြင်း၊ လျှော့ခြင်းပြုလုပ်နိုင်ရန်ဖြစ်သည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆန်းလွင်က ပြောသည်။ 

ယင်းနည်းဥပဒေနှင့် ပတ်သက်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက် တာဆန်းလွင်က “ အခြေအနေ အချိန်အခါနဲ့အညီ လိုအပ်သလို တိုး၍လည်းကောင်း၊ လျှော့ ၍လည်းကောင်း ပြင်ဆင်သွားရန်လိုအပ်ချက်အရနှင့် နိုင်ငံတကာ သဘောတူညီချက်များကို မြန်မာနိုင်ငံ အနေဖြင့် ချောမွေ့စွာလိုက်ပါဆောင်ရွက်နိုင်ရန် ထည့်သွင်းပြဋ္ဌာန်းခြင်း ဖြစ်ပါတယ် ” ဟု အမျိုးသား လွှတ် တော်တွင် ပြောကြားခဲ့သည်။ 


နိုင်ငံခြားသားများအား တားမြစ်သည့် လုပ်ငန်း (သို့မဟုတ်) ကန့်သတ်သည့် လုပ်ငန်းများကို နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်ပါက နိုင်ငံခြားမတည်ငွေ အချိုး သည် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းထက် မကျော် လွန်စေရဟူသည့် သတ် မှတ်ချက်ကို ကော်မရှင်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ပြင်ဆင်သတ်မှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၌ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုထားသော နိုင်ငံသား၊ နိုင်ငံခြားသားပါဝင်မှုအချိုးသည် မူလဥပဒေပြဋ္ဌာန်း ချက်ထက် ကျော်လွန်သည့်အမိန့်နှင့် ညွှန်ကြားချက်များကို မည်ကဲ့သို့ပြန်လည် ထုတ်ပြန်သွားမည် ကိုမေးမြန်းရာ ဒုတိယ၀န်ကြီးက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

ဦးလှဆွေက “ နိုင်ငံသား ၂၀ ရာခိုင် နှုန်း၊ နိုင်ငံခြားသား ၈၀ ရာခိုင်နှုန်းထည့် ၀င်လုပ်ဆောင်စေချင် တာက မြန်မာနိုင်ငံမှာ အလယ်အလတ်တန်း ပိုက်ဆံရှိတဲ့သူ တွေကိုလုပ်စေချင်လို့ ” ဟု လွှတ်တော် အပြီးတွင် မီဒီယာများကို ဖြေကြားခဲ့သည်။ 

ယင်းဥပဒေထုတ်ပြန်သော ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်၌ပင် အမိန့်ကြော်ငြာစာထွက်ရှိလာခဲ့ပြီး ဥပဒေ ထက် အမိန့်ကြော်ငြာစာသည် ဦးစွာထွက်ရှိလာ သယောင်ဖြစ်ခဲ့မှုအပေါ်ကိုလည်း ဦးလှဆွေက ဝေဖန်ခဲ့ သေး သည်။ 

ဒုတိယ၀န်ကြီးကမူ “ အမိန့်ကြော်ငြာစာသည် ဥပဒေထွက်သောနေ့နှင့် တစ်ရက်တည်းထွက်ရှိခဲ့ခြင်း မဟုတ်ဘဲ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည့် နည်းဥပဒေများကိုသာ မိမိတို့ဝန်ကြီးဌာန အနေနဲ့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ ခြင်းဖြစ်ပါတယ် ” ဟု ပြန်လည်ရှင်းလင်းခဲ့သည်။ 

Mizzima

No comments:

Post a Comment